အသီးအနှံတွေမှာ ကာဗိုဟိုက်ဒရိတ်တွေအပြင် အမျှင်ဓါတ်တွေ၊ ဗီတာမင်နဲ့သတ္တုဓါတ်ေတွလို အာဟာရဓါတ်တွေပါဝင်ပါတယ်။ နာနတ်သီးချစ်သူတွေ ဆီးချိုရှိရင် ဘယ်လိုရအောင်စားမလဲဆိုတာ အကြံလေးပေးမယ်နော်။
အသီးအနှံတွေမှာ ကာဗိုဟိုက်ဒရိတ်တွေအပြင် အမျှင်ဓါတ်တွေ၊ ဗီတာမင်နဲ့သတ္တုဓါတ်ေတွလို အာဟာရဓါတ်တွေပါဝင်ပါတယ်။ နာနတ်သီးချစ်သူတွေ ဆီးချိုရှိရင် ဘယ်လိုရအောင်စားမလဲဆိုတာ အကြံလေးပေးမယ်နော်။
အသီးအများစုမှာ ေသွးတွင်းသကြားဓါတ်ညွှန်းကိန်း(GI)နည်းကြပါတယ်။ fructose နဲ့ အမျှင်ဓါတ်တွေပါဝင်လို့ ကာဗိုဟိုက်ဒရိတ်တွေကို စုပ်ယူမှုနှေးအောင်၊ သကြားဓါတ်တည်ငြိမ်အောင် လုပ်ဆောင်ပေးနိုင်ပါတယ်။
GI ညွှန်းကိန်း အလယ်အလတ်အဆင့်မှာရှိတဲ့ နာနတ်သီးက တခြားအသီးတွေထက်တော့သွေးတွင်းသကြားဓါတ်ပိုတက်စေနိုင်တာ အမှန်ပါပဲ။ နာနတ်သီးကို အသင့်အတင့်စားလို့ရပါတယ်။ ဒါပေမယ့်သူ့ရဲ့သွေးတွင်းသကြားဓါတ်မြင့်တက်နိုင်စွမ်းကို ထိန်းနိုင်ဖို့အတွက် အစေ့အဆန်တွေ၊ထောပတ်သီးတို့လို ပရိုတင်းနဲ့ အကျိုးပြုအဆီဓါတ်ပါဝင်တာတွေနဲ့ တွဲစားလို့ရပါတယ်။
နာနတ်သီး GI နဲ့ပတ်သက်ပြီး သိထားသင့်တာတွေက –
နာနတ်သီးမှာ ဗီတာမင် စီနဲ့ မဂ္ဂနိစ်ကြွယ်ဝတဲ့အပြင်အမျှင်ဓါတ်၊ ဗီတာမင်အေ၊ ဘီအုပ်စုတွေ၊ ကျန်းမာရေးအကျိုးကျေးဇူးများတဲ့bromelainဒြပ်ပေါင်းတို့ပါဝင်လို့ ကြိုက်တတ်ရင် ဆီးချိုသမားတွေ အနည်းအကျဉ်းပမာဏစားလို့သင့်ပါတယ်။
အကောင်းဆုံးကတော့ ဒီအတိုင်းစားပါ၊ရေခဲသေတ္တာထဲ အအေးခံစားပါ။
မွမ်းမံပြင်ဆင်ထားတဲ့ နာနတ်သီး( စည်သွပ်ဘူး၊ယို၊ဖျော်ရည်)တွေက အချိုပိုကဲတတ်ပါတယ်။ သူ့ကြောင့်သွေးတွင်းသကြားဓါတ်မတက်အောင်GI နည်းတဲ့အစားအစာတွေနဲ့တွဲစားပါ။ ဆိုလိုတာကသွေးတွင်းသကြားဓါတ်မြင့်စေနိုင်တာတွေရှောင်ပြီးတာသေချာမှ နာနတ်သီးကိုစားသင့်ပါတယ်။GIမြင့်မယ့်အရာတွေနဲ့တွဲစားရင် ပိုတက်တော့မှာပေါ့။
ဒီတော့ စားသောက်တဲ့အာဟာရမှာ –
ဆီးချိုရှိနေလည်း ဒီအသီးအနှံတွေစားလို့ရပါတယ် –
ချိုတဲ့အသီးအနှံတွေကို လုံးဝကြီးရှောင်ဖို့မဟုတ်ပေမယ့် တစ်နေ့တာစားသုံးသမျှရဲ့သွေးတွင်းသကြားဓါတ်သက်ရောက်မှုကို ချင့်ချိန်စားသုံးမယ်ဆိုရင် အဆင်ပြေပါတယ်။
Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။