ဆီးချိုကိုယ်ဝန်ကြောင့်အော်တစ်ဆင်ရောဂါဖြစ်လာနိုင်လား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဇွန် 20, 2020 . 2 mins read
Share now

ကိုယ်ဝန်ဆောင်နေချိန် ကိုယ်ဝန်ဆီးချိုတက်တာက ကိုယ်ဝန်ဆောင်တော်တော်များများမှာ ဖြစ်ပါတယ်။ ဒါက မိခင်ကို ကျန်းမာရေးထိခိုက်စေရုံသာမက ဗိုက်ထဲက ကလေးငယ်ကိုပါ အထီးကျန်စိတ်ဝေဒနာဖြစ်စေပါတယ်။

Johns Hopkins University ရဲ့လေ့လာမှုတွေအရ အဝလွန်နေတဲ့ ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ ကိုယ်ဝန်သက် ၂၆ ပတ်မရှိခင် ကိုယ်ဝန်ဆီးချိုဖြစ်တဲ့ ကိုယ်ဝန်ဆောင်မိခင်တွေဟာ သာမန်မိခင်တွေထက် ၆၃ % ပိုပြီး စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုနဲ့ အထီးကျန်စိတ်ဝေဒနာရှိတဲ့ကလေးမွေးနိုင်တယ်လို့ဆိုပါတယ်။ ကိုယ်ဝန်သက်မရင့်ခင် ကိုယ်ဝန်ဆီးချိုဖြစ်ခြင်းက အထီးကျန်စိတ်ဝေဒနာကလေးမွေးနိုင်ချေကို မမြင့်စေဘူးဆိုပေမယ့် ဆက်နွယ်နေတယ်လို့တော့ဆိုပါတယ်။

ကယ်လီဖိုးနီးယားတောင်ပိုင်းမှာရှိတဲ့ Kaiser Permanente ဆေးပညာအဖွဲ့အစည်းရဲ့ ခေါင်းဆောင် Anny Xiang က ဒီလိုသွေးချိုတက်တာက ကလေးတွေရဲ့ ဦးနှောက်ကိုမူမမှန်စွာ ဖွံ့ဖြိုးစေပြီး ပြောဆိုဆက်ဆံရခက်ခခြင်း၊ သူတို့ရဲ့ အမူအကျင့်တွေကို ထိန်းချုပ်ရခက်ခြင်းနဲ့ တခြားကျန်းမာရေးရှုပ်ထွေးမှုတွေ ဖြစ်စေပါတယ်။

ဒါက ကလေးပေါင်း ၃၂၀၀၀၀ ဆီက သေချာလေ့လာထားတာပါ။ ဒီလိုဖြစ်ရတာရဲ့ အဓိကအကြောင်းအရင်းကိုတော့ မသိကြပါဘူး။ ဒါပေမယ့် ကျွမ်းကျင်သူတွေပြောကြားချက်အရ ကိုယ်ဝန်သက်အစောပိုင်းက ကလေးဦးနှောက်ဖွ့ဖြိုးမှုအတွက် အရေးကြီးဆုံးအချိန်ပါတဲ့။

ဗိုက်ထဲက ကလေးက ဦးနှောက်ဖွံ့ဖြိုးချိန်မှာ သွေးချိုမြင့်ခဲ့ရင် သူတို့မွေးဖွားပြီးနောက် သူတို့အမူအကျင့်တွေ ပြောင်းလဲနိုင်ပါတယ်။ ပညာရှင်တွေရဲ့ အဆိုအရ ကိုယ်ဝန်ဆီးချိုရှိတဲ့ ကလေးငယ်တွေရဲ့ ဦးနှောက် autoantibodies တွေနဲ့ anti fetal blood တွေ အရေအတွက်က သာမန်အမျိုးသမီးတွေထက် ၃ ဆပိုများပါတယ်။

MIND Institute ရဲ့လေ့လာမှုအရ အထီးကျန်စိတ်ဝေဒနာခံစားနေရတဲ့ ကလေးရှိတဲ့ အမျိုးသမီးတွေရဲ့ ၂၃ ရာခိုင်နှုန်းမှာ auto antibodies တွေရှိတာတွေ့ရပါတယ်။ မိခင်ရဲ့သွေးထဲမှာ ဒီ antibodies တွေရှိခြင်းက ကလေးငယ်မှာ အထီးကျန်စိတ်ဝေဒနာရောဂါရှိမရှိ သတ်မှတ်နိုင်ပါတယ်။

ရှာဖွေတွေ့ရှိမှုတွေအရ လေ့လာသူတွေဟာ အနာဂတ်မိခင်လောင်းတွေအနေနဲ့ ကောင်းမွန်တဲ့နေထိုင်မှုပုံစံနဲ့ သင့်တင့်မျှတတဲ့ အစားအစာတွေကိုစားပြီး သွေးချိုဆီးချိုကို ကြိုထိန်းသင့်တယ်လို့ အကြံပေးထားပါတယ်။ ကိုယ်ဝန်ဆောင်နေစဉ်လည်း မိခင်ဟာကိုယ်အလေးချိန်ထိန်းသင့်ပါတယ်။ ကိုယ်ဝန်သက် အလယ်နားလောက်ရောက်ရင် ကိုယ်ဝန်ဆောင်မိခင်အနေနဲ့ တစ်ပတ်ကို 500 gram အထက်အလေးချိန်မပိုရပါဘူး။

အစားအသောက်တွေ လေ့ကျင့်ခန်းတွေ မျှမျှတတလုပ်ပေမယ့်လည်း ကိုယ်အလေးချိန်မကျဘူးဆိုရင်တော့ ဆရာဝန်တွေ အထူးကုတွေဆီသွားသင့်ပါတယ်။ အများကြီးမစားပါနဲ့၊ နည်းနည်းချင်း အကြိမ်ရေများများခွဲစားပါ၊ အချိန်မှန်စားပါ၊ ပမာဏမှန်မှန်နဲ့ သင့်တော်စွာစားပါ။

သကြားပါတဲ့ အစားအစာစားသောက်မှုကိုလည်း ကန့်သတ်ပါ။ ကိုယ်ဝန်ဆောင်တွေအတွက် သင့်တော်တဲ့ ပေါ့ပါးတဲ့လေ့ကျင့်ခန်းတွေကိုလုပ်ပေးပါ။ ကိုယ်ဝန်ဆောင်တာက ဆရာဝန်ကနားနားနေနေ နေပါလို့မပြောသရွေ့ လှုပ်ရှားမှုအားလုံးကို ရပ်လိုက်ရမယ်လို့မဆိုပါဘူး။

Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

အမျိုးသားတို့ သိထားသင့်တဲ့ ကျန်းမာရေးအခြေအနေများ

အမျိုးသားတွေက ဆေးရုံဆေးခန်းသွားရမှာ၊ ဆေးသောက်ရမှာ၊ ကုသမှု ခံယူရတာကို သဘောမတွေ့ကြပါဘူး ဒါပေမယ့် လူတိုင်းကတော့ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်တာပါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

မေမေတိုင်း ရင်ခုန်စွာ စောင့်ဆိုင်းကြတဲ့ ဘေဘီလေး မွေးဖွားမယ့်အချိန်

မေမေတိုင်း ရင်ခုန်စွာ စောင့်ဆိုင်းကြတဲ့ ဘေဘီလေး မွေးဖွားမယ့်အချိန်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ပြီးပြည့်စုံတဲ့ မျက်စိကျန်းမာရေးအတွက် ဘာတွေဂရုစိုက်သင့်သလဲ။

မျက်စိအဆုံး နားအရှုံး ဖြစ်တာကြောင့် မျက်လုံးကို သေချာ ဂရုမစိုက်လို့ အမြင်ကွယ်ပြီး အသက်ဆုံးရှုံးသွားတဲ့အထိ ဖြစ်သွားနိုင်တယ်ဆိုတာ သတိပြုဖို့ လိုပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

စိုးရိမ်စိတ်ကြောင့် လိင်တံမထောင်မတ်နိုင်ခြင်း

လိင်တံမထောင်မတ်နိုင်တဲ့ ပြဿနာဟာ ယောက်ျားလေး ၁၀ ယောက်မှာ ၇ယောက်လောက် ကြုံတွေ့နေရတဲ့ ...

ရေးသားသူ Ye Myo Myat

သင့်အတွက် ရွေးချယ်ထားသည်

ဆီးချိုသမားတွေအတွက် အသင့်တော်ဆုံး ဟင်းချက်ဆီ ရွေးချယ်မယ်။

ဆီးချိုသမားတွေအတွက် အသင့်တော်ဆုံး ဟင်းချက်ဆီ ရွေးချယ်မယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 12, 2021 . 2 mins read
ကိုဗစ်ကာကွယ်ဆေး နဲ့ myths များစွာ

ကိုဗစ်ကာကွယ်ဆေး နဲ့ myths များစွာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 20, 2021 . 3 mins read
ကိုယ်ဝန်မြန်မြန်ရနိုင် စေဖို့ နည်းလမ်းကောင်းများ

ကိုယ်ဝန်မြန်မြန်ရနိုင် စေဖို့ နည်းလမ်းကောင်းများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 18, 2021 . 2 mins read
အမျိုးသမီးတွေမှာဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာများ

အမျိုးသမီးတွေမှာဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 14, 2021 . 2 mins read