abortion
- rape လုပ်ခံရတဲ့အခြေအနေမျိုးမို့ အရေးပေါ်တားဆေးသောက်ပါတယ်။ရာသီလာရမယ့်ရက်မလာလို့ မလာလို့ဆီးစစ်ကြည့်တော့၂ကြောင်းပေါ်ပါတယ်။ultrasoundရိုက်တော့ ၄ပတ်မကျော်သေးတော့မပေါ်ဘူးပြောပါတယ်ရှင့်။ဘယ်လို အခြေအနေနဲ့မှမွေးလိုအြဆင်မပြေတဲ့အနေအထားမို့ (mifepristone နဲ့misoprostol)ဆေးသောက်ပြီး ဖျက်ချလိုက်ပါတယ်။misoprostol 4လုံးသောက်ပြီးနေ့မှာ ရာသီ နည်းနည်းလာပါတယ်ရှင့် ။ဒုတိယမြှောက်နေ့ပါဖျားချင်သလိုဖြစ်တာရယ် ဝမ်းနည်းနည်းလျော တာရယ်ကျန်ခဲ့ပါတယ်။ရာသီလဲ နည်းနည်းဆင်းပါတယ်ရှင့်။ဖျားတာရယ် ဝမ်းလျှော တာရယ်အတွက် အခုချိန် ဆေးသောက်လို့ရ မရသိချင်ပါတယ်ရှင့်။တကယ်ပျက်ကျတာဟုတ် မဟုတ်ဆိုတာရော ဘယ်လိုဆက်လုပ်ရမလဲ သိချင်ပါတယ်ရှင့် 🙏🙏🙏

















တကယ်ပျက်ကျမကျက အယ်ထွာဆောင်းရိုက်ကြည့်မှ သိမှာပါ။ ဆီးကတော့ ပျက်ကျပြီး ၁လ၊ ၁လခွဲလောက်အထိ နှစ်ကြောင်းပေါ်နေနိုင်ပါတယ်။
ကောင်းတာကတော့ သားဖွားမီးယပ်ဆရာဝန်တစ်ယောက်ယောက်နဲ့ တိုင်ပင်ဖို့ပါပဲ။ အခြေအနေကို သေချာပြောပြရင် ဘာကြောင့်ဖျက်တာလဲဆိုပြီး ဆူပူနေမှာ မဟုတ်တဲ့အတွက် အကျိုးအကြောင်း ပြောပြပြီး ပြလိုက်ပါ။
တကယ်လို့ အထဲမှာ အစလေးတွေ ကျန်နေရင် သားအိမ်ခြစ်ဖို့ လိုကောင်းလိုနိုင်ပါတယ်။ အဲ့တာကလည်း စစ်ဆေးပြီးမှ သိမှာပါ။