ကိုယ်ဝန်ဟုတ်မဟုတ်B
ဆရာ အရင်လ၂၈ရက်မှာရာသီလာပီး၃၀ရက်နေ့ပီးသွားပီး၄ရက်နေ့နဲ့၅ရက်နေ့မှအတူနေပီးတားဆေးသောက်ပါတယ် ထပ်ပီး၉ရက်နေ့မှာတော့ကွန်ဒုံးသုံးပါတယ် အဲ့ဒါကို၁၀ရက်နေ့ညမှာလည်းသွေးတစ်စလောက်နဲ့ ၁၁ရက်နေ့မနက်မှာသွေးတစ်စလောက်ဆင်းပီးပျောက်သွားပါတယ်ဆရာ အဲဲ့ဒါကကိုယ်ဝန်လက္ခဏာသွေးတစွန်းတစဆင်းခြင်းဆိုတာလားဆိုတာစိတ်ပူလို့ဖြေပေးပါအုံးဆရာ
အရေးပေါ်တားဆေးတွေက ရာသီမမှန်တာ၊ မလာတာ၊ ပုံမှန်မဟုတ်တဲ့ သွေးဆင်းတာ စတဲ့ ဘေးထွက်ဆိုးကျိုးတွေ ရှိတတ်ပါတယ်။ ဒါ့ပြင် ရင်သားတင်းတာ၊ ပျို့အန်ချင်တာ၊ ခေါင်းမူးတာ၊ နေထိုင်မကောင်းတာလည်း ဖြစ်တတ်ပါတယ်။