အင်ဆူလင်ကို သိမ်းဆည်းတဲ့အခါ ဂရုစိုက်ပါ
သေချာ သိမ်းဆည်းမထားတဲ့ သို့မဟုတ် သက်တမ်းကျော်လွန်နေတဲ့ အင်ဆူလင်ဆေးတွေက ထိရောက်မှုမရှိနိုင်ပါဘူး။ အင်ဆူလင်ဟာ ပူလွန်းအေးလွန်းတာတွေကို ထိခိုက်မခံတဲ့ဆေးတစ်မျိုးလည်းဖြစ်ပါတယ်။
ပြဿနာရှိရင် ဆရာဝန်ကိုပြောပြပါ
ဆီးချိုဆေးတွေကြောင့် သွေးတွင်းသကြားဓါတ်အရမ်းကျသွားတာမျိုး ဒါမှမဟုတ် အရမ်းမြင့်တက်နေတာမျိုးဖြစ်လာရင်ဆေးပမာဏနဲ့ အချိန်တို့ကိုပြန်လည်ထိန်းညှိဖို့လိုလာနိုင်ပါတယ်။
ဆေးဝါးအသစ်တွေကို သတိထားပါ
သွေးတိုး သို့မဟုတ် ကိုလက်စထရောမြင့်ခြင်းတို့လို တခြားရောဂါတစ်ခုအတွက် ဆေးဆိုင်မှာဝယ်ယူရနိုင်တဲ့ ဒါမှမဟုတ် ဆရာဝန်ညွှန်ကြားတဲ့ဆေးဝါးအသစ်တစ်မျိုးကို သုံးတော့မယ်လို့စဉ်းစားရင် ဒီဆေးက သွေးတွင်းသကြားဓါတ်ပမာဏကိုထိခိုက်စေနိုင်သလားဆိုတာ ဆရာဝန်ကို သို့မဟုတ်ဆေးဝါးကျွမ်းကျင်သူကိုမေးပါ။ဆေးဝါးအသစ်တစ်မျိုးကိုသုံးစွဲဖို့ လုပ်တိုင်း ဆရာဝန်နဲ့တိုင်ပင်ပါ ။ ဒါမှဆေးအသစ်ကသွေးတွင်းသကြားဓါတ်ပမာဏကိုသက်ရောက်မှုရှိနိုင်မလား သိနိုင်မှာပါ။
ဆရာဝန်ညွှန်ကြားထားတဲ့ ဆီးချိုဆေးတွေက သင်သောက်သုံးနေရတဲ့တခြားဆေးတွေနဲ့တွဲရင်ဘေးဥပါဒ်ကင်းရဲ့လားဆိုတာသေချာအောင်စစ်ဆေးပါ။