🔥 ရေပန်းစားသောအကြောင်းအရာ

ဘေဘီလေး သင့်ကိုချစ်ရဲ့လားလို့ သံသယရှိနေရင် ဒါလေး အရင်ဖတ်ပါ!

ဘေဘီလေးကို မွေးဖွားလာချိန်ကတည်းက ချစ်ပြီးသား ဖြစ်သလို တစ်နေ့ထက် တစ်နေ့ ပိုပြီး သံယောဇဉ် တွယ်လာကြပေမယ့် ဘေဘီလေးကရော ကိုယ်က သူ့ကို ချစ်သလို သူက ကိုယ့်ကိုချစ်ရဲ့လား ဆိုတာကို သံသယ ဖြစ်နေပြီလား! ဘေဘီလေးတွေက ချစ်ကြောင်း ဘယ်လို ပြလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ သင့်ကလေးက သင့်ဂရုစိုက်မှုတွေခံစားလာရတာနဲ့အမျှ တစ်နေ့ထက် တစ်နေ့သင့်ကို ပိုပိုချစ်လာပြီး သူတို့နည်းသူတို့ဟန်နဲ့ ကျေးဇူးတင်စကားပြောကြပါလိမ့်မယ်။


သင့်မျက်လုံးထဲကိုစိုက်ကြည့်မယ်

ကလေးလေးတွေဟာ မျက်နှာတွေကိုလိုက်ကြည့်ရတာ နှစ်သက်တတ်ပြီး သူတို့ ချစ်တဲ့သူတွေရဲ့ မျက်နှာကတော့ သူတို့ရဲ့ပထမဆုံးဦးစားပေးပေါ့။ ကလေးတွေရဲ့ အကြည့်တွေဟာ သူတို့ဘဝအတွက် သင့်အရေးပါမှုကိုသိရှိလာတဲ့အတွက် သင့်အတွက်သူတို့ရဲ့ချစ်ခြင်းမေတ္တာတွေ အစပေါ့။


သူတို့သိတဲ့သင့်ကိုယ်ရနံ့

ကလေးလေးတွေဟာ သူတို့ကိုစောင့်ရှောက်နေသူတွေကို ရက်သတ္တပတ်အနည်းငယ်အတွင်းမှာပဲ သိရှိမှတ်မိပြီး ထိုသူတွေက သူတို့လေးတွေရဲ့ ဦးစားပေးတွေဖြစ်လာပါတယ်။ ကလေးလေးတွေအတွက် သူတို့မေမေရဲ့ ကိုယ်သင်းနံ့ထက် ပိုချိုမြိန်တာမရှိတော့ပါဘူး။


အပြုံးလေးတွေ

တချို့တွေက ကလေးငယ်လေးတွေရဲ့အပြုံးဟာ မရည်ရွယ်ဘဲ အလိုအလျောက်ဖြစ်ပေါ်ခြင်းတစ်ခု သက်သက်လို့ ထင်ကောင်းထင်နိုင်ပါတယ်။ လတ်တလောလေ့လာမှုတွေအရ မွေးကင်းစကလေးငယ်ရဲ့ အပြုံးဟာ ထို့ထက် အဓိပ္ပါယ် ပိုပါတယ်။ သင့်ကလေးငယ်ဆီက ပထမဆုံးစစ်မှန်ပြီး တောက်ပတဲ့အပြုံးရလိုက်ရတဲ့အချိန်ဟာ အမတန်လှပတဲ့အခိုက်အတန့်လေးပါ။ ဒါဟာ သူတို့နည်းသူတို့ဟန်နဲ့ ‘ချစ်တယ်’ လို့ပြောခြင်းပါ။


တီတီတာတာ စကားတွေ

ကလေးလေးတွေရဲ့ အစောဆုံးတီတီတာတာသံလေးတွေက သင် ဒါမှမဟုတ် သူတို့ကိုစောင့်ရှောက်ပေးတဲ့ အခြားသူတွေ ကို ရည်ရွယ်ပြောဆိုနေတာပဲဖြစ်ပါတယ်။ ကလေးတွေက စတင်စကားပြောရာမှာ သူတို့ကိုယ်သူတို့စပြောတာမဟုတ်ဘဲ သူတို့ရဲ့အစောဆုံးဘာသာစကားက သင်နဲ့အဆက်အသွယ်ပြုလုပ်ခြင်းပါ၊


အနားမှာရှိစေချင်ကြတယ်

ကလေးငယ်ရဲ့ပထမဆုံးခြောက်လမှာ သူတို့ဟာ သင်မရှိရင် မပျော်တာကိုတွေ့ရမှာပါ၊ သင်အခန်းထဲကထွက်သွားတာနဲ့ ရှုံ့မဲ့ငိုကြွေးကြပြီး သင်ပြန်လာရင်သူတို့ကျေနပ်သွားတာ ပြုံးသွားတာတွေ့ရပါလိမ့်မယ်။ ဒါဟာ သူတို့ရဲ့သင့်အပေါ်တွယ်တာလာမှုကို ပြပါတယ်။


သင့်အာရုံတွေကို စိတ်ဝင်စားတယ်

အသက်၉လ၊ ၁၂လ အရွယ်လောက်လေးမှာတင် သူတို့ဟာ သင်နဲ့အာရုံတူတူရှိတယ်ဆိုတဲ့ အပြုအမူလေးတွေ လုပ်လာတတ်ကြပါတယ်။ ဒါဟာ သင့်ကလေးငယ်က သင့်ဘက်မှာရှိကြောင်းနဲ့ သင့်အာရုံကို သူတို့ တန်ဖိုးထားကြောင်း ပြနေတာပါ။


အကာအကွယ်တစ်ခုလို

တစိမ်းတစ်ယောက် ရုတ်တရတ်ကြီးရောက်လာတဲ့အခါ ကလေးလေးက သင့်ရင်ထဲခေါင်းတိုးလိုက်တာကို အံ့သြမသွားပါနဲ့။ ဒါဟာဖြစ်ရိုးဖြစ်စဉ်ဖြစ်ပြီး ထိုကဲ့သို့သင့်ဆီကနေ ကာကွယ်မှုယူတယ်ဆိုတာ သူတို့သင့်ကိုချစ်ပြီး သင်ဟာသူတို့ကိုကာကွယ်ပေးနိုင်မယ်လို့ ယုံကြည်နေတာကို ပြပါတယ်။


#HelloMomandBaby #Parenting #BabyCare #ShortArticle


ဘေဘီလေး သင့်ကိုချစ်ရဲ့လားလို့ သံသယရှိနေရင် ဒါလေး အရင်ဖတ်ပါ!ဘေဘီလေး သင့်ကိုချစ်ရဲ့လားလို့ သံသယရှိနေရင် ဒါလေး အရင်ဖတ်ပါ!
နှစ်သက်သည်
မျှဝေမည်။
သိမ်းဆည်းမယ်။
မှတ်ချက်
22

မှတ်ချက် 0ခု

အဖွဲ့ဝင်အသစ်များအတွက်

အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။
သင်စိတ်ဝင်စားတဲ့ ကျန်းမာရေးအကြောင်းအရာများနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသစ်များကို ရှာဖွေလိုက်ပါ။
ကိုယ်ဝန်ရရှိခြင်း
ပထမ သုံးလပတ်
ဒုတိယ သုံးလပတ်
ဖန်ပြွန်သန္ဓေသား
တတိယ သုံးလပတ်
သားဦးမေမေ
စာအုပ်စင်