အစာအိမ်အချဉ်ပေါက်ခြင်းဆိုတာ အစာအိမ်ထဲမှာရှိတဲ့ အစားအစာများ၊ အစာချေရည်များဟာ အစာမျိုပြွန်ထဲကို ပြန်လျှံတက်လာခြင်းကို ဆိုလိုပါတယ်။ အစာမျိုပြွန်အောက်ခြေ ကြွက်သားလျော့ရဲသွားပြီး အစာအိမ်ထဲက အက်ဆစ်ဓာတ်တွေ အစာမျိုပြွန်ထဲ ရောက်ကုန်ရင် ဖြစ်တတ်ပါတယ်။ တကယ်လို့ အဲဒီအခြေအနေတွေ တစ်ပတ်ကို နှစ်ကြိမ်ထက် ပိုဖြစ်နေမယ်ဆိုရင် ဆေးပညာအရ GERD (Gastroesophageal disease) လို့ ရောဂါအမည်တပ်ပါတယ်။
အစာအိမ်အချဉ်ပေါက်ခြင်းနဲ့ ဆက်စပ်နေတဲ့ အခြေအနေတွေဟာ အောက်ပါအတိုင်း ဖြစ်ပါတယ်။