🔥 ရေပန်းစားသောအကြောင်းအရာ

ကျန်းမာတဲ့ ဘေဘီလေး မွေးစေဖို့ မေမေတို့ ဘာတွေစားရပါ့!

ရင်သွေးလေးကို ကိုယ်ဝန်လွယ်ထားရချိန်မှာ မေမေတိုင်း တောင်းနေမိတဲ့ ဆုတောင်းတစ်ခုက ကျန်းမာတဲ့ ဘေဘီလေးမွေးဖွားလာဖို့ဟုတ်။ ဒီဆန္ဒလေး ပြည့်ဝစေဖို့ဆိုရင် မေမေတို့အနေနဲ့ ကိုယ်ဝန်ဆောင်ချိန်မှာ စားပေးရမှာလေးတွေ ရှိနေပါတယ်။ ဒါတွေက ဘာတွေဖြစ်မလဲဆိုတော့ -


🔹သစ်သီး - သစ်သီးတွေက ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ကြွယ်ဝပြီး မေမေကို ကိုယ်ခံအား ကောင်းစေသလို ဘေဘီလေးကို အကောင်းဆုံး ကြီးထွားဖွံ့ဖြိုးစေမှာပါ။ အမျှင်ဓာတ်လည်း ကြွယ်ဝတာကြောင့်ကိုယ်ဝန်ဆောင်ချိန် ဝမ်းချုပ်တာသက်သာစေမှာပါ။


🔹ဟင်းသီးဟင်းရွက်တွေ - ဟင်းသီးဟင်းရွက်တွေမှာ ဖောလိတ် ပါဝင်နေတာကြောင့် မေမေရော ဘေဘီလေးကိုပါ ကျန်းမာစေဖို့ အကောင်းဆုံး အထောက်အကူပြုပေးနိုင်ပါတယ်။


🔹ကာဗိုဟိုက်ဒရိတ် - ကာဗိုဟိုက်ဒရိတ် ပါဝင်တဲ့ အစားအစာတွေကို ကိုယ်ဝန်ဆောင် မေမေကို အင်အားပြည့်ဝစေပြီး ဘေဘီလေးကို အကောင်းဆုံး ကြီးထွားဖွံ့ဖြိုးစေမှာပါ။


🔹ပရိုတင်း - ကိုယ်ဝန်ဆောင်ချိန်မှာ ပရိုတင်းက မေမေ့ကို ကိုယ်ခံအားကောင်းပြီး ဘေဘီလေးလည်း အကောင်းဆုံး ကြီးထွားဖွံ့ဖြိုးနိုင်မှာပါ။


🔹နို့ထွက်ပစ္စည်း - ကိုယ်ဝန်ဆောင်ချိန်မှာ ဗိုက်ထဲက ဘေဘီလေး အရိုးနဲ့သွားတွေ အကောင်းဆုံး ဖွံ့ဖြိုးစေဖို့ ကယ်လ်ဆီယမ် မဖြစ်မနေ လိုအပ်ပါတယ်။


🔹ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီ - ကျန်းမာတဲ့ ဘေဘီလေး မွေးဖွားစေဖို့ဆိုရင် ကိုယ်ဝန်ဆောင်ချိန်မှာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီတွေပါတဲ့ ပင်လယ်ငါး၊ အခွံမာသီး၊ အစေ့အဆန်၊ နေကြာဆီ၊ သံလွင်ဆီ စတာတွေ စားသုံးပေးပါ။


ဒါတွေအပြင် လိုအပ်မယ်ဆိုရင် ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီး အားဆေးသောက်တာ၊ ဖြည့်စွက်စာ စားတာမျိုးတွေ လုပ်ပေးလို့ရပါတယ်။


#HelloMomandBaby #Pregnancy #MomCare #ShortArticle


ကျန်းမာတဲ့ ဘေဘီလေး မွေးစေဖို့ မေမေတို့ ဘာတွေစားရပါ့!ကျန်းမာတဲ့ ဘေဘီလေး မွေးစေဖို့ မေမေတို့ ဘာတွေစားရပါ့!
နှစ်သက်သည်
မျှဝေမည်။
သိမ်းဆည်းမယ်။
မှတ်ချက်

မှတ်ချက် 0ခု

အဖွဲ့ဝင်အသစ်များအတွက်

အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။
သင်စိတ်ဝင်စားတဲ့ ကျန်းမာရေးအကြောင်းအရာများနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသစ်များကို ရှာဖွေလိုက်ပါ။
ကိုယ်ဝန်ရရှိခြင်း
ပထမ သုံးလပတ်
ဒုတိယ သုံးလပတ်
ဖန်ပြွန်သန္ဓေသား
တတိယ သုံးလပတ်
သားဦးမေမေ
စာအုပ်စင်