🔥 ရေပန်းစားသောအကြောင်းအရာ

ဘေဘီလေးတို့ မေမေ့ဗိုက်ထဲကနေ ဘာတွေ သင်ယူခဲ့လဲ!

တော်တော်များများ ယူဆလက်ခံထားကြတဲ့ အချက်တစ်ခုက ကလေးတွေဟာ မိခင်ဝမ်းထဲကနေ မွေးဖွားလာပြီးချိန်မှသာ လေ့ာလသင်ယူမှုတွေကို စကြတယ်လို့ပေါ့။ တကယ်ကတော့ မဟုတ်ပါဘူး။ ကလေးတွေက မိခင်ဝမ်းထဲမှာ သန္ဓေသားအဖြစ် နေထိုင်ချိန်ကတည်းက သင်ယူမှုတွေကို စတင်လုပ်ဆောင် ကြတာပါတဲ့။ဒီလိုဆို ဘေဘီလေးက မေမေ့ဝမ်းထဲမှာ နေစဉ် ဘာတွေများ သင်ယူခဲ့ကြသလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော် မေမေတို့ရေ …….


ကိုယ်ဝန် ၁၀ ပတ်ခန့်မှစပြီး သူ့ခြေလက်ကလေးများဖြင့် ဗိုက်ထဲတွင် ရုန်းကန်လှုပ်ရှားနေပြီပဲ ဖြစ်ပါတယ်။


ကိုယ်ဝန် ၂၃ ပတ်မှာတော့ အကြားအာရုံကို ခံစားနိုင်ပြီ ဖြစ်ပြီး ပတ်ဝန်းကျင်က ကြားနေရတဲ့ အသံတွေကို တုံ့ပြန်နိုင်စွမ်း ရှိလာပြီပဲ ဖြစ်ပါတယ်။ အရသာခံ အာရုံလည်း ဖွံ့ဖြိုးလာပြီ ဖြစ်ပြီး မေမေက စားလိုက်တဲ့ အစားအစာတွေကို အရသာခံနိုင်ပြီပဲ ဖြစ်ပါတယ်။ မေမေဗိုက်အပြင်ဘက်က ထိလိုက်တာကိုလည်း ဘေဘီလေးက သိရှိလာပြီပဲ ဖြစ်ပါတယ်။ဒါကြောင့် ကလေးကို ဗိုက်လေးနားကပ်ပြီး စကားပြောတာ၊ သီချင်းဆိုပြတာတွေကို လုပ်ပေးလို့ ရပါတယ်။ ဒီလို လုပ်ပေးတာက ကလေးရဲ့ အသိဉာဏ်ကို ဖွံ့ဖြိုးစေနိုင်ပါတယ်။


ကိုယ်ဝန် ၆ လလောက်မှာ ပုံပြောပြတာ၊ သီချင်းဖွင့်ပြတာတွေ လုပ်ပေးလို့ ရပါတယ်။ ဘေဘီလေးကို ဒီလိုလုပ်ပေးတာက ကလေးရဲ့ နားလည်သိရှိနိုင်စွမ်း တိုးတက်အောင် လုပ်ဆောင်ပေးပါတယ်။


ထို့ကြောင့် အပြင်ဘက်မှစကားပြောခြင်း၊ သီချင်းများဆိုပြခြင်းဖြင့် ကလေးငယ်၏ အသိဉာဏ်ကို ပိုပြီးဖွံ့ဖြိုးအောင် လုပ်ဆောင်နိုင်ပါသည်။ ထို့ကြောင့် အချို့သော သုတေသနပညာရှင်များက ကိုယ်ဝန်အသက် ၆ လခန့်တွင် ကလေးအား ပုံပြင်များပြောပြခြင်း၊ သီချင်းများဖွင့်ပြခြင်းသည် ကလေးငယ်အား ဝမ်းဗိုက်ထဲတွင်ရှိနေချိန် နားလည်သိတတ်နိုင်စွမ်းများကို တိုးမြင့်လာအောင်ပြုလုပ်ပေးနိုင်သော နည်းများဖြစ်ကြောင်း ပြောထားပါသည်။


ကလေးက မျက်လုံး မဖွင့်နိုင်ဘူးဆိုပေမယ့် ကလေးက ကိုယ်ဝန်ဆောင်ကာလ အသက် ၇ လအရောက်မှာ မျက်လုံးလေးတွေက ဖွင့်နိုင်ကြပါတယ်။ ကလေးက အလင်းရောင်မရှိဘဲ ဒါမှမဟုတ် အလင်းရောင် နည်းနည်းပဲ ရှိရုံမျှနဲ့လည်း အရာဝတ္ထုတွေကို မြင်နိုင်ကြပါတယ်။


ကလေးက ၇ လ၊ ၈ လ ဝန်းကျင်အရောက်မှာ အရသာခံ အာရုံကလည်း ဖွံ့ဖြိုးလာပါတယ်။ ကလေးက ကိုယ်ဝန် ၇ လ ၈ လအရောက်မှာ ခါးသော ၊ ချိုသော ၊ချဉ်သော ၊ ငံသော အရသာများကို ခံစားနိုင်လာပြီလို့လည်း သုတေသီများက ဆိုပါသည်။


#HelloMomandBaby #Parenting #BabyCare #ShortArticle

ဘေဘီလေးတို့ မေမေ့ဗိုက်ထဲကနေ ဘာတွေ သင်ယူခဲ့လဲ!ဘေဘီလေးတို့ မေမေ့ဗိုက်ထဲကနေ ဘာတွေ သင်ယူခဲ့လဲ!
နှစ်သက်သည်
မျှဝေမည်။
သိမ်းဆည်းမယ်။
မှတ်ချက်
3

မှတ်ချက် 0ခု

အဖွဲ့ဝင်အသစ်များအတွက်

အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။
သင်စိတ်ဝင်စားတဲ့ ကျန်းမာရေးအကြောင်းအရာများနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသစ်များကို ရှာဖွေလိုက်ပါ။
ကိုယ်ဝန်ရရှိခြင်း
ပထမ သုံးလပတ်
ဒုတိယ သုံးလပတ်
ဖန်ပြွန်သန္ဓေသား
တတိယ သုံးလပတ်
သားဦးမေမေ
စာအုပ်စင်