Covid-19 ကာကွယ်ဖို့အတွက် WHOမှ ချမှတ်ထားသော နေ့စဉ်လိုက်နာရမည့်အချက်များ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 25, 2020 . 2 mins read
Share now

လက်ရှိမြန်မာနိုင်ငံမှာ Covid-19 ကူးစက်ခံလူနာအရေအတွက် နေ့စဉ်များပြားလာတာနှင့်အမျှ ပိုမိုကြောက်ရွံလာသူများရှိသလို ယခင်ကလောက် အာရုံမထားတော့ပဲ ပေါ့ပေါ့ဆဆနေလာသူများလည်း ရှိနေပါတယ်။ မည်သို့ပင်ဖြစ်စေ မိမိတွင် ကူးစက်တဲ့အခါ မိသားစုဝင်များနှင့် မိတ်ဆွေတွေကိုပါ ကူးစက်နိုင်ပြီး နောက်ဆက်တွဲကိစ္စရပ်များစွာကြောင့်လည်း စိတ်ရှုပ်ထွေးရမှာမို့ မပေါ့ဆဘဲ နေ့စဉ်လိုက်နာသင့်တာတွေကို လိုက်နာဖို့ လိုအပ်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ WHO Guidelines တွေအရ ကျွန်မတို့နေ့စဉ်လိုက်နာရမယ့် အခြေခံအချက်အလက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

  • လက်ကို ဆပ်ပြာနှင့် ရေ အသုံးပြုပြီး အနည်းဆုံး စက္ကန့်၂၀ကြာအောင် ဆေးကြောပါ။ ရေနှင့်ဆပ်ပြာ မရရှိပါက အယ်ကိုဟော ၆၀ရာနှုန်းအနည်းဆုံးပါတဲ့ လက်သန့်ဆေးရည်ဖြင့် ဆေးကြောပေးပါ။ လက်ကိုမကြာခဏ သန့်စင်ပေးဖို့ အရေးကြီးပါတယ်။
  • အိမ်ပြင်သို့ မဖြစ်မနေ အခြေအနေမှထွက်သင့်ပြီး အပြင်ဘက်ရှိ လူများနှင့် အနည်းဆုံး၆ပေအကွာတွင် နေပါ။ ဒီလိုနေခိုင်းရခြင်းကတော့ ရောဂါရှိသူတစ်ဦး ချောင်းဆိုးခြင်း၊ နှာချေခြင်းနှင့် စကားပြောခြင်းပြုလုပ်တဲ့အခါ သူ့ရဲ့ ပါးစပ်နှင့်နှာခေါင်းများဆီက အမှုန်အမွှားတွေ အပြင်ဘက်သို့ ပျံ့နှံ့လာပါတယ်။ ထိုအမှုန်အမွားတွေမှာ ဗိုင်းရပ်စ်တွေ ပါဝင်နေပြီး သင့်အနေနှင့် အနီးကပ်အနေအထားတွင်ရှိနေမယ်ဆိုရင်တော့ သင့်ဆီဗိုင်းရပ်စ်တွေရောက်ရှိလာမှာ ဖြစ်ပါတယ်။
  • လူအများ စုဝေးသော နေရာများသို့ သွားရောက်ခြင်း လုံးဝမပြုပါနှင့်။
  • အိမ်ပြင်ထွက်ရသည့်အခါတိုင်း surgical maskကို မဖြစ်မနေဝတ်ဆင်ပါ။ လိုအပ်ပါက face shieldကိုပါ အသုံးပြုပါ။
  • လက်ဖြင့် မျက်နှာ၊ နှာခေါင်းနှင့် ပါးစပ်များကို ထိတွေ့ခြင်း လုံးဝမပြုလုပ်သင့်ပါ။ လက်ဖြင့် ဗိုင်းရပ်စ်နှင့် ထိတွေ့ထားသောနေရာတွေကို ကိုင်မိပါက ဗိုင်းရပ်စ်တွေ လက်ကနေတဆင့် ကိုယ်ထဲသို့ဝင်ရောက်နိုင်လို့ပဲဖြစ်ပါတယ်။
  • နှာချေ၊ ချောင်းဆိုးပါက ပါးစပ်နှင့် နှာခေါင်းကို တံခေါက်ကွေး သို့မဟုတ် တစ်ရှူးစဖြင့် လုံအောင်အုပ်ပါ။ထို့နောက် တစ်ရှူးကို ချက်ချင်း အမှိုက်ပုံးထဲ ထည့်ပါ။
  • သင့်အနေနှင့် ချောင်းဆိုးခြင်း၊ ခေါင်းကိုက်ခြင်း၊ ကိုယ်ပူခြင်းစတဲ့ အသေးစားလက္ခဏာများကို ခံစားရပါက မိမိအခန်းထဲတွင် သီးသန့်နေထိုင်ပါ။ အိမ်ရှိ မိသားစုဝင်များနှင့် လုံးဝမထိတွေ့ပါနှင့်။

Hand Sanitizerကို နည်းမှန်လမ်းမှန်အသုံးပြုနည်း

  • Hand sanitizerဘူးများကို ကလေးများ လက်လှမ်းမမှီသောနေရာတွင် ထားပေးပါ။ ကလေးများကိုလည်း မှန်ကန်စွာ အသုံးပြုတတ်အောင် သင်ပြပေးပါ။လူကြီးရှေ့တွင်သာ အသုံးပြုပါစေ။
  • အသုံးပြုတဲ့အခါမှာ ကျပ်စေ့ပမာဏကိုသာ လက်ထဲသို့ထည့်ပါ။ ပမာဏအများကြီး မလိုအပ်ပါဘူး။
  • Hand sanitizerအသုံးပြုပြီးပြီးချင်း မျက်စိ၊ ပါးစပ်နှင့် နှာခေါင်းများကို ချက်ချင်းထိတွေ့တာမျိူး မလုပ်ပါနှင့်။
  • မီးများမကိုင်မီနှင့် ဟင်းမချက်မီ hand sanitizerကို တတ်နိုင်သမျှ အသုံးမပြုပါနှင့်။
  • လက်ကို ရေနှင့်ဆပ်ပြာဖြင့် စင်ကြယ်အောင် ဆေးကြောခြင်းကသာ Covid-19ကို ကာကွယ်ဖို့ အကောင်းဆုံးနည်းလမ်းဖြစ်ပြီး ဆပ်ပြာမရရှိမှသာလျှင် hand sanitizer ကို အသုံးပြုကြဖို့လည်း တိုက်တွန်းလိုက်ပါတယ်။

ရေးသားသူ – Dr Rose

COVID-19 Outbreak updates
Country: Myanmar
Data

117,946

Confirmed

97,819

Recovered

2,484

Death
Distribution Map

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

အိန္ဒိယရဲ့ ဆုံးဖြတ်ချက်ကြောင့် မြန်မာ့ ကိုဗစ်ကာကွယ်ဆေးရရှိရေး မျှော်လင့်ချက် ထိခိုက်မလား

မြန်မာနိုင်ငံဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၄ ရက်နေ့တုန်းက အိန္ဒိယနိုင်ငံ အခြေစိုက် ...

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

ဈေးနှုန်းချိုသာတဲ့ Oxford-AstraZeneca ကိုဗစ်ကာကွယ်ဆေး အသုံးပြုခွင့်ရပြီ

တန်ကြေး အမေရိကန်ဒေါ်လာ ၅ ဒေါ်လာ ဝန်းကျင်သာကျသင့်မယ့် Oxford/AstraZeneca ကိုဗစ်ကာကွယ်ဆေးကို ဗြိတိန်နိုင်ငံက အသုံးပြုခွင့် ခွင့်ပြုလိုက်ပြီဖြစ်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

ကိုယ့်ဘေးကလူတွေမှာ COVID ပိုးမရှိနိုင်ဘူးလို့ ဘာလို့ စိတ်ချလက်ချ ယုံကြည်နေတာလဲ

ကိုယ်ရင်းနှီးရတဲ့သူဆိုရင် ပိုးမရှိနိုင်ဘူးလား? ဘာကြောင့် သံသယမဝင်ကြတာလဲ? အနီးကပ်ဆုံးရှိနေတဲ့သူတွေက ပိုးမရှိဘူးဆိုတာ ဘာကြောင့် ဒီလောက်သေချာနေရတာလဲ?

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

COVID ပိုးအသစ်နဲ့ နယူးရီးယားကြောင့် တတိယလှိုင်းဖြစ်လာနိုင်သလား

ရောဂါပိုးမျိုးစိတ်သစ်ထွက်ပေါ်လာချိန်ဟာ ပျော်ပွဲရွှင်ပွဲတွေ ကျင်းပရာ ဒီဇင်ဘာလဖြစ်နေခဲ့တာမို့ နိုင်ငံတကာမှာတော့ ထိန်းချုပ်ရခက်ခဲနေခဲ့ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

သင့်အတွက် ရွေးချယ်ထားသည်

ဘေဘီလေး နဲ့ ကြက်သွန်နီ

ဘေဘီလေးက ကြက်သွန်နီ (Onions) စားလို့ရရဲ့လား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 20, 2021 . 2 mins read
အဖြစ်များတဲ့ အသက်ရှူလမ်းကြောင်း ပိုးဝင်ခြင်းများ

အဖြစ်များတဲ့ အသက်ရှူလမ်းကြောင်း ပိုးဝင်ခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 14, 2021 . 3 mins read
ကိုဗစ်ကပ်ဘေးအတွင်းမှာ ဘယ်သူတွေ အထီးကျန်အဆန်ဆုံးဖြစ်နေလဲ

ကိုဗစ်ကပ်ဘေးကြောင့် ပိုကြီးမားလာတဲ့ နောက်ထပ်ကပ်ဘေးတစ်ခု

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 8, 2021 . 3 mins read
အထက်လန်အောက်လျှော ဖြစ်စေတဲ့ အကြောင်းရင်းများ

အထက်လန်အောက်လျှော ဖြစ်စေတဲ့ အကြောင်းရင်းများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 5, 2021 . 3 mins read