Hello Dr
နောက်ဆုံးရာသီလာတာက Feb 8 ရက်နေ့ကပါ 10 ရက်နေ့မှာပြီးပါတယ် Feb 14 တုန်းကကောင်လေးနဲ့အတူနေခဲ့ပါတယ်။ condom လဲသုံးခဲ့ပါတယ် ။ ပုံမှန်ရာသီစက်ဝန်းမှန်တဲ့သူပါ နောက်ကျ/စောမယ်ဆိုလဲ 1 ရက် ၂ ရက်ပါပဲ ။ ဒါပေမယ့်အခု 27 Feb မှာ ရင်ထဲလေခံသလို ရင်သားနာသလို ခံစားနေရလို့ပါ။ ကိုယ်ဝန်ရှိနေတာဖြစ်မှာ စိုးရိမ်လို့ပါ။ ဖြေပေးကြပါဦးနော် Dr တို့။ ဘာလုပ်သင့်လဲရှင့်။
ကွန်ဒုံး ပေါက်တာ၊ ပြဲတာ မရှိရင်တော့ မရနိုင်ပါ။ အခုက ရာသီလာဖို့လည်း နီးနေပြီဆိုတော့ ရင်သားနာတာ ဖြစ်တတ်ပါတယ်။