အစာအိမ်အက်ဆစ်ရည်ပြန်ဆန်တက်ခြင်း
လည်ချောင်းထဲမှာ တစ်ဆို့ဆို့ဖြစ် သလို ခံစားနေရပါသလား
လည်ချောင်းထဲမှာ ဘာမှမရှိပါဘဲနဲ့ တစ်ခုခုတစ်နေသလို၊ ကပ်နေသလို ခံစားရတာ ကြုံဖူးမှာပါ။ ဒါကို Globus pharyngeus လို့ ခေါ်ပါတယ်။ လည်ချောင်းထဲမှာ တစ်ဆို့ဆို့ဖြစ် သလို ခံစားရတာက အကြောင်းရင်း အမျိုးမျိုးကြောင့် ဖြစ်နိုင်ပါတယ်။ လည်ချောင်းထဲမှာ တစ်ဆို့ဆို့ဖြစ် နေသလို ခံစားရတယ်ဆိုတာ လည်ပင်းထဲမှာ အစာရှိနေလို့ နင်နေတာမျိုး မဟုတ်ဘဲ ဘာမှမရှိပါဘဲနဲ့ တစ်ခုခုကပ်နေသလို၊ တစ်နေသလို ခံစားရတာပါ။ ဒီလက္ခဏာက အင်မတန်မှ အဖြစ်များပါတယ်။ များသောအားဖြင့်တော့ ကြီးကြီးမားမား စိုးရိမ်ရလောက်တဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ လည်ပင်းမှာ တစ်ဆို့ဆို့ ဖြစ်တာနဲ့အတူ လည်ပင်းယားတာ ခဏခဏ လည်ချောင်းရှင်းချင်နေတာ ချောင်းခဏခဏဆိုးတာ အသံဝင်တာ ချွဲကျပ်သလိုခံစားရတာ စတာတွေပါ ခံစားရတတ်ပါတယ်။ https://hellosayarwon.com/healthy-eating/other-healthy-eating-tips/%E1%80%A1%E1%80%85%E1%80%AC%E1%80%81%E1%80%BC%E1%80%B1%E1%80%85%E1%80%94%E1%80%85%E1%80%BA%E1%80%80%E1%80%AD%E1%80%AF-%E1%80%95%E1%80%AD%E1%80%AF%E1%80%80%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%B8/ ဘာကြောင့် လည်ချောင်းထဲမှာ တစ်ဆို့ဆို့ဖြစ် နေသလို ခံစားရတာလဲ။ အများစုက အကြောင်းအရင်းမရှိဘဲနဲ့ကို ဖြစ်ကြတာပါ။ ဒါပေမယ့် ဒီလက္ခဏာကို စိုးရိမ်ပူပန်မှုနဲ့ […]