အဓိပ္ပါယ်ဖွင့်ဆိုချက်
Dyspepsia (အစာမကြေခြင်း) ကဘာလဲ။
အစာမကြေခြင်း သို့မဟုတ် ဒစ်ပက်ပ်စီးယားဆိုသည်မှာ အစာအိမ်နှင့်အူလမ်းကြောင်းအပေါ်ပိုင်း (အစာအိမ်၊ အစာရေမျိုပြွန်၊ အူသိမ်ဦး) တွင် မအီမသာ သို့မဟုတ် နာကျင်မှုကိုခံစားရခြင်းဖြစ်သည်။ အစာမကြေခြင်းခြင်းတွင် ရောဂါလက္ခဏာအမျိုးမျိုးပါဝင်ပြီး ဗိုက်ကယ်ခြင်း၊ ပျို့ခြင်းနှင့် လေချဉ်တက်ခြင်းတို့ဖြစ်နိုင်ပါသည်။ အစာမကြေခြင်းသည် အောက်ခံပြဿနာတစ်ခုခု၏ လက္ခဏာတစ်ခုလည်းဖြစ်နိုင်ပါသည်။