Doctor

ညီမက အိမ်ထောင်ကျထားတာ ၁လလောက်ပဲရှိပါသေးတယ်.ပြီးခဲ့တဲ့တစ်ပတ်လောက်က ဆီးအရမ်းကျင်ပြီး ဆီးလမ်းကြောင်းပိုးဝင်လို့ ဆေးရုံသွားပြီး အခုသက်သာနေပါပြီ. ဆရာဝန်က အတူနေတာ နဲနဲကြမ်းရင် မိန်းမကိုယ်ထဲ ပွန်းတတ်တယ်လို့ပြောပါတယ်.ဆေးတွေလဲ ပုံမှန်သောက်ပါတယ်. အိမ်ထောင်ကျခါစမို့ ဖြစ်တာလို့ပြောပါတယ်. အမျိုးသားနဲ့လဲ ပုံမှန်အတိုင်းပဲ ဆက်ဆံတာပါရှင်. ပိုးဝင်တဲ့နေ့တွေမှာလဲ အတူနေတာကို ရှောင်ပါတယ်ရှင်။ အခုသက်သာနေပါပြီရှင်.


သိချင်တာက သက်သာပြီးတော့မှ မိန်းမကိုယ်နဲ့ စအိုဝကို သွားတဲ့ ကြားနေရာလေးတွေက တစ်ချက်ချက်ယားလာတတ်လို့ပါ. တခါတခါ စအိုဝလေးတွေလဲ ယားပါတယ်. ချွေးထွက်လွန်းရင် အပေါ့မသွားတာကြာရင် ပိုပြီးရွစိစိ ဖြစ်ပါတယ်. အဲ့လိုဖြစ်လာရင် ညီမက အပေါ့သွားပြီး ရေသေချာဆေးလိုက်ရင် တစ်အောင့်နေ သက်သာပါတယ်. ညီမက သန့်ရှင်းရေးကို သေချာလုပ်တတ်တဲ့သူပါရှင်။ ပြီးတော့ နဂိုကလဲတစ်ကိုယ်လုံးက အရေပြားတွေပါးလို့ အသားပါတ်တာ ခြောက်တာတွေတော့ ဖြစ်တတ်ပါတယ်.အခုလို မိန်းမကိုယ်အဝနဲ့ စအုိဝမှာဖြစ်တာတော့ ပထမဆုံးပါ.


တခါတလေ အရေးကြီးကိစ္စကြောင့် အိမ်သာမဝင်ဖြစ်တာ ကြာရင် ရေမဆေးရတာကြာရင် အဲ့လိုရွစိစိဖြစ်လာတာ တကယ်အဆင်မပြေလို့ပါရှင့်။

ဆီးလမ်းကြောင်းပိုးဝင်တာနဲ့ဆက်စပ်နေတာလားရှင့်။ ဘာလုပ်ရမလဲမသိတော့လို့ပါရှင်။


နှစ်သက်သည်
မျှဝေမည်။
သိမ်းဆည်းမယ်။
မှတ်ချက်
8
1

မှတ်ချက် 1ခု

ဆီးပိုးဝင်တာကြောင့်လည်း ဖြစ်နိုင်သလို သန်ထိုးတာလည်း ဖြစ်နိုင်ပါတယ်။

လွန်ခဲ့သော တစ်နှစ် က
နှစ်သက်သည်
အကြောင်းပြန်မယ်။

အဖွဲ့ဝင်အသစ်များအတွက်

အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။
သင်စိတ်ဝင်စားတဲ့ ကျန်းမာရေးအကြောင်းအရာများနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသစ်များကို ရှာဖွေလိုက်ပါ။
ကိုယ်ဝန်ရရှိခြင်း
ပထမ သုံးလပတ်
ဒုတိယ သုံးလပတ်
ဖန်ပြွန်သန္ဓေသား
တတိယ သုံးလပတ်
သားဦးမေမေ
စာအုပ်စင်