OC pill

Hello Doctor

အသက်က 25 ပါ

နောက် သုံးလနေရင် မင်္ဂလာဆောင်မှာပါ

Oc pill လေးကြိုသောက်ချင်လို့ပါ

အလုပ်ကိစ္စတွေမင်္ဂလာကိစ္စတွေနဲ့ ရှုပ်နေလို့ဆေးခန်းမပြဖြစ်သေးလို့ဒီမှာပဲမေးပါရစေရှင့်

ခုမှ oc pill စသောက်တော့ ဟော်မုန်းအပြောင်းအလဲအရမ်းဖြစ်မှာစိုးတာလဲတစ်ကြောင်း

ခုမျက်နှာမှာ ဝက်ခြံနဲ့ အမဲစက်အမာရွတ်တွေ မင်္ဂလာဆောင်အမှီ ပါးချင်တာကတစ်ကြောင်းပါ

Drosperin 30 နဲ့ Ev 03 တွဲသောက်ဖို့စဉ်းစားထားလို့ပါ

တွဲသောက်လို့အဆင်ပြေနိုင်လားရှင့်

နှစ်သက်သည်
မျှဝေမည်။
သိမ်းဆည်းမယ်။
မှတ်ချက်
13
1

မှတ်ချက် 1ခု

တွဲသောက်လို့က ရပါတယ်။

တစ်ခုရှိတာက ဒါတွဲသောက်လို့ ဝက်ခြံက ကောင်းချင်မှ ကောင်းမှာပါ။ တစ်ခါတလေ တားဆေးသောက်မှ ပိုထွက်လာတာလည်း ရှိနိုင်ပါတယ်။ အဲ့တော့ အခုက မင်္ဂလာဆောင်ဖို့လည်း လိုသေးတယ်ဆိုရင် Aesthetic clinic တစ်ခုခုမှာ တိုင်ပင်ပြီး ဝက်ခြံကို ကုသပါ။

နောက်တစ်ခုက တားဆေးက ဆေးကတ်သောက်မှာဆိုရင် အိုဂျီနဲ့ တစ်ခေါက်လောက် ပြပြီး တိုင်ပင်ကြည့်ပါ။ တချို့အမျိုးသမီးတွေက တားဆေးကတ်တွေနဲ့ မသင့်တော်ပါဘူး။ ဒါဆိုရင် တခြားနည်းလမ်းနဲ့ သန္ဓေတားဖို့ လိုပါတယ်။

လွန်ခဲ့သော တစ်နှစ် က
နှစ်သက်သည်
အကြောင်းပြန်မယ်။

အဖွဲ့ဝင်အသစ်များအတွက်

အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။
သင်စိတ်ဝင်စားတဲ့ ကျန်းမာရေးအကြောင်းအရာများနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသစ်များကို ရှာဖွေလိုက်ပါ။
ကိုယ်ဝန်ရရှိခြင်း
ပထမ သုံးလပတ်
ဒုတိယ သုံးလပတ်
ဖန်ပြွန်သန္ဓေသား
တတိယ သုံးလပတ်
သားဦးမေမေ
စာအုပ်စင်