အဓိပ္ပါယ်ဖွင့်ဆိုချက်
Acid Reflux (အက်စစ်ပြန်စီးခြင်း) ကဘာလဲ။
အက်စစ်ပြန်စီးခြင်းဆိုသည်မှာ အစာအိမ်မှ အက်စစ်များ အစာရေမြို ( လည်ချောင်းနှင့် အစာအိမ်ကို ဆက်ထားသော ပြွန်) သို့ပြန်တက်ပြီး လည်ချောင်းသို့ရောက်ကာ တစ်ရှူး ရောင်ရမ်းခြင်းကို ဖြစ်စေသော အခြေအနေတစ်ခု ဖြစ်သည်။ အစာအိမ်တွင် hydrochloric အက်စစ်ဟုခေါ်သော အက်စစ် ပြင်းတစ်မျိုး ပါဝင်သည်။ ၎င်းသည် အစာခြေခြင်းတွင် ကူညီ ပြီး ဘတ်တီးရီးယားကဲ့သို့ မလိုအပ်သော ပိုးမွှားများရန်မှ ကာကွယ်ပေးသည်။ အစာအိမ် အဝင်ဝတွင် အဆို့ရှင်တစ်ခု ရှိသည်။ ၎င်းသည် အစာကို အစာအိမ်ထဲသို့ဝင်စေသည်။ သို့သော် အစာရေမြိုထဲသို့ ပြန်မထွက်စေပါ။ ထိုအဆို့ရှင် ပုံမှန် အတိုင်း အလုပ်မလုပ်တော့ပါက အစာအိမ်ထဲရှိ အရာများ သည် အစာရေမြိုထဲသို့ ပြန်ထွက်ပြီး အက်စစ်ပြန်စီးခြင်းကို ဖြစ်စေသည်။
Acid Reflux (အက်စစ်ပြန်စီးခြင်း) က ဘယ်လောက်အဖြစ်များသလဲ
အက်စစ်ပြန်စီးခြင်းသည် အဖြစ်အများဆုံး အစာခြေစနစ် ရောဂါများထဲမှ တစ်ခု ဖြစ်သည်။ လူတိုင်း ဤအခြေအနေကို ဘဝတွင် အကြိမ်ရေများစွာ ခံစားရနိုင်သည်။ စားသောက်မှု အကျင့်၊ နေထိုင်မှုပုံစံနှင့် အခြား ကျန်းမာရေး အခြေအနေများ သည် အက်စစ်ပြန်စီးခြင်း ဖြစ်နိုင်ချေကို မြင့်စေသော အချက် များ ဖြစ်နိုင်သည်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။