Q&A with Dr.
ကောင်လေးနဲ့အကာကွယ်မဲ့အတူ
နေတာပထမတစ်ကြိမ်မှာတော့ မိန်းမကိုယ်အရေပြားကပြဲသွားတော့နည်းနည်းစပ်ပါတယ်။ ဒါပေမဲ့ ပုံမှန်လိုပဲပျောက်သွားပြီးဘာမှမဖြစ်ပါဘူး။ နောက် 3/4ရက် လောက်ကြာတော့ ဒုတိယတစ်ကြိမ်ထပ်နေပြီးတော့ ပထမတစ်ကြိမ်လိုပဲဖြစ်ပါတယ်။ ဒါပေမဲ့ မပျောက်ဘဲနဲ့ အခု 3ရက်လောက်ကြာတော့ ဆီးသွားရင်လည်း ပူပြီးစပ်ပါတယ်။ အပြင်ဘက်မှာလည်းအဖုလေးတွေလိုဖြစ်နေသလိုပါပဲ။ ခေါင်းအုံပြီးကိုက်တာနဲ့ နုံးပြီးကိုယ်ပူတာမျိုးပါဖြစ်လာလို့ပါ။ အပူကြီးသလိုမျိုး သွားဖုံးကြွပြီး သွေးလည်းထွက်ပါသေးတယ်။ အဲ့ဒါ STI များဖြစ်နေမလားစိုးရိမ်မိလို့ပါ။ နောက်ပြီး အဲ့အဖုလေးတွေသက်သာအောင်ဘာဆေးလိမ်းလို့ရနိုင်မလဲသိပါရစေရှင့်။
STIက ချက်ချင်းတော့ လက္ခဏာမပြပါဘူး။ ဖြစ်နိုင်တာကတော့ ပြဲသွားတဲ့နေရာကို ပိုးဝင်သွားသလား၊ ဆီးပိုးဝင်သလား တစ်ခုခုပါ။ နီးစပ်ရာဆေးခန်းမှာ ပြကြည့်ပါ။