🔥 ရေပန်းစားသောအကြောင်းအရာ

ကိုယ်ဝန်ပျက်ကျပြီးနောက် အန္တရာယ်ကင်းကင်းနဲ့ ကိုယ်ဝန်ဘယ်လိုဆောင်ရမလဲ

ကိုယ်ဝန်ပျက်ကျခြင်းသည် ယနေ့ခေတ်တွင် ပိုပိုပြီး အဖြစ်များလာ၏။ ထိုစိတ်ညစ်ညူးဖွယ်ရာ တစ်ကိုယ်တည်း ခွဲခြားခံရသလို အခြေအနေသည် အမျိုးသမီးအား နောက်တစ်ကြိမ် ကိုယ်ဝန်ဆောင်ဖို့ရာ တားဆီးသွားနိုင်သည်။ သို့သော် ဘဝတွင် အိန်ဂျယ်လေးများကို အသည်းအသန် လိုချင်သူများအဖို့တော့ အောက်ပါအချက်များက ကိုယ်ဝန်ပျက်ပြီး နောက်တစ်ဖန် အန္တရာယ်ကင်းကင်းနှင့် ကိုယ်ဝန်ဆောင်နိုင်ဖို့ အကူအညီပေးပါလိမ့်မယ်။


ကိုယ်ဝန်ပျက်ကျပြီးနောက် နောက်တစ်ခါရဖို့ အသင့်ဖြစ်နေစေရန်အတွက် သင်ရော သင့်ပါတနာပါ တစ်ချို့အခက်အခဲများ ရှိနိုင်ပါတယ်။ ဒါပေမဲ့ သင်တို့နှစ်ယောက်လုံး အဆင်သင့်ဖြစ်နေပါက မျိုးပွားနိုင်မည့် သင့်တော်သောအချိန်ကို တွက်ချက်ကာ ချစ်တင်းနှောရန်လိုအပ်ပါတယ်။

မှန်ကန်သောအချိန်တွင် ချစ်တင်းနှောခြင်းက ကိုယ်ဝန်ကို မြန်မြန်နှင့် အန္တရာယ်ကင်းကင်း ရရှိစေနိုင်ပါသည်။ သင်သားဥကြွေမည့်အချိန်ကို သိသည်နှင့် သင့်သားဥသားအိမ်ထဲသို့ ရောက်နေမည်ဖြစ်ပြီး အစီအစဉ် ချနိုင်ပါတယ်။


ပြက္ခဒိန်နှင့်စစ်ပါ


ဒီနည်းလမ်းသည် ရာသီပုံမှန်နှင့် မှန်မှန်လာတတ်သူများတွင် အသုံးဝင်ပါတယ်။ ပထမဆုံးအနေဖြင့် ရာသီနောက်တစ်ခါ စလာမည့်ရက်ကို မှတ်ပါ။ ထိုနေ့မှ နောက်ပြန် ၁၂ ရက်နှင့် ၄ ရက်ကိုတွက်ပါ။ ပထမ ၅ ရက်အတွင်း သားဥကြွေနိုင် ပါတယ်။ သင်သည် ၂၈ ရက်တစ်ခါ လာတတ်သူဆိုပါက ၁၄ ရက်မြောက်တွင် သားဥကြွေနိုင်သော အခွင့်အရေး ပိုရနိုင်ပါသည်။


ကိုယ်အပူချိန်ကို မှတ်သားပါ


သားဥကြွေပြီး ရက်အနည်းငယ်တွင် သင့်ခန္ဓါကိုယ်၏ အောက်ဆုံးအပူချိန် မြင့်တက်တတ်ပါသည်။ အောက်ဆုံးအပူချိန်အား သာမိုမီတာနှင့် တိုင်းနိုင်ပါတယ်။ ကိုယ်ဝန်ရနိုင်သောအခွင့်အရေးသည် ကိုယ်အပူချိန်မတက်မီ တက်ပြီး ၂ ရက် ၃ရက်အတွင်း အကောင်းဆုံးပါပဲ။


မိန်းမကိုယ်မှထွက်သောအရည်များ ပြောင်းလဲမှုကို မှတ်သားပါ


ပုံမှန်ရက်များတွင် မိန်းမကိုယ်မှ အရည်နည်းနည်းသာထွက်ပြီး ခြောက်သွေ့မှုကို ခံစားရပါယ်။ သို့သော် သားဥကြွေချိန်နီးလာသည်နှင့် သားအိမ်ခေါင်း အကျိအချွဲများ ပိုများလာသည်ကို သင် သတိပြုမည်ပါလိမ့်မယ်။ ကြက်ဥအကာလို ချောကျိကျိအရည်ကျိများ ဖြစ်ပါသည်။


နောက်တစ်ဖန် ကိုယ်ဝန်မဆောင်မီ အရင်ပျက်ကျရသည့် အကြောင်းပြချက်ကို ရှာဖွေရန် ဆရာဝန်နှင့် စမ်းသပ်စစ်ဆေးခြင်းမှာ အကောင်းဆုံပါ။ သင့်ကျန်းမာရေအခြေအနေကိုသိပြီး ကုသခြင်းဖြင့်လည်း ကိုယ်ဝန်ကို အောင်မြင်စွာ ဆောင်နိုမှာပါ။ စိတ်ဓာတ်မကျဘဲ နောက်တစ်ကြိမ် ကြိုးစားလိုက်ပါ။


#HelloMomandBaby #Pregnancy #MomCare #ShortArticle

ကိုယ်ဝန်ပျက်ကျပြီးနောက် အန္တရာယ်ကင်းကင်းနဲ့ ကိုယ်ဝန်ဘယ်လိုဆောင်ရမလဲကိုယ်ဝန်ပျက်ကျပြီးနောက် အန္တရာယ်ကင်းကင်းနဲ့ ကိုယ်ဝန်ဘယ်လိုဆောင်ရမလဲ
နှစ်သက်သည်
မျှဝေမည်။
သိမ်းဆည်းမယ်။
မှတ်ချက်
12

မှတ်ချက် 0ခု

အဖွဲ့ဝင်အသစ်များအတွက်

အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။
သင်စိတ်ဝင်စားတဲ့ ကျန်းမာရေးအကြောင်းအရာများနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသစ်များကို ရှာဖွေလိုက်ပါ။
ကိုယ်ဝန်ရရှိခြင်း
ပထမ သုံးလပတ်
ဒုတိယ သုံးလပတ်
ဖန်ပြွန်သန္ဓေသား
တတိယ သုံးလပတ်
သားဦးမေမေ
စာအုပ်စင်