Hello Doctor

Hello ဆရာကျွန်တော်အိမ်ထောင်ဖက်နဲ့ကျွန်တော်က အသက်၃၅နှစ်ဝန်းကျင်တွေပါ ကလေး၂ေယောက်ရှိပါတယ် ပြီးခဲ့တဲ့နှစ်က လိပ်ခေါင်း၂ခါခွဲထားပါတယ်အရင်ကတစ်ခါခွဲဖူးတာနဲ့ဆို ၃ခါရှိပါပြီ

အမျိုးသမီးကလည်းကလေး၂ယောာက်စလုံးကိုခွဲမွေးရပါတယ် ခုတော့Sterilization လုပ်ထားလိုက်ပါပြီ သိချင်တာက sex လုပ်ဖို့ ကျွန်တော်ကပဲ စ ရတာများပါတယ် သူကစိတ်မဝင်စားတာများပါတယ် sex လုပ်ပြီးရင်လည်း သူကပြီးမြောက်တဲ့အထွတ်အထိပ်မရောက်တာများပါတယ်

သူနဲ့ကျွန်တော်အဲလိုဖြစ်တာ ပုံမှန်ပဲလား သိချင်ပါတယ်

နှစ်သက်သည်
မျှဝေမည်။
သိမ်းဆည်းမယ်။
မှတ်ချက်
5
1

မှတ်ချက် 1ခု

အရင်ကရော အဲ့လိုပဲလား။

ကလေး ၂ယောက်ရပြီးမှ အဲ့လိုဖြစ်သွားတာလား။

ဒီနိုင်ငံမှာက လိင်ကိစ္စကို ရှက်စရာလို့ ခံယူထားတာကြောင့် အမျိုးသမီးတွေက စိတ်ပါရင်တောင် စမပြောတာ များပါတယ်။

နောက်တစ်ခုက သူ့မှာ စိတ်ဖိစီးစရာကိစ္စတွေ ရှိနေလို့လားပေါ့။ ကလေး၂ယောက်ကို ထိန်းရတာက လွယ်တာတော့ မဟုတ်ဘူးလေ။

နောက်ပြီး အမျိုးသမီးတွေက နည်းနည်းလည်း အတွေးများတတ်ပါတယ်။ ကိုယ့်ကိုယ်ကို မလှတော့မှာ၊ ကလေးမွေးထားလို့ အရင်ကတော့ မလှတော့ဘူးလား ဒီလိုမျိုး တွေးပြီး ကျိတ်အားငယ်တတ်တာလည်း ရှိပါတယ်။

လိင်ကိစ္စတွေမှာ နှစ်ဦးနှစ်ဖက် ပွင့်ပွင့်လင်းလင်းရှိတာ အကောင်းဆုံးပါ။ အမျိိုးသမီးကိုလည်း ဒါက ရှက်စရာ ကိစ္စမဟုတ်ကြောင်းကို နားလည်အောင် ပြောပြထားဖို့ လိုပါတယ်။

၃၅နှစ်ဆိုတာ ငယ်ပါသေးတယ်။ လိင်စိတ်လျော့နည်းတတ်တဲ့ အရွယ်တော့ မဟုတ်ပါဘူး။

နှစ်ယောက်သား အရင်ဆွေးနွေးကြည့်ပါဦး။

လွန်ခဲ့သော 2 နှစ် က
နှစ်သက်သည်
အကြောင်းပြန်မယ်။
1

အဖွဲ့ဝင်အသစ်များအတွက်

အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။
သင်စိတ်ဝင်စားတဲ့ ကျန်းမာရေးအကြောင်းအရာများနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသစ်များကို ရှာဖွေလိုက်ပါ။
ကိုယ်ဝန်ရရှိခြင်း
ပထမ သုံးလပတ်
ဒုတိယ သုံးလပတ်
ဖန်ပြွန်သန္ဓေသား
တတိယ သုံးလပတ်
သားဦးမေမေ
စာအုပ်စင်