backup og meta

H1N1 ခေါ် ဝက်တုပ်ကွေး

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Poe Ei Win မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    H1N1 ခေါ် ဝက်တုပ်ကွေး

    H1N1!!! အရမ်းတော့ အကြောက်မလွန်ပါနဲ့ ဒါပေမယ့် ပေါ့ဆလို့မရပါဘူး။

    အခု မြန်မာနိုင်ငံမှာ သံသယဖြစ်ဖွယ် ရှိနေတဲ့ H1N1 ခေါ် ဝက်တုပ်ကွေး(swine flu) ဆိုတာက ရောဂါအသစ်တစ်မျိုးတော့ မဟုတ်ပါဘူး။

    ဝက်တုပ်ကွေးခေါ် swine flu (H1N1) ဟာ ၁၉၁၈ ခုနှစ် မက်ဆီကို နိုင်ငံမှာ စတင်တွေ့ရှိခဲ့ပြီး ရိုးရိုးတုပ်ကွေးအမျိုးအစားမှ ဗီဇပြောင်းအသွင်ကွဲထွက်လာတဲ့ အမျိုးအစားဖြစ်ပါတယ်။ ကပ်ရောဂါသဖွယ် ရာစုနှစ်အလိုက်ဖြစ်ပွားတတ်ပြီး ၂၀၀၉ ခုနှစ်မှာ အပြင်းအထန်ဖြစ်ပွားခဲ့ဖူးပါတယ်။ အခု၂၀၁၇ မှာတော့ အိန္ဒိယနိုင်ငံမှ စတင်ဖြစ်ပွားတယ်လို့ သိရှိရပါတယ်။

    H1N1 သို့ ဝက်တုပ်ကွေး (swine flu)ဆိုတာ ဘာလဲ။

    H1N1 တုပ်ကွေး တစ်နည်းအားဖြင့် ဝက်တုပ်ကွေးလို့ ခေါ်တဲ့ ရောဂါကို H1N1 ဆိုတဲ့ virus ကြောင့်ဖြစ်ပွားစေပါတယ်။ ဒီ virus ဟာ တုပ်ကွေးvirus (influenza virus)ရဲ့ မျိုးစိတ်အသစ်ဖြစ်ပြီး ပုံမှန် တုပ်ကွေးရောဂါအမျိုးအစားကဲ့သို့ လက္ခဏာတွေပြတတ်ပါတယ်။ လက်တလောမှာတော့ H1N1 virus ဟာလူတွေမှာ ရာသီတုပ်ကွေးအနေနဲ့ ဖြစ်ပေါ်တတ်ပါတယ်။ ဝက်တွေမှာ ရှင်သန်နေထိုင်နိုင်တဲ့ virus ပိုးဖြစ်သော်လည်း သေချာချက်ပြုတ်ကိုင်တွယ် ထားတဲ့ ဝက်သားနှင့် တခြားသက်ဆိုင်ရာ စားသောက်ကုန်တွေ စားခြင်းဖြင့်တော့ မကူးစက်နိုင်ပါဘူး။

    ဝက်တုပ်ကွေးဟာ ၂၀၀၉ ခုနှစ်မှာ လူတွေမှာစတင်တွေ့ရှိပြီး ကူးစက်ပြန့်နှံ့မှု ဖြစ်ပွားရာကနေ သတင်းခေါင်းကြီးပိုင်းဖြစ်ပွားခဲ့ပါသေးတယ်။ ကူးစက်ပြန့်နှံ့ရောဂါဆိုတာဟာ တစ်ချိန်တည်းမှာ တစ်ကမ္ဘာလုံး သို့ တိုက်နယ်အများအပြားမှာ ကူးစက်ပြန့်နှံ့ပြီး ဖြစ်ပွားတဲ့ ရောဂါဖြစ်ပါတယ်။

    ဝက်တုပ်ကွေး ဘယ်လို ကူးစက်သလဲ။

    H1N1 တုပ်ကွေးဟာ ဝက်တွေမှာသာ ကူးစက်တတ်တဲ့ တုပ်ကွေးvirus မျိုးစိတ်အသစ်တစ်မျိုးဖြစ်ပါတယ်။ တိုက်ဖိုက်နဲ့ မတူတာက သန်းတွေ၊ မှက်တွေကနေ ကူးစက်တာမဟုတ်ပဲ လူကနေ လူကိုသာ ကူးပြီး တိရိစ္ဆာန်ကနေလည်း လူကို မကူးစက်နိုင်ပါဘူး။

    H1N1 တုပ်ကွေးက အလွန်ကူးစက်နိုင်ပါတယ်။ ရောဂါပိုးဟာ တံတွေးနှင့် ချွဲတွေအမှုန်တွေကနေ ကူးစက်ပြန့်နှံ့နိုင်ပါတယ်။ လူတွေမှာ အောက်ပါနည်းလမ်းတွေနဲ့ ပြန့်နှံ့နိုင်ပါတယ်။

    • နှာချေခြင်း
    • ချောင်းဆိုးခြင်း
    • ရောဂါပိုးရှိတဲ့ နေရာကိုကိုင်တွယ်မိပြီး မျက်လုံး သို့ နှာခေါင်းတို့အား ကိုင်မိခြင်း

    လူတွေ နှာချေ၊ ချောင်းဆိုးတဲ့ အခါမှာ လေထဲကို မျက်စိနဲ့ မမြင်နိုင်တဲ့ virus အမှုန်အမွှားတွေ ပက်ဖြန်းလိုက်သလိုဖြစ်သွားပါတယ်။ အကယ်၍သာ သင်ဟာ ၎င်းအမှုန်တွေကို အမှုန်ကျနိုင်တဲ့နေရာ (တံခါးလက်ကိုင် သို့ ဘေစင်တွေ)နဲ့ ထိတွေ့မိတာ သို့ ရောဂါပိုးရှိတဲ့သူထိတွေ့ထားတဲ့ အရာကို ကိုင်မိတာ၊ထိမိတာတွေ ကြောင့် H1N1 တုပ်ကွေးရောဂါကို ကူစက်နိုင်ပါတယ်။ ရောဂါရှိတဲ့ လူတစ်ယောက်ဟာ ရောဂါလက္ခဏာတွေ မပြခင်တစ်ရက်ရက်မှာ ပြန့်နှံ့စေနိုင်သလို ဖျားနာပြီး ၇ ရက်အတွင်းမှာလည်း ပြန့်နှံ့စေနိုင်ပါတယ်။ ကလေးတွေကတော့ ၁၀ ရက်လောက်ထိကို ကူးစက်နိုင်ပါတယ်။

    ဝက်တုပ်ကွေးဆိုတဲ့ နာမည်အရတော့ သင်ဟာ ဝက်ကင်၊ ဝက်ပေါင်ခြောက် သို့ တခြားဝက်နဲ့ဆိုင်တဲ့ စားသောက်ကုန်တွေ စားပြီးတော့ မကူးစက်နိုင်ပါဘူး။

    ရောဂါရှာဖွေခြင်းနှင့် ကုသခြင်း

    ယခုဖော်ပြထားသည့် အချက်အလက်များမှာ ဆေးပညာဆိုင်ရာကျွမ်းကျင်သူ၏ အကြံပေးချက်များနေရာတွင် အစားထိုးရန် မသင့်တော်ပါ။ ဆက်လက်သိရှိလိုသောအချက်အလက်များအတွက် သင့်ရဲ့ဆရာဝန်နဲံ အမြဲတိုင်ပင်ဆွေးနွေးပါ။

    ဝက်တုပ်ကွေး H1N1 တုပ်ကွေး ဟုတ်မဟုတ်ကို ဘယ်လိုအဖြေရှာအတည်ပြုသလဲ။

    သင့်ဆရာဝန်က သင့်ခန္ဓါကိုယ်မှာ အရည်နမူနာတစ်ချို့ယူပြီး စမ်းသပ်စစ်ဆေးပြီး ရောဂါရှာဖွေနိုင်ပါတယ်။ နမူနာယူဖို့ရန် ဆရာဝန် သို့ သူနာပြုဆရာမက သင့်နှာခေါင်း သို့ လည်ချောင်းတွင်းမှ ဂွမ်းစနှင့် အရည်ကို သုတ်ယူပါလိမ့်မယ်။ ပြီးနောက် ၎င်းသုတ်ယူထားတဲ့ အရည်နမူနာအား မျိုးရိုးဗီဇဆိုင်ရာနည်းလမ်းတွေ နှင့် ဓါတ်ခွဲနည်းလမ်းအမျိုးမျိုးသုံးပြီး virus အမျိုးအစားကို အတိအကျ ခွဲထုတ်နိုင်ပါတယ်။

    ဝက်တုပ်ကွေး သို့ H1N1 တုပ်ကွေး ကို ဘယ်လိုကုသလဲ။

    ဝက်တုပ်ကွေးလူနာအများစုကတော့ ကုသမှုမလိုအပ်နိုင်ပါဘူး။ သင့်တုပ်ကွေးကနေ နောက်ဆက်တွဲတွေ ဖြစ်လာနိုင်ချေမရှိရင်တော့ ဆရာဝန်တောင်ပြစရာ မလိုပါဘူး။ သင်ဟာ လက္ခဏာတွေ သက်သာလာအောင်နှင့် တခြားလူတွေကို မပြန့်နှံ့နိုင်အောင် သတိထားကာကွယ်စောင့်ရှောက်သင့်ပါတယ်။

    ဝက်တုပ်ကွေးကို ကုသရန် virus သတ်ဆေးနှစ်မျိုးဖြစ်တဲ့ oseltamivir(Tamiflu) နှင့် zanamivir(Relenza) ဆိုတဲ့ သောက်ဆေးတွေကိုတော့ အကြံပြုထောက်ခံပါတယ်။ ရောဂါပိုးဟာ ဒီဆေးတွေကို ရင်သွားနိုင်တဲ့ အကြောင်းပြချက်ကြောင့် နောက်ဆက်တွဲဆိုးကျိုးဖြစ်ပွားနိုင်ချေရှိတဲ့ လူနာတွေအတွက်သာ ဆေးတွေကို ချန်ထားတတ်ကြပါတယ်။ အကယ်၍ မဟုတ်ခဲ့လျှင်တော့ ဝက်တုပ်ကွေးမိတဲ့ လူနာဟာ ပုံမှန်အားဖြင့် ကျန်းမာတဲ့လူဆိုလျှင်တော့ သူ့ဖာသာ virus ကို ခန္ဓါကိုယ်မှ ပြန်တိုက်ထုတ်နိုင်ပါတယ်။

    ရောဂါကာကွယ်ခြင်း

    လွန်ခဲ့တဲ့ နှစ်အနည်းငယ်တုန်းကလောက် ဝက်တုပ်ကွေးက ကြောက်စရာမကောင်းတော့ပေမယ့် သင့်ကိုယ်သင့်မဖြစ်ပွားအောင် ကာကွယ်နိုင်ဖို့တော့ အရေးကြီးပါတယ်။ ရာသီတုပ်ကွေးကဲ့သို့ပင် တချို့လူတွေမှာ ပြင်းထန်တဲ့ ရောဂါတွေဖြစ်ပွားလာနိုင်ပါတယ်။ အကောင်းဆုံးကတော့ နှစ်တိုင်း တုပ်ကွေးကာကွယ်ဆိုးထိုးတာပဲ ဖြစ်ပါတယ်။ ဝက်တုပ်ကွေးကလည်း ၎င်းကာကွယ်ဆေးတွေထဲမှာ တစ်မျိုးပါဝင်ပါတယ်။

    ထို့ပြင် လူနေထိုင်မှု ပြောင်းလဲခြင်းဖြင့်လည်း သင့်ကိုယ်သင်နှင့် တခြားသူတွေကို အကူးစက်နိုင်အောင် ကာကွယ်နိုင်ပါသေးတယ်။

    အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် ဝက်တုပ်ကွေး ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။

    • ပြည့်ဝစွာအနားယူပါ။ ထိုသို့အနားယူခြင်းဖြင့် သင့်ရဲ့ ကိုယ်ခံအားစနစ်က ရောဂါကို ကောင်းစွာတိုက်ထုတ်နိုင်ပါလိမ့်မယ်။
    • ရေနှင့် တခြားအရည်များကို များများသောက်ခြင်းဖြင့် ရေဓါတ်ခမ်းခြောက်မှုမှ ကာကွယ်ပါ။ စွပ်ပြုတ်နှင့် သစ်သီးဖျော်ရည်တွေက ခန္ဓါကိုယ်မှ ဆုံးရှူံးသွားတဲ့ အာဟာရတွေကို ပြန်ဖြည့်ဆည်းပေးနိုင်ပါတယ်။
    • ခေါင်းကိုက်တာ၊ လည်ချောင်းနာတာတွေအတွက် တရားဝင် အကိုက်အခဲပျောက်ဆေးတွေကို ဝယ်သောက်ပါ။
    • လက်ကို ဆပ်ပြာ သို့ လက်သန့်စင်ဆေးတွေ သုူံးပြီး မကြာခဏဆေးကြောသန့်စင်ပေးပါ။
    • နှာခေါင်း၊ ပါးစပ်နှင့် မျက်လုံးတွေကို မထိမိပါစေနဲ့(virus ပိုးက စားပွဲ၊တယ်လီဖုန်းစတဲ့ မျက်နှာပြင်တွေမှာ ကောင်းစွာ အသက်ရှင်နေနိုင်တာကြောင့်ဖြစ်ပါတယ်။)
    • နေအကောင်းဖျားနာနေလျှင် အလုပ် သို့ ကျောင်းမသွားပဲ အိမ်မှာနေပါ။
    • နှာခေါာင်းစည်း မျက်နှာဖုံး facemask တက်ထားပါ။
    • ဝက်တုပ်ကွေးဖြစ်နေပြီလို့ သံသယရှိနေလျှင် လူများတဲ့ နေရာတွေကိုရှောင်ကြဉ်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Poe Ei Win မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement