backup og meta

အင်ဆူလင် နှင့် အလွဲများ

အင်ဆူလင် နှင့် အလွဲများ

ဆီးချို …… ကမ္ဘာ့လူဦးရေ တော်တော်များများ ခံစားနေရတဲ့ ရောဂါတစ်ရပ်ပါ။ မြန်မာနိုင်ငံမှာလည်း တစ်နှစ်ထက်တစ်နှစ် ဆီးချို ခံစားနေရသူ အရေအတွက်တွေ တိုးလာပါတယ်။ ဆီးချိုကြောင့် မလိုလားအပ်တဲ့ နောက်ဆက်တွဲ ပြဿနာတွေကို ခံစားနေရသူတွေလည်း မနည်းပါဘူး။ ဒီလိုဖြစ်ရတဲ့ အကြောင်းအရင်းက ဆီးချိုနဲ့ ပတ်သက်ပြီး ထိရောက်တဲ့ ကုထုံးတစ်ရပ်လို့ ယူဆထားတဲ့ အင်ဆူလင် ကုထုံးအပေါ် မှားယွင်း သိရှိထားတာတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။

တကယ်ကတော့ အင်ဆူလင်က ဆီးချိုရှိသူတွေအတွက် အထိရောက်ဆုံး ကုထုံးတစ်ရပ်ပါ။ ဆီးချိုကြောင့် နောက်ဆက်တွဲ ပြဿနာတွေ နည်းနိုင်သမျှ နည်းအောင် ကာကွယ်ပေးနိုင်တဲ့ အင်ဆူလင်နဲ့ ပတ်သက်ပြီး မှားယွင်း သိထားနိုင်တာလေးတွေကို ဆောင်းပါးလေးထဲကနေတဆင့် ပြောပြပေးသွားပါမယ်။

အင်ဆူလင် နှင့် အလွဲများ

အင်ဆူလင်က ဆီးချို ရှိသူတွေအတွက် အထိရောက်ဆုံး ကုထုံး တစ်ရပ်ဆိုပေမယ့် အခုလိုလေးတွေ မှားသိထားနိုင်ပါတယ်။

Myth 1 – အင်ဆူလင်ထိုးတာက ဆီးချို နောက်ဆုံး အဆင့်ပါ။

အင်ဆူလင်ထိုးတာက ဆီးချို နောက်ဆုံး အဆင့် မဟုတ်ပါဘူး။ အင်ဆူလင်ထိုးတာက ဆီးချိုကြောင့် အင်ဆူလင်လုံလောက်အောင် မထုတ်နိုင်တဲ့အတွက် ခန္ဓာကိုယ်ရဲ့ လိုအပ်ချက်ဖြစ်နေတဲ့ အင်ဆူလင်နေရာမှာ အစားထိုးတာပါ။ ဆီးချိုကို အကောင်းဆုံး ထိန်းသိမ်းနိုင်ဖို့ပါ။

ဒါ့ပြင် အမျိုးအစား ၂ဆီးချိုသမားတွေမှာ  အင်ဆူလင်ကို စောစောစထားတာက ပန်ကရိယကနေ အင်ဆူလင် ထုတ်ပေးတဲ့ ဆဲလ်တွေ ပြုန်းတီးတာကို သက်သာစေပြီး သွေးတွင်းသကြားဓာတ်ကို ပိုပြီးထိန်းရလွယ်စေပါတယ်။

Myth 2 – အင်ဆူလင် ထိုးရင် နာတယ်။

အင်ဆူလင်က သောက်ဆေး မဟုတ်ဘဲ အသားထဲကို ထိုးရတဲ့ ဆေးတစ်မျိုးပါ။ အပ်နဲ့ ထိုးရတာဖြစ်တာကြောင့် အပ်ကြောက်သူတွေကတော့ အင်ဆူလင်ထိုးရင် နာမယ်လို့ ယူဆနေကြပါတယ်။ အင်ဆူလင်ထိုးတဲ့ အပ်က အသစ်စက်စက်ဆိုရင် စက္ကူလေး တစ်ရွက်စာလောက် ခပ်ပါးပါးလေးပါ။ ဆေးထိုးတဲ့အခါမှာလည်း ပုရွက်ဆိတ် ကိုက်သလောက်ပဲ နာတာပါ။

Myth 3 – အင်ဆူလင်က ဓာတ်မတည့်မှု ပြင်းပြင်းထန်ထန် ဖြစ်စေနိုင်တယ်။

အင်ဆူလင်က ဓာတ်မတည့်မှု ဖြစ်စေနိုင်တယ်ဆိုပေမယ့် တော်တော်လေး ရှားပါတယ်။ ၁၀၀ မှာ ၂ ယောက် ကနေ ၃ ယောက်ဝန်းကျင်ပဲ ဖြစ်တာပါ။ ဓာတ်မတည့်မှု ဖြစ်တဲ့အခါမှာလည်း ပြင်းပြင်းထန်ထန် မဟုတ်ပါဘူး။ ဆေးထိုးထားတဲ့ နေရာနားမှာ နီရဲတာနဲ့ ယားယံတာမျိုးလောက်ပဲ ဖြစ်ပါတယ်။ အရမ်းလည်း မပြင်းထန်ပါဘူး။

Myth 4 – အင်ဆူလင်က နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်တယ်။

အင်ဆူလင်က နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေတယ်။ သေစေနိုင်တယ်ဆိုတာမျိုးကတော့ မဟုတ်ပါဘူး။

တကယ်ကတော့ အင်ဆူလင်က ဆီးချိုကြောင့် ဖြစ်လာနိုင်နဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို စောစောစီးစီး ကာကွယ်ပေးတဲ့အရာဖြစ်သလို ဆီးချိုရှိတဲ့အချိန်မှာ စောနိုင်သမျှစောစော အင်ဆူလင်ထိုးတာက သက်တမ်းစေ့စေ့နေနိုင်စေဖို့ အကောင်းဆုံး ထောက်ကူပေးမှာပါ။

Myth 5 – အင်ဆူလင်က ကိုယ်အလေးချိန် တက်စေနိုင်တယ်။

အင်ဆူလင်က ဆီးချိုရှိသူ တော်တော်များများကို ကိုယ်အလေးချိန် တက်စေတာကတော့ ဟုတ်ပါတယ်။ စတင် အသုံးပြုချိန်မှာ ကိုယ်အလေးချိန် တိုးလာတာကို သိရှိနိုင်ပါတယ်။ ဒါပေမယ့် ဒါက အင်ဆူလင် အပြစ်မဟုတ်ပါဘူး။ အင်ဆူလင် ထိုးရုံသက်သက်နဲ့တော့ ဝမလာပါဘူး။ စားတဲ့ အစားအစာ၊ ကိုယ့်ရဲ့ လှုပ်ရှားမှုပေါ်လည်း မူတည်ပါသေးတယ်။

ဒါကြောင့် ဝလာမှာ စိုးတယ်ဆိုရင်တော့ မထိုးခင်မှာ ဆရာဝန်နဲ့ တိုင်ပင်ပြီး ကိုယ်စားရမယ့် ပမာဏ၊ အစားအစာ၊ လုပ်ရမယ့် ကိုယ်လက်လေ့ကျင့်ခန်းတွေကို တိုင်ပင်သင့်ပါတယ်။ ဝလာမှာ စိုးတာနဲ့ အင်ဆူလင်ကို မရပ်သင့်ပါဘူး။ ကောင်းကျိုး ဆိုးကျိုး ချိန်ဆသင့်ပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Insulin Myths and Facts https://clinical.diabetesjournals.org/content/25/1/39 Accessed Date 25 August 2021

Treating Diabetes With Insulin: 4 Myths to Forget https://www.everydayhealth.com/hs/type-2-diabetes-care/insulin-myths/ Accessed Date 25 August 2021

EADSG Guidelines: Insulin Storage and Optimisation of Injection Technique in Diabetes Management https://www.ncbi.nlm.nih.gov/pmc/articles/PMC6437255/ Accessed Date 25 August 2021

ယခုပုံစံ

29/09/2023

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အင်ဆူလင် အာနိသင် ပိုမိုထိရောက်စေမည့် နေထိုင်စားသောက်ပုံများ

အိမ်မှာ အင်ဆူလင် ဘယ်လိုထိုးမလဲ။


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Htet Htet Zaw Win


Aye Thi Mon မှ ရေးသားသည်။ · 29/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement