အထက်လန်အောက်လျှောခြင်း

အထက်လန်အောက်လျှောခြင်း ကိုဖြစ်စေတဲ့ အကြောင်းအရင်း၊ ရောဂါလက္ခဏာ၊ စားသောက်နေထိုင်မှု ပုံစံ ပြောင်းလဲမှုနည်းလမ်းနဲ့ ကုသနည်းတို့ကို သိရှိထားသင့်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အထက်လန်အောက်လျှောခြင်း

အထက်လန်အောက်လျှော ဖြစ်စေတဲ့ အကြောင်းရင်းများ

အထက်လန်အောက်လျှော ဆိုတာ မြန်မာနိုင်ငံအတွက်တော့ သိပ်ပြီး မထူးဆန်းလှတဲ့ ကိစ္စပါ။ လူတိုင်းလိုလို ဖြစ်ဖူးကြတာကိုး။ အန်လည်း အန်၊ ဝမ်းလည်းလျှောနေပြီဆိုရင် ဘယ်သူမှ မေးမနေတော့ပါဘူး။ ဒါ အထက်လန်အောက်လျှောတာပဲဆိုတာ တန်းသိနေပါပြီ။ ဒီလိုအဖြစ်များတဲ့ ရောဂါအတွက် ဆောင်ရန်ရှောင်ရန်လေးတွေက ဘာများလဲ။ အထက်လန်အောက်လျှော ဖြစ်စေတဲ့ အကြောင်းရင်းများ အဓိကကတော့ ဗိုင်းရပ်စ်၊ ဘက်တီးရီးယားနဲ့ ကပ်ပါးပိုးကြောင့် ဖြစ်တာများပါတယ်။ ဗိုင်းရပ်စ်ထဲမှာဆိုရင် နိုရိုနဲ့ ရိုတာဗိုင်းရပ်စ်က အဖြစ်အများဆုံးပါပဲ။ ဗိုင်းရပ်စ်ကတော့ ဖြစ်ရင် လူအစုအပြုံလိုက်ဖြစ်တတ်ပါတယ်။ နိုရိုကတော့ လူကြီးရော၊ ကလေးမှာပါ ဖြစ်တတ်ပါတယ်။ ရိုတာဗိုင်းရပ်စ်ကတော့ ကလေးတွေမှာ အဖြစ်များပါတယ်။ ဘက်တီးရီးယားထဲမှာဆိုရင်တော့ အီးကိုလိုင်၊ ဆယ်မွန်နဲလား၊ ကမ်ပိုင်လို စတာတွေကြောင့် ဖြစ်တာများပါတယ်။ ကပ်ပါးပိုးထဲမှာဆိုရင်တော့ ဂျီယားဒီးရား Giardiaကြောင့် ဖြစ်တတ်ပါတယ်။ ကပ်ပါးပိုးကြောင့် ဖြစ်တာကတော့ ရှားပါတယ်။ အထက်လန်အောက်လျှောရဲ့ လက္ခဏာများ အဓိကလက္ခဏာတွေကတော့ ရုတ်တရက် […]

အထက်လန်အောက်လျှောခြင်း ကို ရှာဖွေမည်။

အထက်လန်အောက်လျှောခြင်း

ဘက်တီးရီးယားပိုးကြောင့် အထက်လန်အောက်လျှောဖြစ်ခြင်း (bacterial gastroenteritis)

အူလမ်းကြောင်းထဲကို ဘက်တီးရီးယားပိုးအချို့ဝင်ရောက်တဲ့အခါ အထက်လန်အောက်လျှောရောဂါ ဖြစ်တတ်ပါတယ်။ အစာအိမ်နံရံနဲ့ အူလမ်းကြောင်းမှာ ရောင်ရမ်းပြီး အဆက်မပြတ်အန်ခြင်း၊ ဝမ်းပျက်ခြင်းတွေကြောင့် အထက်လန်အောက်လျှောလို့ ခေါ်ဝေါ်ခြင်း ဖြစ်ပါတယ်။ ဘက်တီးရီးယားပိုးကြောင့် အထက်လန်အောက်လျှောဖြစ်ရခြင်းဟာ တစ်ကိုယ်ရေသန့်ရှင်းမှု အားနည်းခြင်းကြောင့် ဖြစ်တတ်ပါတယ်။ တိရစ္ဆာန်များနဲ့ လက်ပွန်းတတီးထိတွေ့ခြင်း၊ ဘက်တီးရီးယားပါသော အစားအစာနှင့်ရေကို စားသောက်မိခြင်း စတာတွေကနေ ရောဂါပိုးဝင်ရောက်နိုင်ပါတယ်။ ဘက်တီးရီးယားကနေ အဆိပ်အတောက်တွေ ထုတ်လွှတ်တဲ့အတွက် ရောဂါဝေဒနာ ခံစားရခြင်း ဖြစ်ပါတယ်။ လက္ခဏာများ ဝင်ရောက်ကူးစက်တဲ့ ရောဂါပိုးအမျိုးအစားပေါ် မူတည်ပြီး ဖြစ်ပေါ်တဲ့လက္ခဏာ ကွားခြားမှုရှိနိုင်ပါတယ်။ တွေ့ရများတဲ့ လက္ခဏာတွေကတော့ - အစားပျက်ခြင်း - ပျို့ခြင်း၊ အန်ခြင်း - ဝမ်းပျက်ခြင်း - ဗိုက်နာ ဗိုက်အောင့်ခြင်း - သွေးဝမ်းသွားခြင်း - အဖျားတက်ခြင်း စတာတွေ ဖြစ်ပါတယ်။ အဆိုပါလက္ခဏာတွေကြုံလာရပြီး ရက်အနည်းငယ်နဲ့မှ မသက်သာရင် ဆရာဝန်နဲ့ပြသသင့်ပါတယ်။ ကလေးငယ်တွေဆိုရင် အန်ပြီး ဝမ်းသွားပြီဆိုတာနဲ့ ဆရာဝန်ချက်ချင်းပြသင့်ပါတယ်။ အကြောင်းအရင်းများ အထက်လန်အောက်လျှောဖြစ်စေတဲ့ ဘက်တီးရီးယားမျိုးစုံ ရှိပါတယ်။ အဓိကဖြစ်စေတဲ့ ပိုးမွှားတွေကတော့ • […]


အထက်လန်အောက်လျှောခြင်း

Gastroenteritis (အစာအိမ်အူလမ်းကြောင်း ရောင်ရမ်းခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Gastroenteritis (အစာအိမ်အူလမ်းကြောင်း ရောင်ရမ်းခြင်း) ကဘာလဲ။ အစာအိမ်အူလမ်းကြောင်းရောင်ရမ်းခြင်းဟာ ရောဂါပိုးဝင်ရောက်မှုကြောင့် ဖြစ်တဲ့ အူနံရံတွေ ရောင်ရမ်းခြင်းပဲဖြစ်ပါတယ်။ လူအချို့က အစာအိမ်နာတယ်လို့ ပြောကြပေမယ့် အမှန်က အစာအိမ် အူလမ်းကြောင်းရောင်ရမ်း ခြင်း လို့ ခေါ်ပါတယ်။ ကူးစက်ရောဂါပိုး အများစုဟာ ဗိုင်းရပ်စ်ပိုးတွေဖြစ်ပြီး အချို့ကတော့ဘက်တီးရီးယား (သို့) ကပ်ပါးကောင်တွေ ဖြစ်ပါတယ်။ သူတို့ဟာ ညစ်ညမ်းတဲ့ အစားအစာနဲ့ရေတွေ၊ ရောဂါဖြစ်နေတဲ့လူက တစ်ဆင့် ကူးစက်ဝင်ရောက်တတ်ပါတယ်။ အူရောင်ခြင်းကြောင့် အဓိက ဖြစ်တဲ့ ပြဿနာက ရေဓါတ်ခန်းခြောက်ခြင်းပဲ ဖြစ်ပါတယ်။ ပျို့အန်ခြင်းနဲ့ ဝမ်းလျှောခြင်းတွေ ဖြစ်တဲ့အခါမှာ ရေဓါတ်အများကြီး ဆုံးရှုံးတတ်ပါတယ်။ Gastroenteritis (အစာအိမ်အူလမ်းကြောင်း ရောင်ရမ်းခြင်း) က ဘယ်လောက်အဖြစ်များသလဲ ဒီရောဂါဟာ အလွန်အဖြစ်များပါတယ်။ သူဟာ ကလေးတွေ၊ အသက်ကြီးတဲ့လူတွေနဲ့ ကိုယ်ခံအားမကောင်းတဲ့လူတွေမှာ ပိုဖြစ်တတ်ပါတယ်။ အကောင်းဆုံး ကာကွယ်ခြင်းကတော့ လက်ဆေးခြင်းပဲဖြစ်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်