Supplement အမျိုးသားအားတိုးဆေးအကြောင်း
မင်္ဂလာပါ Dr. 🙏🙏🙏
ကျွန်တော်တို့လူလတ်ပိုင်းအရွယ် (30 Ages) တွေအတွက် အမျိုးသားအားတိုးဆေးကို Supplement အဖြစ် သုံးစွဲချင်ပါတယ်ခင်ဗျ။ နိုင်ငံခြားဆေးဝါးကိုလည်း Online ကနေ တွေ့ရာ မသုံးစွဲရဲတဲ့အတွက် ပြည်တွင်းဖြစ် တိုင်းရင်းဆေးကိုပဲသုံးဖို့ ရည်ရွယ်ထားပါတယ်။
တောင်ကြာပန်းတို့အစရှိသောဆေးဝါးကို သုံးစွဲမယ်ဆိုရင်ကော ဘာတွေဖြစ်နိုင်သလဲဆိုပြီး ရှာဖွေရာမှာလည်း လူအချို့တွေရဲ့ Comment တွေမှာ ခေါင်းအုံ၊ ခေါင်းကိုက်၊ နှလုံးတုန် စသဖြင့် ment ကြတာတွေလည်း တွေ့တွေ့နေရပါတယ်။
အဲ့ဒါကြောင့် ပြည်တွင်းဖြစ်တိုင်းရင်းဆေးကို သုံးစွဲမယ်ဆိုရင်တောင် သူ့ဆေးညွှန်းပါအတိုင်း သတိပေးချက်၊ တားမြစ်ချက်တွေကို လိုက်နာပြီး မှန်မှန်ကန်ကန််သုံးစွဲမယ်ဆိုရင် ဘယ်သူဘယ်ဝါဖြစ်ဖြစ် သုံးစွဲလို့ရနိုင်လား၊ ဘေးဥပဒ်အန္တရာယ်တွေကော တစ်ချိန်ချိန်ရှိလာနိုင်လားဆိုတာကို ကျွမ်းကျင်သူများရဲ့ အကြံဉာဏ်ပေးချက်အား လေးစားစွာဖြင့် သိရှိလိုပါတယ်ခင်ဗျ။ ကျေးဇူးပါ 🙏🙏🙏
တုပ်ထွက်ပြန်ချင်း
တိုင်းရင်းဆေးနဲ့ ပတ်သက်လို့တော့ အကြံမပေးတတ်ပါ။ လက်မှတ်ရထားတဲ့ တိုင်းရင်းဆေးပညာရှင်များနဲ့သာ ဆွေးနွေးကြည့်ပါ။