backup og meta

Pandemic ဖြစ်နိုင်ခြေရှိနေတဲ့ ဗိုင်းရပ်စ်အသစ် တရုတ်မှာတွေ့

တစ်ကမ္ဘာလုံးမှာ COVID-19 ရောဂါပိုးကြောင့် ကပ်ဘေးသင့်နေချိန်မှာ တရုတ်နိုင်ငံမှာ ကပ်ဘေးအဆင့်ဖြစ်လာနိုင်ချေရှိတဲ့ ဝက်တုပ်ကွေးရောဂါပိုးကို သုတေသနပညာရှင်တွေက ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။

G4 လို့ အမည်ပေးထားတဲ့ ဒီရောဂါရဲ့မျိုးဗီဇဟာ တရုတ်က မွေးမြူရေးလုပ်သား ၁၀% မှာ ကပ်ညှိနေပြီး လူအချင်းချင်းကူးစက်နိုင်ခြေရှိမရှိ တိတိကျကျ သိရှိရခြင်းမရှိသေးပါဘူး။ G4 ဟာ ၂၀၀၉ ခုနှစ်တုန်းက ဖြစ်ပွားခဲ့တဲ့ H1N1 နဲ့ ဆက်နွယ်မှုရှိတယ်လို့လည်း သုတေသနပညာရှင်တွေကဆိုကြပါတယ်။ ဗိုင်းရပ်စ်ရဲ့ အမည် အပြည်အစုံကတော့ G4 EA H1N1 ပါ။

ဝက်သားထုတ်လုပ်ငန်းတွေကဝန်ထမ်း ၃၀၀၀၀ လောက်ရဲ့ Swab နမူနာတွေကို ရယူဆန်းစစ်ကြည့်ရာကနေ ခုလို ပိုးကူးစက်ခံထားရတာကို သိရှိလာရတာဖြစ်ပါတယ်။

H1N1 genes ဟာ လူလူချင်းကူးစက်နိုင်ပေမယ့် လက်ရှိပိုးသစ်ဟာ human to human ကူးစက်နိုင်တဲ့ သက်သေအထောက်အထားမတွေ့ရှိရသေးဘူးလို့ National Academy of Science က တနင်္လာနေ့က ထုတ်ပြန်ခဲ့ပါတယ်။

ဒါပေမယ့် G4 ဟာ Pandemic (ကပ်ဘေး) အသွင်ဖြစ်လာနိုင်တဲ့ အလားအလာတွေရှိနေတယ်လို့ China Agricultural University က သုတေသီတွေက သုံးသပ်ထားပါတယ်။

လက်ရှိမှာ ဝက်တွေမှာရှိနေတဲ့ G4 EA H1N1 ဗိုင်းရပ်စ်တွေကို ထိမ်းချုပ်ဖို့၊ စောင့်ကြည့်ဖို့နဲ့ လူတွေဆီ ထပ်မံမကူးစက်အောင် ကာကွယ်ဖို့လုပ်ငန်းစဉ်ဟာ အရေးကြီးလုပ်ဆောင်ရမယ့် ကိစ္စရပ်တစ်ခုဖြစ်နေတယ်လို့ ကျွမ်းကျင်သူတွေက ဆိုထားပါတယ်။ အကြောင်းကတော့ ဒီပိုးကို တရုတ်နိုင်ငံအတွင်းက ဒေသ ၁၀ ခုထက်မနည်းမှာ တွေ့ရှိထားပြီဖြစ်တာကြောင့်ပါ။

အကြောက် မလွန်ပါနဲ့

ဝက်တုပ်ကွေးခေါ် Swine Flu (H1N1) ဟာ ပေါ့ဆလို့မရတဲ့ ရောဂါဖြစ်ပါတယ်။ ၁၉၁၈ ခုနှစ် မက်ဆီကို နိုင်ငံမှာ စတင်တွေ့ရှိခဲ့ပြီး ရိုးရိုးတုပ်ကွေးအမျိုးအစားကနေ ဗီဇပြောင်းလဲကာ အသွင်ကွဲထွက်လာတဲ့ အမျိုးအစားဖြစ်ပါတယ်။ ကပ်ရောဂါသဖွယ် ရာစုနှစ်အလိုက်ဖြစ်ပွားတတ်ပြီး ၂၀၀၉ ခုနှစ်မှာ အပြင်းအထန်ဖြစ်ပွားခဲ့ဖူးပါတယ်။ ဒါပေမယ့် အရမ်းတော့ အကြောက်မလွန်ပါနဲ့။

ဝက်တုပ်ကွေးဟာ ပုံမှန် တုပ်ကွေးရောဂါတွေလိုပဲ လက္ခဏာတွေပြတတ်ပါတယ်။ ရာသီတုပ်ကွေးအနေနဲ့ ဖြစ်ပေါ်တတ်ပါတယ်။ ဝက်တွေမှာ ရှင်သန်နေထိုင်နိုင်တဲ့ ဗိုင်းရပ်စ်ပိုးဖြစ်ပေမယ့် သေချာကြက်အောင် ချက်ပြုတ်ထားတဲ့ ဝက်သားနှင့် စားသောက်ကုန်တွေကို စားသုံးရုံနဲ့တော့ မကူးစက်နိုင်ပါဘူး။

ဝက်တုပ်ကွေးဟာ ၂၀၀၉ ခုနှစ်မှာ လူတွေမှာစတင်တွေ့ရှိပြီး ကူးစက်ပြန့်နှံ့မှု ဖြစ်ပွားရာကနေ သတင်းခေါင်းကြီးပိုင်းဖြစ်ပွားခဲ့ပါသေးတယ်။ ကူးစက်ပြန့်နှံ့ရောဂါဆိုတာဟာ တစ်ချိန်တည်းမှာ တစ်ကမ္ဘာလုံး သို့ တိုက်နယ်အများအပြားမှာ ကူးစက်ပြန့်နှံ့ပြီး ဖြစ်ပွားတဲ့ ရောဂါဖြစ်ပါတယ်။ လူကနေ လူကိုသာ ကူးပြီး တိရိစ္ဆာန်ကနေ လူကို မကူးစက်နိုင်ပါဘူး။

ဝက်တုပ်ကွေးဗိုင်းရပ်စ်တွေဟာ အလွန်ကူးစက်နှုန်းမြန်ဆန်ပါတယ်။ ရောဂါပိုးဟာ တံတွေးနဲ့ ချွဲတွေ၊ အမှုန်တွေကနေ ကူးစက်ပြန့်နှံ့နိုင်ပါတယ်။

  • နှာချေတာ၊
  • ချောင်းဆိုးတာ၊
  • ရောဂါပိုးရှိတဲ့နေရာကို ကိုင်တွယ်မိပြီး မျက်နှာအစိတ်အပိုင်းတွေကို ကိုင်မိတာတွေကြောင့်ကူးစက်နိုင်ပါတယ်။

လက်ရှိဖြစ်ပေါ်နေတဲ့ ဝက်တုပ်ကွေးအမျိုးအစားဟာ မျိုးစိတ်အသစ်ဖြစ်တာကြောင့် ကွဲပြားမှုတန်ငယ်ရှိနိုင်ပေမယ့် ကြိုတင်ကာကွယ်လို့တော့ ရနိုင်ပါတယ်။ အကောင်းဆုံးကတော့ နှစ်တိုင်း တုပ်ကွေးကာကွယ်ဆိုးထိုးတာပဲ ဖြစ်ပါတယ်။ ဝက်တုပ်ကွေးကလည်း ၎င်းကာကွယ်ဆေးထိုးနှံပြီး ကာကွယ်လို့ရနိုင်ပါတယ်။

ဒါ့အပြင် COVID-19 အပါအဝင် တခြားသော အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါတွေလိုပဲ လူနေမှုပုံစံကို ပြောင်းလဲခြင်းဖြင့် ကာကွယ်နိုင်ပါသေးတယ်။

  • လုံလောက် ပြည့်ဝစွာအနားယူတာ၊
  • ကိုယ်ခံအားစနစ် ကောင်းမွန်အောင် နေထိုင်တာ၊
  • ရေနှင့် တခြားအရည်များကို များများသောက်တာ၊
  • လက်ကို ဆပ်ပြာ သို့ လက်သန့်စင်ဆေးတွေ သုံးပြီး မကြာခဏဆေးကြောသန့်စင်ပေးတာ၊
  • အပြင်သွားရင် မျက်နှာဖုံးတပ်တာ၊
  • လူစုလူဝေးကို ရှောင်တာ၊
  • အစားအစာတွေကို ကျက်အောင် ချက်ပြုတ်စားတာ၊
  • နှာခေါင်း၊ ပါးစပ်နှင့် မျက်လုံးတွေကို လက်နဲ့ မကြာခန မပွတ်သပ်မိအောင် သတိထားနေထိုင်တာ၊
  • ဖျားနာနေရင် အပြင်မထွက်ပဲ အိမ်မှာနေတာတွေပါပဲ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.independent.co.uk/news/science/new-virus-flu-pandemic-china-human-bird-pig-swine-coronavirus-a9592526.html

https://www.theguardian.com/world/2020/jun/30/new-swine-flu-with-pandemic-potential-identified-by-china-researchers

https://www.webmd.com/cold-and-flu/features/swine-flu-faq-1

https://www.webmd.com/cold-and-flu/flu-guide/h1n1-flu-virus-swine-flu#1

ယခုပုံစံ

08/07/2022

Ye Zon Aung မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

H1N1 ခေါ် ဝက်တုပ်ကွေး

H1N1 Flu (ဝက်တုပ်ကွေး)


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Ye Zon Aung မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 08/07/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement