အစားအစာများမှ ကိုဗစ်ပိုးကူးနိုင်ခြေနည်းကြောင်း ပညာရှင်များပြောကြား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date အောက်တိုဘာ 1, 2020 . 2 mins read
Share now

ပညာရှင်တွေ ပြောကြားချက်အရ ပြင်းထန်အဆုတ်ရောင် ကိုဗစ်ရောဂါ (Covid-19) ကို ဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေကို အစားအစာကနေ ကူးစက်နိုင်ခြေ မရှိသလောက် နည်းတယ်လို့ သိရပါတယ်။ ဒီလို ကပ်ဘေးကာလမှာ အိမ်ရဲ့ စားဝတ်နေရေးအတွက် ဝယ်ခြမ်းချက်ပြုတ်နေရတဲ့ အိမ်ထောင်ရှင် အမျိုးသမီးများအတွက်တော့ ရင်အေးစရာ သတင်းလို့ ဆိုရမှာပါပဲ။

အစားအစာတွေထဲမှာဆိုရင်

၁။ အသားစိမ်း၊ ငါးစိမ်း

ပုံမှန်ကတော့ အသားငါး အစိမ်းတွေမှာ သူ့ဟာနဲ့သူ ရောဂါပိုးတွေကတော့ ပါပြီးသားဖြစ်သလို Covid-19 ပိုးလည်း ကပ်တော့ ကပ်သွားနိုင်ပါတယ်။ ဒါပေမယ့် အပူပေးပြီး ချက်ပြုတ်ကြော်လှော်လိုက်တဲ့အခါ ပြင်းထန်တဲ့ အပူချိန်ကြောင့် ရောဂါပိုးတွေဟာ အစားအသောက်မှာ ကျန်ရစ်ခဲ့တော့မှာ မဟုတ်ပါဘူး။ ဒီအတွက် ကပ်ဘေးကာလမှာ အသားငါးတွေကို သေချာကျက်နေအောင် ချက်ပြုတ်ဖို့တော့ အရေးကြီးပါတယ်။

၂။ သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်

ဟင်းသီးဟင်းရွက်တွေကို အစိမ်းစားတာလည်း ရှိသလို ချက်ပြုတ်စားသောက်တာလည်း ရှိပါတယ်။ ဒီအတွက် ရေခဲသေတ္တာထဲ မထည့်ခင်နဲ့ ဟင်းမချက်ခင်မှာ သေချာရေဆေးဖို့တော့ လိုမယ်နော်။ အကောင်းဆုံးကတော့ ခုလို ကပ်ဘေးကာလမှာ ဟင်းသီးဟင်းရွက်တွေကို မိသားစုစားနိုင်ရုံလောက် နည်းနည်းစီ ချက်ပေးပြီး ပူပူနွေးနွေးစားပေးသင့်ပါတယ်။ အသီးအနှံတွေကိုလည်း တတ်နိုင်သလောက် ရေဆေးပြီးမှ အခွံနွှာစားပေးနိုင်ရင်တော့ ပိုကောင်းပါတယ်။

၃။ တခြားမုန့်ပဲသရေစာများ

အပြင်ကနေ ပလတ်စတစ်အိတ်နဲ့ လုံခြုံစွာ ထုပ်ပိုးထားတဲ့ မုန့်ပဲသရေစာတွေဆိုရင်တော့ အထဲက အစားအစာမှာ ရောဂါပိုးကပ်နိုင်စရာ အကြောင်းမရှိပါဘူး။ ဒီအတွက် ပိုသေချာသွားအောင် အပြင်က ပါကင်ထုပ်ကို ဖောက်ပြီး၊ မုန့်စားပြီးသွားပြီဆိုရင်တော့ လက်ကို ဆပ်ပြာ၊ ရေနဲ့ စနစ်တကျလေး ပြန်ဆေးပေးပါ။

၄။ စားသောက်ဆိုင်မှ ထုတ်ပိုးမှာယူ​သော အစားအစာများ

ပုံမှန်အားဖြင့် စားသောက်ဆိုင်ကနေ ကိုယ်စားချင်တဲ့ အစားအစာတွေ အော်ဒါမှာစားလိုက်တဲ့အခါ လတ်လတ်ဆတ်ဆတ် ချက်ပြုတ်ပြီးမှသာ အလုံပိတ်အိတ်ထဲ ထည့်ပြီး ပို့ပေးတာဖြစ်တဲ့အတွက် ရောဂါပိုးတွေ ကပ်နေမှာတော့ သိပ်ပြီး စိတ်ပူနေစရာမလိုပါဘူး။ အပြင်ဘက် အိတ်တွေမှာလည်း စားစရာကနေ ထွက်လာတဲ့အပူရှိန်ကြောင့် တော်ရုံရောဂါပိုးမွှားတွေ ကပ်နိုင်မှာ မဟုတ်ပါဘူး။

သတိထားသင့်တဲ့ အရာများ

အစားအစာကနေ ရောဂါပိုး ကပ်နိုင်ခြင်း အလွန်နည်းတယ်ဆိုတာမှန်ပေမယ့် ကိုယ့်ဘက်က ကြိုတင်သတိထားလို့ရတာမျိုး၊ ပြင်ဆင်ထားသင့်တာတွေ ပြင်ဆင်ထားနိုင်ရင်တော့ ပိုကောင်းပါတယ်။ အဓိက လုပ်ပေးရမှာတွေကတော့

  • စားစရာတွေကို ထုတ်ပိုးထည့်ထားတဲ့ ကြွပ်ကြွပ်အိတ်တွေကို အိမ်သားတွေနဲ့ မထိတွေ့မိစေအောင် ဝေးဝေးတစ်နေရာ သို့မဟုတ် အမှိုက်ပုံးထဲမှာ သေချာထည့်ထားပါ
  • အပြင်သွားတဲ့ ဝတ်ထားခဲ့တဲ့ Mask တွေကို ချွတ်ပြီး အလုံပိတ်အိတ်နဲ့ ထည့်ကာ အမှိုက်ပုံးထဲ ပစ်ပါ။
  • စားစရာတွေကို မကိုင်တွယ်၊ မချက်ပြုတ်ခင် လက်ကို ဆပ်ပြာ၊ ရေနဲ့ အနည်းဆုံး စက္ကန့် ၂၀ခန့် သေချာပွတ်ဆေးပေးဖို့ အလွန်အရေးကြီးပါတယ်။ ချက်ပြုတ်ပြီးသားရင်လည်း ဒီအတိုင်းပဲ လက်ကို ပြန်ဆေးပေးပါ
  • စားစရာတွေကို အမြဲ ပူပူနွေးနွေးသာ စားသုံးပါ။ ဟင်းလျာများ အေးနေပြီဆိုရင် ထမင်းမစားခင်မှာ ကြိုပြီး နွှေးတာမျိုး လုပ်ပေးပါ
  • ဟင်းချက်ပြုတ်တဲ့အခါ အစာအာဟာရ စုံလင်စွာ ပါဝင်စေဖို့ အိမ်ထောင်ရှင် မေမေတို့ သေချာဂရုပြုပေးပါ

Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ ဘဝနေ့ရက်များကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

COVID-19 Outbreak updates
Country: Myanmar
Data

49,072

Confirmed

28,636

Recovered

1,172

Death
Distribution Map

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ကိုဗစ်ကာလမှာ အိမ်မှာနေရင်းဇက်ကြောတက်တာကို ဘယ်လိုကာကွယ်မလဲ

အရိုးအဆစ် လေ့ကျင့်ခန်း ကြွက်သား ကွန်ပျူတာ ဖုန်း အကိုက်အခဲ ဆီးသွား ဇက်ကြောတက် ကိုဗစ် ထိုင်ခုံ ညောင်းကိုက် ခါးကြော ရုံးတက် ညောင်းညာ ခါးညောင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat
ကျန်းမာစွာနေထိုင်ခြင်း, Corona Virus, COVID-19 အောက်တိုဘာ 25, 2020 . 2 mins read

ကိုယ့်ရဲ့ နေအိမ်ဝန်းကျင် သန့်ရှင်းသပ်ရပ်နေတဲ့အခါ…

နေအိမ် အိမ်သန့်ရှင်းရေး အမှိုက် ဖုန်တက် လေ့ကျင့်ခန်း အိပ်ရာ မီးဖိုချောင် အိမ်သာ ရေချိုးခန်း ရောဂါပိုးမွှား ကိုဗစ် ကပ်ဘေး ဖျားနာ စိတ်ဖိစီး ကျန်းမာရေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat

အဝတ်အထည်၊ ပိုက်ဆံနဲ့ အိမ်မွေးတိရစ္ဆာန်တွေပေါ်မှာ ကိုရိုနာဗိုင်းရပ်စ် ဘယ်လောက်ကြာကြာ အသက်ရှင်နိုင်သလဲ

ကိုရိုနာဗိုင်းရပ်စ် ဟာ အဝတ်အထည်၊ စက္ကူ၊ ပိုက်ဆံတွေနဲ့ အိမ်မွေးတိရစ္ဆာန်လေးတွေရဲ့ အမွေးတွေမျာ ကပ်ငြိနေနိုင်ပါတယ်။ ဒါကြောင့် ကိုင်တွယ်ပြီးတိုင်း လက်ဆေးပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

Stay at Home မှာ ဝိတ်တက်လာသူတွေအတွက် ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်းလေးများ

ကိုဗစ်ကြောက်လို့ အိမ်တွင်းအောင်းနေရတာနဲ့ အပျင်းပြေ မုန့်တွေစားရင်း အထိုင်များရင်း စိတ်ဖိစီးရင်း ဝိတ်တွေ တက်လာလို့ စိတ်ညစ်နေပြီလား။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ကျန်းမာစွာနေထိုင်ခြင်း, Corona Virus, COVID-19 အောက်တိုဘာ 23, 2020 . 2 mins read

သင့်အတွက် ရွေးချယ်ထားသည်

ဘေဘီလေးကို ကိုဗစ်စစ်ဆေးတော့မယ်ဆိုရင် ဖေဖေမေမေတို့အနေနဲ့ ဘယ်လိုလုပ်ဆောင်ပေးသင့်လဲ။

ဘေဘီလေးကို ကိုဗစ်စစ်ဆေးတော့မယ်ဆိုရင် ဖေဖေမေမေတို့အနေနဲ့ ဘယ်လိုလုပ်ဆောင်ပေးသင့်လဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 28, 2020 . 2 mins read
သွေးတွင်း အောက်ဆီဂျင်နည်းနေပြီဆိုတာသိသာစေမယ့် လက္ခဏာများ

သွေးတွင်း အောက်ဆီဂျင်နည်းနေပြီဆိုတာသိသာစေမယ့် လက္ခဏာများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 27, 2020 . 2 mins read
COVID-19 ရန် ကာကွယ်ဖို့ အချိန်ဘယ်လောက်ပေးပြီး လေ့ကျင့်ခန်းလုပ်ရမလဲ

COVID-19 ရန် ကာကွယ်ဖို့ အချိန်ဘယ်လောက်ပေးပြီး လေ့ကျင့်ခန်းလုပ်ရမလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 25, 2020 . 2 mins read

စာသင်ကျောင်းတွေ ပြန်ဖွင့်ဖို့ စောနေသေးလား…

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 25, 2020 . 2 mins read