🔥 ရေပန်းစားသောအကြောင်းအရာ

မီးဖွားပြီးချိန် ဗိုက်စည်းစည်းတာ ကောင်းသလား!

မီးဖွားပြီးချိန်မှာ ဗိုက်ချပ်ဖို့ဆိုပြီး ဗိုက်စည်းစည်းတတ်ကြတယ်နော်။ ဒီလို ဗိုက်စည်းစည်းတာက ကောင်းကျိုး ရှိသလား။ ဘာတွေ သိထားရမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။


ခါးပတ်ပုံစံနဲ့ ဆင်တူတဲ့ဗိုက်စည်းဟာ ဗိုက်ကို ကြပ်ကြပ်တင်းတင်း စည်းထားတဲ့အတွက် ယေဘုယျအနေနဲ့ ခြေထောက်နဲ့ နောက်ကျောကို ထောက်မ ပေးထားပြီး ဖောင်းနေတဲ့ သားအိမ်ကို လွတ်လွတ်လပ်လပ် ရှိနေစေပြီး သားအိမ်ကို ပုံမှန် အရွယ်ပြန်ရောက်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။


ဗိုက်စည်းတွေဟာ ဗိုက်ကို ကူညီထောက်မပေးထားတာမို့ နောက်ကျောနာတတ်၊အောင့်တတ်တဲ့သူတွေမှာ အသုံးဝင်ပါတယ်၊နာတာကို သက်သာစေပါတယ်။ မီးဖွားပြီးစ အမျိုးသမီးတွေမှာ (ရိုးရိုးမွေးတာပဲ ဖြစ်ဖြစ်၊ခွဲမွေးတာပဲ ဖြစ်ဖြစ်) ဒီ ဗိုက်စည်းက ကိုယ်ဟန်အနေအထားကို ပုံမပျက်စေဘဲ ဝမ်းဗိုက်ကို ကူညီထောက်မ ပေးထားတာကြောင့် နေရထိုင်ရ သက်သာစေတာတော့ အမှန်ပါ။


ဝမ်းဗိုက်ကို အနည်းငယ် ဖိထားပေးခြင်းကြောင့် သားအိမ်ကို မူလအရွယ်အစားအတိုင်း မြန်မြန် ပြန်သေးငယ်သွားစေတဲ့အတွက် မီးဖွားပြီးစ အမျိုးသမီးတွေအနေနဲ့ ကိုယ်ဝန်ဆက်ရှိနေသေးသလို ထင်ခံနေရတဲ့ ဗိုက်ကြီးပူနေ၊ဖောင်းနေတဲ့ ဒုက္ခကနေ အမြန်လွတ်မြောက်စေမှာပဲ ဖြစ်ပါတယ်။


နောက်ထပ်ကောင်းတဲ့အချက်တခုက အမျိုးသမီးတယောက် အနေနဲ့ ဗိုက်စည်းကို စည်းထားခြင်းအားဖြင့် နေရတာ ပိုမိုသက်တောင့်သက်သာ ရှိမှာဖြစ်ပြီး လှုပ်ရရှားရတာ ပိုမိုလွယ်ကူစေမှာဖြစ်ပါတယ်။ လှုပ်ရှားရပိုမိုလွယ်ကူတဲ့အတွက် များများ လှုပ်ရှားဖြစ်၊လေ့ကျင့်ခန်းများများလုပ်ဖြစ်ပြီး နဂိုမူလ ခန္ဓါကိုယ် အချိုးအစားကို မြန်မြန်ပြန်ပြီး ရစေပါတယ်။


ကလေးမွေးပြီးတာနဲ့ ဗိုက်စည်းတွေကို စတင်ဝတ်ဆင်နိုင်ပြီး အကောင်းဆုံး အကျိုးသက်ရောက်မှုရဖို့အတွက် မွေးပြီး တစ်လကနေ တလခွဲလောက်အထိ ဝတ်ထား/ပတ်ထားသင့်တယ်လို့ ဆိုပါတယ်။


ဗိုက်စည်းတွေကို တံဆိပ်နဲ့ လုပ်ထားတဲ့ အသားပေါ်မူတည်ပြီး ဈေးကွက်ထဲမှာ ဈေးအစားစားနဲ့ ရရှိနိုင်ပါတယ်။ အမျိုးသမီးတွေအနေနဲ့ ကိုယ့်ရဲ့ ဗိုက်အရွယ်အစား တဖြည်းဖြည်း သေးငယ်လာတာနဲ့အမျှ သင့်တော်မယ့် ဗိုက်စည်းအရွယ်အစား အမျိုးမျိုးကို ရွေးချယ်ဝယ်ယူနိုင်ပါတယ်။


ဗိုက်စည်းစည်းရုံနဲ့တော့ ဗိုက်က နဂိုအ ရွယ်အတိုင်း ပြန်ချပ်သွားမှာတော့ မဟုတ်ပါဘူး။ ဗိုက်စည်း စည်းတာနဲ့အတူ ကျန်းမာရေးနဲ့ ညီညွတ်အောင် စားတာ၊ ကိုယ်လက်လှုပ်ရှားမှုတွေ လုပ်ဆောင်ပေးတာက မွေးဖွားပြီးချိန်မှာ ဗိုက်ချပ်စေမယ့် နည်းလမ်းပါ။


#HelloMomandBaby #Pregnancy #MomCare #ShortArticle

မီးဖွားပြီးချိန် ဗိုက်စည်းစည်းတာ ကောင်းသလား!မီးဖွားပြီးချိန် ဗိုက်စည်းစည်းတာ ကောင်းသလား!
နှစ်သက်သည်
မျှဝေမည်။
သိမ်းဆည်းမယ်။
မှတ်ချက်
46

မှတ်ချက် 0ခု

အဖွဲ့ဝင်အသစ်များအတွက်

အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။
သင်စိတ်ဝင်စားတဲ့ ကျန်းမာရေးအကြောင်းအရာများနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသစ်များကို ရှာဖွေလိုက်ပါ။
ကိုယ်ဝန်ရရှိခြင်း
ပထမ သုံးလပတ်
ဒုတိယ သုံးလပတ်
ဖန်ပြွန်သန္ဓေသား
တတိယ သုံးလပတ်
သားဦးမေမေ
စာအုပ်စင်