backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Biliary Atresia (သည်းခြေရည်ပြွန်ကျဉ်းမြောင်းပိတ်ဆို့ခြင်း)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 25/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

Biliary Atresia (သည်းခြေရည်ပြွန်ကျဉ်းမြောင်းပိတ်ဆို့ခြင်း)

Biliary Atresia (သည်းခြေရည်ပြွန်ကျဉ်းမြောင်းပိတ်ဆို့ခြင်း) အကြောင်း လေ့လာရအောင်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

>> Biliary Atresia (သည်းခြေရည်ပြွန်ကျဉ်းမြောင်းပိတ်ဆို့ခြင်း) ကဘာလဲ။

Biliary Atresia (သည်းခြေရည်ပြွန်ကျဉ်းမြောင်းပိတ်ဆို့ခြင်း) ဆိုသည်မှာသည်းခြေရည်ပြွန်တွင် ပိတ်ဆို့မှုတစ်ခု ဖြစ်စေသော ရှားပါးသော အခြေအနေတစ်ခု ဖြစ်ပါသည်။ အသည်းပြွန်ဟုလည်းခေါ်သောအသည်းတွင်းမှ သည်းခြေရည် ပြွှန်သည် သည်းခြေရည်များကိုအသည်းမှ သည်းခြေအိတ် သို့ သိုလှောင်ရန်အတွက် သယ်ယူသွားပြီးအူငယ်များသို့ အစာခြေခြင်းတွင် အသုံးပြုရန်အတွက် သယ်ယူပါသည်။

သည်းခြေရည် သည် အသည်းမှ ပြုလုပ်သောအရည်တစ်မျိုးဖြစ်ပြီးအဓိကတာဝန် နှစ်ခုကိုထမ်းဆောင် ပါသည်။ ၎င်းတို့မှာအဆိပ်အတောက်များ နှင့် အညစ်အကြေးများကို ခန္ဓါကိုယ် ပြင်ပသို့ သယ်ဆောင်သွားခြင်းနှင့် ခန္ဓါကိုယ် မှ အဆီများကိုခြေဖျက်ခြင်းနှင့် အဆီတွင် ပျော်ဝင်သောဗီတာမင် အေ၊ ဒီ၊ အီး နှင့် ကေတို့ကိုစုပ်ယူရန် ကူညီခြင်းတို့ဖြစ်သည်။

သည်းခြေရည် ပြွန်ပိတ်ဆို့ပါကသည်းခြေရည်များသည် အသည်းထဲတွင် စုပြုံ လာပြီးအသည်းပျက်စီးခြင်းကို ဖြစ်စေပါသည်။ ထိုအခါ အသည်းသည် ခန္ဓါကိုယ်မှ အဆိပ်အတောက်များစွန့်ထုတ်ရန် ခက်ခဲစေပါသည်။

သည်းခြေရည် ပိတ်ဆို့မှုသည် သန္ဓေသားဘဝတွင်ဖြစ်ခြင်း နှင့် မွေးဖွားပြီးခါစတွင်ဖြစ်ခြင်းဟူ၍နှစ်မျိုးရှိပါသည်။ သန္ဓေသားသည်းဖြေရည်ပိတ်ခြင်းသည် ကလေးငယ်သားအိမ်ထဲတွင်ရှိချိန် တွင် ဖြစ်ပေါ်ပါသည်။

မွေးဖွားပြီးခါစ သည်းခြေရည် ပိတ်ခြင်းသည် ပို၍အဖြစ် များပါသည်။ မွေးဖွားပြီး နှစ်ပတ်မှ လေးပတ်အကြာအထိ မသိသာမထင်ရှားသေးပါ။ သန္ဓေသားအဖြစ် ရှိနေသောကလေးငယ်များသည် နှလုံး၊ ဘေလုံး နှင့် အူများတွင်လည်းမွေးရာပါ ချို့ယွင်းချက် များရှိနိုင်ပါသည်။

ဘယ်လောက်အဖြစ်များသလဲ

>> Biliary Atresia (သည်းခြေရည်ပြွန်ကျဉ်းမြောင်းပိတ်ဆို့ခြင်း) က ဘယ်လောက်အဖြစ်များသလဲ

သည်းခြေရည်ပိတ်ဆို့မှုသည် ရှားပါးပြီးကလေးငယ် ၁၈၀၀၀ တွင် ၁ ယောက်သာလျှင် ဖြစ်ပွားပါသည်။ အမျိုးသမီးများ၊ လမစေ့သောကလေးငယ်များနှင့် အာရှ သို့မဟုတ် အမေရိကန် အာဖရိက အနွယ်ဝင် ကလေးများတွင် ပို၍ဖြစ်ပွားပါသည်။

လက္ခဏာများ

>> Biliary Atresia (သည်းခြေရည်ပြွန်ကျဉ်းမြောင်းပိတ်ဆို့ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

ပထမဆုံးပေါ်သောရောဂါလက္ခဏာသည် အသားဝါခြင်း နှင့် မျက်လုံးဝါခြင်းတို့ဖြစ်ပါသည်။ အသားဝါခြင်းသည် သတိပြုမိရန် ခက်ခဲပါသည်။ ထုံးစံအားဖြင့် မွေးပြီးစတစ်ပတ် နှစ်ပတ်တွင် ကလေးငယ်များသည် မပြင်းထန်သော အသားဝါခြင်း ဖြစ်ပြီး နှစ်ပတ် သုံးပတ်ကြာသောအခါ ပျောက်ကွယ်သွားပါသည်။

သို့သော်လည်း သည်းခြေရည် ပိတ်ဆို့မှုရှိသောကလေးသည် အသားဝါခြင်း တဖြည်းဖြည်းဆိုးရွားလာပါသည်။

အောက်ပါလက္ခဏာများလည်းတွေ့မြင်နိုင်ပါသည်။

  • အရောင်ရင့်သောဆီးများ
  • မီးခိုးရောင်သို့မဟုတ် အဖြူရောင် ဝမ်းများသွားခြင်း
  • ကြီးထွားမှုနှေးကွေးခြင်း

အထက်တွင် ဖော်ပြမထားသော အခြားလက္ခဏာများလည်း ရှိနိုင်ပါသည်။ အကယ်၍ သင့်ဆီတွင် ရောဂါလက္ခဏာတစ်ခုခုများ ရှိနေသည်ဟု စိုးရိမ်မိပါက ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါသည်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

မွေးဖွားပြီး နှစ်ပတ် သုံးပတ် ကြာသည်အထိ သင်၏ကလေးတွင် အသားဝါခြင်း နှင့်အဖြူရောင် ဝမ်းသွားခြင်းတို့ ဖြစ်ပါကဆရာဝန်ထံသို့ အမြန်သွားရောက်ပြသပါ။

အကြောင်းရင်းများ

>>သည်းခြေရည်ပြွန် ကျဉ်းမြောင်းပိတ်ဆို့ခြင်းကို ဘာတွေကဖြစ်စေသလဲ

သည်းခြေရည် ပြွန် ပိတ်ဆို့ပါကသည်းခြေရည်များသည် အသည်းထဲတွင် စုပြုံ လာပြီး အသည်းပျက်စီးခြင်းကို ဖြစ်စေပါသည်။ ထိုအခါ အသည်းသည် ခန္ဓါကိုယ်မှ အဆိပ်အတောက်များစွန့်ထုတ်ရန် ခက်ခဲစေပါသည်။

Risk factors

>> Biliary Atresiaဖြစ်နိုင်ခြေကို ဘာတွေက မြင့်တက်စေသလဲ

အောက်ပါအချက်များသည် Biliary atresia ဖြစ်ပွားမှုနှုန်းကို မြင့်မားစေပါသည်။

  • မွေးဖွားပြီးနောက် ဗိုင်းရပ်စ်နှင့် ဘတ်တီးရီးယားကူးစက်မှု ခံရခြင်း
  • အသည်းနှင့် သည်းခြေပြွန်အား ပြန်လည်တိုက်ခိုက်သောကိုယ်ခံအားဆိုင်ရာချို့ယွင့်မှု
  • မျိုးဗီဇသန္ဓေပြောင်းမှုဖြစ်ပွားခြင်း
  • အသည်းနှင့် သည်းခြေပြွှန်၏ မွေးရာပါ ချို့ယွင်းမှု
  • အန္တရာယ်ရှိသောပစ္စည်းများနှင့် ထိတွေ့မှု

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Biliary Atresia (သည်းခြေရည်ပြွန်ကျဉ်းမြောင်းပိတ်ဆို့ခြင်း)ကို ဘယ်လိုအတည်ပြုပါသလဲ

ရောဂါအဖြေရှာခြင်း

ယခုဖော်ပြထားသည့်အချက်အလက်များမှာဆေးပညာဆိုင်ရာကျွမ်းကျင်သူ၏ အကြံပေးချက် များနေရာတွင် အစားထိုးရန် မသင့်တော်ပါ။ ဆက်လက် သိရှိလိုသောအချက်အလက် များအတွက် သင့်ရဲ့ဆရာဝန်နဲ့ အမြဲတိုင်ပင်ဆွေးနွေးပါ။

သည်းခြေရည်ပိတ်ဆို့မှုကိုဘယ်လိုရှာဖွေစစ်ဆေးမလဲ။

မှန်ကန်သောရောဂါအဖြေရရှိရန် ဆရာဝန်သည် အောက်ပါစစ်ဆေးမှု များကိုလုပ်ဆောင်ရမည် ဖြစ်သည်။

  • ဆေးမှတ်တမ်းယူခြင်းနှင့် ခန္ဓါကိုယ်အားစမ်းသပ်ခြင်း
  • သွေးစစ်ခြင်း
  • ဝမ်းဗိုက်ပိုင်းအားဓါတ်မှန်ရိုက်ခြင်း
  • Ultrasound ရိုက်ခြင်း
  • အသည်းအားစကမ် ဖတ်ခြင်း
  • အသည်းမှ တစ်ရှူးစထုတ်ယူကာစစ်ဆေးခြင်း
  • ကုသနည်း

    >> သည်းခြေရည်ပြွန်ကျဉ်းမြောင်းပိတ်ဆို့ခြင်းကို ဘယ်လိုကုသပါသလဲ

    သည်းခြေရည် ပိတ်ဆို့မှုကိုများသောအားဖြင့် ခွဲစိတ်ကုသမှုပြုလုပ်ခြင်းဖြင့် ကုသပါသည်။ အထူးသဖြင့် အသည်းအစားထိုးကုသခြင်းနှင့် Kasai လုပ်ထုံးတို့ဖြစ်ကြသည်။

    • Kasai လုပ်ထုံး

    သည်းခြေရည် ပိတ်ဆို့မှုအတွက် ပထမဦးစားပေးကုသမှုဖြစ်ပါသည်။ Kasai လုပ်ထုံးတွင် ခွဲစိတ် ဆရာဝန်သည် ကလေးငယ်၏ ပိတ်ဆို့နေသောသည်းခြေရည်ပြွှန်ကိုဖယ်ရှား၍အူအခွေ တစ်ခုကိုယူကာ ၎င်းဖြင့် နေရာလဲလိုက်ပါသည်။

    ထိုအခါ သည်းခြေရည်များသည် အူငယ်ဆီသို့ တည့်တည့် မတ်မတ် စီးဆင်းသွားပါသည်။ ခွဲစိတ်မှု အောင်မြင်ပါကလူနာသည် ကျန်းမာရေးကောင်းမွန်လာကာအသည်းပြဿနာခံစားရတော့မည် မဟုတ်ပါ။

    Kasai လုပ်ထုံးမအောင်မြင်ပါကကလေးငယ်သည် ၁-၂ နှစ်အတွင်းအသည်းအစားထိုးကုသမှုလိုအပ်ပါလိမ့်မည်။

    အစားထိုးကုသမှု အောင်မြင်ပါသော်လည်းကလေးအများစုတွင်အရွယ်ရောက်ချိန်၌သည်းခြေရည်ပိတ်မှုကြောင့်ဖြစ်သောနာတည်ရှည်အသည်းရောဂါ ဖြစ် နိုင်ပါသည်။ ထို့ကြောင့် ကလေးငယ်များသည် အသည်းစွမ်းဆောင်ရည် ကိုစောင့်ကြည့်ရန် ပုံမှန် စစ်ဆေးမှုများလိုအပ်ပါသည်။

    • အသည်းအစားထိုးခြင်း

    အစားထိုး ခွဲစိတ်ကုသမှုဆေးပညာ၏ဖွံဖြိုးတိုးတက်မှုများသည် အစားထိုးထားသောအသည်း၏ လုပ်ဆောင်နိုင်စွမ်းနှင့်အကျိုးကျေးဇူးရရှိမှုကိုမြင့်တက်စေပါသည်။

    အရင်ကအစားထိုးကုသမှုသည် သေဆုံးသွားသောကလေးငယ်များအသည်း လှူဒါန်းမှသာလုပ်ဆောင်နိုင်သည်။ ယခုတွင်မူခွဲစိတ်ကုသမှု၏ဖွံဖြိုးတိုးတက်မှုနှင့်အတူအရွယ်ရောက်ပြီးသူများ၏အသည်းကိုကလေးငယ်များတွင် အစားထိုးနိုင်ပြီ ဖြစ်သည်။ အရွယ်အစားသေးခြင်းသို့မဟုတ် ခွဲခြမ်းကာအစားထိုးခြင်းဟုခေါ်သည်။

    • လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။

    လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက သည်းခြေရည် ပိတ်ဆို့မှုကို ကုသရာမှာဘယ်လိုအထောက်အကူပြုနိုင်မလဲ။

    အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများသည် သည်းခြေရည် ပိတ်ဆို့မှုကို ကုသသော နေရာတွင် အကူအညီပေးနိုင်ပါသည်။

    • သည်းခြေရည် ပိတ်ဆို့မှုဖြစ်ပွားသောကလေးများသည် များသောအားဖြင့် အာဟာရငတ်မွတ်ပါသည်။ ထို့ကြောင့် ကလေးငယ်များသည် နေ့စဉ် အစားအစာထဲတွင် ကယ်လိုရီများများပါရန် လိုအပ်ပါသည်။

    အသည်း အစားထိုးကုသမှုအပြီးတွင် ကလေးငယ်အများစုသည် ပုံမှန် စားသောက်နိုင်ပါသည်။ သို့သော် ကလေးငယ်အတွက် သင့်တော်သောအစားအစာကိုရွေးချယ်နိုင်ရန် ကလေးအထူးကုဆရာဝန်နှင့် အမြဲတိုင်ပင်သင့်ပါသည်။

    အကယ်၍သင့်မှာမေးခွန်းတွေရှိပါကသင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ရန် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါသည်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 25/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement