အစာအိမ်အက်ဆစ်ပြန်ဆန်တက်ခြင်း (GERD) အကြောင်း လေ့လာရအောင်နော်။
မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon
အစာအိမ်အက်ဆစ်ပြန်ဆန်တက်ခြင်း (GERD) အကြောင်း လေ့လာရအောင်နော်။
အစာအိမ်အက်ဆစ်ပြန်ဆန်တက်ခြင်း (GERD) ဆိုတာဟာ အစာရေမြိုအောက်ခြေမှာရှိတဲ့ ဆန့်ကျုံ့ကြွက်သားကို ထိခိုက်စေတဲ့ အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာ နာတာရှည်ရောဂါတမျိုး ဖြစ်ပါတယ်။
ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအပါအဝင် အစာအိမ်အက်ဆစ်ပြန်ဆန်တက်ခြင်း (GERD) ရောဂါကို ခံစားနေရသူတွေ အများအပြားရှိပြီး GERD ဟာ ရင်ပူခြင်း ဒါမှမဟုတ် အက်ဆစ်ဆန်တက်ခြင်းကို အဓိကဖြစ်စေတဲ့ ရောဂါဖြစ်ပါတယ်။
GERD ကြောင့် အစာအိမ်ထဲမှာရှိတဲ့ အက်ဆစ်နဲ့ အစာတွေဟာ အစာရေမြိုထဲကို ပြန်ဆန်တက်ပြီး ရင်ပူခြင်း၊နေမထိထိုင်မသာ ဖြစ်ခြင်းတို့ကို ဖြစ်စေကာ အစာရေမြိုရဲ့ အတွင်းသားတွေကိုလည်း ထိခိုက်စေပါတယ်။
အစာရေမြိုအောက်ခြေမှာရှိတဲ့ ဆန့်ကျုံ့ကြွက်သားကို ထိခိုက်တဲ့အတွက် အထက်ပါ အခြေအနေတွေ ပေါ်ပေါက်လာရခြင်း ဖြစ်ပါတယ်။ အဆိုပါကြွက်သားအနေနဲ့ အလုံပိတ်ရမယ့်အချိန်မှာ သေချာစွာ မပိတ်ထားနိုင်တဲ့အတွက် အစာအိမ်ထဲက အရာတွေဟာ အစာရေမြိုထဲကို ပြန်ဆန်တက်လာနိုင်တာ ဖြစ်ပါတယ်။
GERD ရဲ့ လက္ခဏာတွေကို တပတ်တည်းမှာ နှစ်ကြိမ်နဲ့အထက် ခံစားရတာမျိုး ဒါမှမဟုတ် သင့်ရဲ့နေ့စဉ်နေထိုင်သွားလာလှုပ်ရှားမှုတွေကို အနှောင့်အယှက်ပေးနေတဲ့ အခြေအနေမျိုးထိ ဖြစ်လာပြီဆိုရင် ဆရာဝန်ထံ သွားရောက်ပြသပြီး ရောဂါကို တိကျသေချာစွာ ရှာဖွေဖော်ထုတ်ရတော့မှာ ဖြစ်ပါတယ်။
အစားအသောက်အနေအထိုင်ကို ပြောင်းလဲခြင်း ဒါမှမဟုတ် အလွယ်တကူဝယ်ယူလို့ရတဲ့ ဆေးတွေကို သုံးစွဲခြင်းအားဖြင့် GERD ကို ကုသနိုင်ပေမယ့် တခါတရံတော့ ဆေးပြင်းပြင်းတွေသောက်တာ ဒါမှမဟုတ် ခွဲစိတ်ကုသမှုတွေ ခံယူဖို့ပါ လိုအပ်တတ်ပါတယ်။
>> GERD ဘာလို့ဖြစ်တာလဲ။
အစာအိမ်ထဲက အက်ဆစ် ဒါမှမဟုတ် သည်းခြေရည်တွေ အစာရေမြိုထဲရောက်ရှိခြင်းဟာ GERD ဖြစ်ရခြင်းရဲ့ အဓိကအကြောင်းရင်း ဖြစ်ပါတယ်။ သင်စားလိုက်တဲ့ အစာနဲ့ ရေတွေဟာ ပုံမှန်အတိုင်းဆိုရင် အစာအိမ်ထဲကို ကျဆင်းရောက်ရှိသွားမှာ ဖြစ်ပါတယ်။ အစာမြိုချချိန်မှာ အစာရေမြိုအောက်ခြေရှိ ဆန့်ကျုံ့ကြွက်သားဟာ ဖြေလျှော့ပေးမှာ ဖြစ်တဲ့အတွက် သင်စားလိုက်တဲ့အစာတွေဟာ အစာအိမ်ထဲ ရောက်သွားပါလိမ့်မယ်။
ဒီလိုရောက်ရှိသွားပြီးရင်တော့ ဆန့်ကျုံ့ကြွက်သားဟာ တဖန်ပြန်ပြီး ပိတ်ဆို့ပေးထားမှာပါ။ ဒါပေမယ့် အဆိုပါ ဆန့်ကျုံ့ကြွက်သားမှာ ပြဿနာတခုခုရှိတဲ့အတွက် ပုံမှန်အတိုင်း ပြန်မပိတ်ဆို့နိုင်တော့ဖူးဆိုရင် အစာအိမ်ထဲမှာရှိတဲ့ ချေဖျက်လက်စ အစာတွေဟာ အပေါ်ကို ပြန်ဆန်တက်ပြီး အစာရေမြိုထဲကို ပြန်လည်ရောက်ရှိသွားပါလိမ့်မယ်။
ဒီလိုမျိုးဖြစ်တာကို အက်ဆစ်ပြန်ဆန်တက်ခြင်းလို့ ခေါ်ပြီး ကြိမ်ဖန်များစွာ ဖြစ်လာမယ်ဆိုရင် အခြားသော အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာလက္ခဏာတွေကိုပါ ဖြစ်ပေါ်လာစေနိုင်ပါတယ်။
>> GERD ရောဂါဟာ ဘယ်သူတွေမှာ အဖြစ်များသလဲ။
အောက်ပါအချက်တွေကြောင့် GERD အဖြစ်များစေနိုင်ပါတယ်။
>> GERD ရဲ့ လက္ခဏာတွေက ဘာလဲ။
အကယ်၍ အောက်ဖော်ပြပါ လက္ခဏာတွေ ရှိနေပြီဆိုရင်တော့ သင့်မှာ GERD ရောဂါရှိနေပါပြီ။
>> GERD ရောဂါကို ဘယ်လိုမျိုး ရှာဖွေဖော်ထုတ်စစ်ဆေးမလဲ။
ဆရာဝန်အနေနဲ့ သင့်ရဲ့ ရောဂါlလက္ခဏာတွေပေါ် မူတည်ပြီး GERD ရောဂါကို ရှာဖွေဖော်ထုတ်ပါလိမ့်မယ်။ ဒါ့အပြင် ပိုမိုတိကျသေချာစေဖို့အတွက် အောက်ဖော်ပြပါ စစ်ဆေးမှုလေးတွေကိုလည်း ပြုလုပ်ပါလိမ့်ဦးမယ်။
>> GERD ရောဂါကို ဘယ်လိုနည်းလမ်းတွေနဲ့ ကုသနိုင်သလဲ။
ဆရာဝန်ဆေးစာမပါဘဲ အလွယ်တကူ ဝယ်သုံးလို့ရတဲ့ ဆေးတွေကို အသုံးပြုပြီး GERD ကို အိမ်မှာပဲ အလွယ်တကူ ကုသနိုင်ပါတယ်။ အဆိုပါ ဆေးတွေကတော့
အထက်ပါဆေးတွေနဲ့ မသက်သာရင် ဒါမှမဟုတ် ရောဂါလက္ခဏာတွေ ပိုဆိုးလာရင် ခွဲစိတ်မှုအပါအဝင် အခြားသော နည်းလမ်းတွေနဲ့ ကုသဖို့ လိုအပ်မှာ ဖြစ်ပါတယ်။
>> GERD ရောဂါကို ဘယ်လိုကာကွယ်နိုင်သလဲ။
သင့်ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ အချို့သော အမူအကျင့်တွေကို ပြုပြင်ပြောင်းလဲခြင်းအားဖြင့် GERD ကို ကာကွယ်နိုင်ပါတယ်။GERD ကနေ သက်သာရာ ရနိုင်ဖို့အတွက် အောက်ဖော်ပြပါ နည်းလမ်းတွေကို အသုံးပြုရပါမယ်။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှ အချက်အလက် စစ်ဆေးထားပါသည်။
Aye Thi Mon
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။