လေပြွန်ငယ်များ လေပြွန်မကြီးကနေ ဘယ်နဲ့ ညာလေပြွန်တွေ ခွဲထွက်သွားပြီး အဆုတ်ထဲကို ဝင်သွားပါတယ်။ အဆုတ်ထဲမှာ လေပြွန်ငယ်တွေ သစ်ပင်အမြစ်လိုမျိုး ဆင့်ကာ ဆင့်ကာ ကွဲသွားပြီး လေအိတ်ငယ်လေးတွေဆီမှာ အဆုံးသတ်ပါတယ်။
ဒီလေပြွန်ငယ်လေးတွေမှာ ကြွက်သားလေးတွေ ရှိပါတယ်။ ဒီကြွက်သားလေးတွေက လေဝင်နှုန်းကို ထိန်းညှိပေးပါတယ်။ လေ့ကျင့်ခန်းတွေ လုပ်ရလို့ လေတွေပိုလိုအပ်နေပြီဆိုရင် ကြွက်သားတွေကို ပြေလျော့ပေးတဲ့အတွက် လေပြွန်တွေ ကျယ်လာပြီး လေတွေပိုဝင်လာပါတယ်။ သာမန်အချိန်မှာတော့ မလိုအပ်ဘဲ လေတွေ အများကြီး ဝင်မလာအောင် ကြွက်သားတွေ ကျုံ့ပေးထားပါတယ်။
လေပြွန်မကြီးကို ဖြတ်ပြီးလာတဲ့ လေထဲမှာ အဆုတ်ကို ထိခိုက်စေနိုင်တာတွေ ပါလာရင်လည်း အချွဲတွေနဲ့ ကပ်ပြီး ဖမ်းယူထားပါတယ်။
အဆုတ်က ဖော့လိုမျိုး ခပ်ပွပွ အင်္ဂါရပ်ပါ။ ဘယ်၊ညာ နှစ်ခြမ်းရှိပြီး ဘယ်ဘက်မှာ ၂မြွာ၊ ညာဘက်မှာ ၃မြွာ ထပ်ခွဲထးပါတယ်။ အဆုတ်ထဲမှာ လေအိတ်ငယ်လေးတွေရှိပြီး သူတို့က လေအလဲအလှယ် (gas exchange)လုပ်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။