၃။ မနက်စာ လုံးဝမစားဘဲနေလိုက်တာထက် ကြက်ဥ၊ ပေါင်မုန့်၊ ငှက်ပျောသီး၊ ကြက်သားစတဲ့ အစာတွေကို ပေါ့ပေါ့ပါးပါးလုပ်ပြီး စားပေးပါ။
၄။ အများကြီးစားဖို့ မလိုပါဘူး။ ဗိုက်ထဲအစာရှိနေဖို့ပဲ လိုတာပါ။
၅။ သစ်သီးဖျော်ရည်တွေ၊ ကြက်စွပ်ပြုတ်၊ ချင်းပြုတ်ရည် သောက်ပေးနိုင်ရင် ပိုကောင်းပါတယ်။
၆။ အမျှင်ဓာတ်များလွန်းတဲ့ အစားအစာတွေ၊ ဂျုံ၊ နို့ထွက်ပစ္စည်း၊ အဆီများတဲ့အသားတွေ၊ ဟင်းခတ်မှုန့်အများကြီး ထည့်ချက်တဲ့ ဟင်းတွေကို ရှောင်ပေးပါ။
၇။ ဝမ်းလျှောတာ သက်သာစေမယ့် ဆေးတွေကို နီးစပ်ရာဆေးခန်းတွေမှာ မေးမြန်းပြီး ဝယ်ယူလို့ရပါတယ်။
ဆရာဝန်နဲ့ ပြဖို့လိုအပ်လား။
များသောအားဖြင့်တော့ အရက်ကြောင့်ဖြစ်တဲ့ ဝမ်းလျှောခြင်းဟာ ရက်အနည်းငယ်မှာ သူ့အလိုလို ပြန်ကောင်းသွားတတ်တာကြောင့် ဆရာဝန်နဲ့ အမြန်ပြရလောက်တဲ့အထိ စိုးရိမ်ဖို့ မလိုပါဘူး။ တစ်နေ့ကို အကြိမ်များစွာ ဝမ်းသွားတာ၊ ဝမ်းကို ဘယ်လိုထိန်းလို့မရတော့တာ၊ ဗိုက်အောင့်ဗိုက်နာဖြစ်တာတွေ လုံးဝမသက်သာဘူးဆိုရင်တော့ ပြကြည့်သင့်ပါတယ်။
အားလုံးပဲ အရက်ကို လုံးဝမရှောင်နိုင်ဘူးဆိုရင်တောင် ကိုယ့်ကျန်းမာရေးကို အစဉ်ရှေးရှုပြီး သတိနဲ့သောက်ကြပါလို့ အကြံပေးလိုက်ချင်ပါတယ်နော်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။