🔥 ရေပန်းစားသောအကြောင်းအရာ

နို့ချိုတိုက်ကျွေးနေချိန်မှာ အချိုရည် သောက်မယ်ဆိုရင်...

မေမေတစ်ယောက်က နို့တိုက်နေချိန်မှာ စားလိုက်သမျှ အစားအစာတွေက နို့ရည်ကနေတဆင့် သားသားမီးမီးလေးတို့ဆီ ရောက်သွားပါတယ်နော်။ နို့တိုက်နေချိန်မှာ မေမေက အရက်သောက်တာဖြစ်ဖြစ်၊ ကဖင်းတွေ သောက်သုံးတာဖြစ်ဖြစ်၊ ဆေးဝါးတွေ သောက်သုံးတာပဲဖြစ်ဖြစ် မေမေနို့ကနေတဆင့် ဘေဘီလေးဆီ ရောက်သွားတာပါပဲ။ အပြည့်အဝတော့ မဟုတ်ပေမယ့် ဘေဘီလေးကို ထိခိုက်နိုင်ခြေကတော့ ရှိနေဆဲပါ။မေမေ့အနေနဲ့ ကြည့်တော့ နည်းနည်းလေးပဲ ဆိုပေမယ့် ကလေးက အရမ်းငယ်သေးတာကြောင့် ထိခိုက်နိုင်ခြေက တော်တော်လေးများသေးတာပါနော်။ ဒီတော့ နို့တိုက်ချိန်မှာ မေမေက အချိုရည် သောက်မယ်ဆိုရင် ဘာတွေ ဖြစ်မလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။


ရာသီဥတုပူတယ်၊ အစာမကြေဘူး ထင်တယ်ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ ကိုယ်ကြိုက်တဲ့ အချိုရည် တစ်ခုခုကို သောက်လိုက်တယ်။ ဘာမှမဖြစ်လောက်ပါဘူး။ ကလေးကို တိုက်တာမှ မဟုတ်ဘဲလို့များ တွေးနေလား။ ဒီအချိုရည်တွေက သောက်လိုက်တုန်းမှာ အရသာရှိသလို အမောပြေတယ်၊ အစာကြေတယ် ဆိုပေမယ့် နို့ရည်ကနေတဆင့် ဘေဘီလေးဆီ ပါသွားရင်တော့ စိတ်ညစ်စရာ ဇာတ်လမ်းက စလာပါပြီ။


နောက်တစ်ခု ဆိုးတာရှိသေးတယ် ဒါကတော့ အားပြည့်လန်းဆန်းစေတယ်ဆိုတဲ့ အားဖြည့်အချိုရည်တွေပါ။ ဒါတွေကတော့ လုံးဝကိုရှောင်ရမှာပါနော်။ မေမေ့အတွက်ရော ဘေဘီအတွက်ရော ကောင်းကျိုးမပြုတဲ့ အရာတွေပေါ့။ ပင်ပန်းနေတဲ့ အချိန်မှာ သောက်လိုက်မယ်ဆိုရင် အားပြည့်သွားသလို ခံစားရနိုင်ပေမယ့် အားဖြည့် အချိုရည်တွေ မှာပါတဲ့ ဓါတုပစ္စည်းတွေက ထိခိုက်မှု များစေတာတော့အမှန်ပါပဲ။ အချိုရည်မှာ ပုံမှန်ထက် အချိုပါဝင်မှု များပါတယ်။ ဒါ့အပြင် ကဖင်းဓါတ် ပါဝင်မှု ရှိတာကြောင့် မေမေ့အတွက်ရော ဘေဘီလေးအတွက်ပါ အဆင်မပြေပါဘူး။


ကဖင်းပါတဲ့အရာတွေက သောက်ပြီး မိနစ် ၆၀ အတွင်းမှာ ပါဝင်မှု အားအများဆုံးဖြစ်တာကြောင့် ဒီအချိန်မှာ ကလေးကို နို့တိုက်လိုက်မယ်ဆိုရင် ကလေးကိုအစာခြေစနစ် မအီမသာဖြစ်တာအပြင် ဝမ်းနဲ့ပတ်သက်တဲ့ပြဿနာတွေကိုပါ ခံစားရစေနိုင်ပါတယ်။


#HelloMomandBaby #Parenting #BabyCare #ShortArticle


နို့ချိုတိုက်ကျွေးနေချိန်မှာ အချိုရည် သောက်မယ်ဆိုရင်...  နို့ချိုတိုက်ကျွေးနေချိန်မှာ အချိုရည် သောက်မယ်ဆိုရင်...  
နှစ်သက်သည်
မျှဝေမည်။
သိမ်းဆည်းမယ်။
မှတ်ချက်
8

မှတ်ချက် 0ခု

အဖွဲ့ဝင်အသစ်များအတွက်

အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။
သင်စိတ်ဝင်စားတဲ့ ကျန်းမာရေးအကြောင်းအရာများနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသစ်များကို ရှာဖွေလိုက်ပါ။
ကိုယ်ဝန်ရရှိခြင်း
ပထမ သုံးလပတ်
ဒုတိယ သုံးလပတ်
ဖန်ပြွန်သန္ဓေသား
တတိယ သုံးလပတ်
သားဦးမေမေ
စာအုပ်စင်