To Doctor

မဂ်လာပါ

25ရက်နေ့မှာ ရာသီစပြီး 7 ရက်နေ့မှာ အတူနေမိပါတယ် အတူနေပြီး 8ရက်နေ့မှာ အကာကွယ်အနေနဲ့ အရေးပေါ်တားဆေးေသာက်ထားမိတယ် ဒါပေမဲ့ ခု အဖြူဆင်းတဲ့ လက္ခဏာပြနလို့ ကိုယ်ဝန်ရနိုင်ချေရှိလား သိချင်ပါတယ်

နှစ်သက်သည်
မျှဝေမည်။
သိမ်းဆည်းမယ်။
မှတ်ချက်
2
1

မှတ်ချက် 1ခု

အဖြူဆင်းတာက ကျန်းမာတဲ့ အမျိုးသမီးတွေမှာလည်း ဆင်းတတ်ပါတယ်။ သားဥကြွေခါနီးရင်လည်း ဆင်းတတ်ပါတယ်။ အဖြူဆင်းရုံနဲ့တော့ ကိုယ်ဝန်ရှိမရှိပြောလို့မရပါ။

တားဆေးကို မှန်မှန်ကန်ကန်သောက်ထားရင် ကိုယ်ဝန်ရနိုင်ခြေ နည်းပါတယ်။

ဒါပေမယ့် အရေးပေါ်တားဆေးတွေက ရာသီမမှန်တာ၊ မလာတာ၊ ပုံမှန်မဟုတ်တဲ့ သွေးဆင်းတာ စတဲ့ ဘေးထွက်ဆိုးကျိုးတွေ ရှိတတ်ပါတယ်။ ဒါ့ပြင် ရင်သားတင်းတာ၊ ပျို့အန်ချင်တာ၊ ခေါင်းမူးတာ၊ နေထိုင်မကောင်းတာလည်း ဖြစ်တတ်ပါတယ်။

ကိုယ်ဝန်ကို စိတ်ပူရင်တော့ ရာသီလာရမယ့်ရက် ကျော်သွားတဲ့အခါ ဆီးစစ်ကြည့်ပါ။

လွန်ခဲ့သော တစ်နှစ် က
နှစ်သက်သည်
အကြောင်းပြန်မယ်။

အဖွဲ့ဝင်အသစ်များအတွက်

အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။
သင်စိတ်ဝင်စားတဲ့ ကျန်းမာရေးအကြောင်းအရာများနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသစ်များကို ရှာဖွေလိုက်ပါ။
ကိုယ်ဝန်ရရှိခြင်း
ပထမ သုံးလပတ်
ဒုတိယ သုံးလပတ်
ဖန်ပြွန်သန္ဓေသား
တတိယ သုံးလပတ်
သားဦးမေမေ
စာအုပ်စင်