🔥 ရေပန်းစားသောအကြောင်းအရာ

ကာကွယ်ဆေးထိုးပြီးတဲ့အခါ ကလေးကို ဘယ်လိုဂရုစိုက်မလဲ?

ကလေးတွေကို ကောင်းကောင်းမွန်မွန်နဲ့ ကျန်းကျန်းမာမာ ကြီးပြင်းလာစေဖို့ အတွက် မိဘတွေ အရေးတကြီး လုပ်ရမယ့် အထဲမှာ ကာကွယ်ဆေး ထိုးတာလည်း ပါဝင်ပါတယ်။ ကူးစက်ရောဂါတွေ နဲ့ ပြင်းထန် ဆိုးရွားတဲ့ ရောဂါတွေကို ကာကွယ်နိုင်ဖို့ အတွက် ကာကွယ်ဆေးတွေကို မဖြစ်မနေ ထိုးရပါတယ်။ဒီတော့ ကလေးကို ကာကွယ်ဆေးထိုးပြီးတဲ့အခါ ကလေးကို ဘယ်လိုဂရုစိုက်မလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။


ကာကွယ်ဆေးထိုးတာကြောင့် ကလေးမှာဘာတွေဖြစ်နိုင်လဲ...

ကာကွယ်ဆေးထိုးပေးတာက ကလေးကို ပြင်းထန်ဆိုးရွားတဲ့ ရောဂါတွေမဖြစ်လာအောင် ကာကွယ်တာဆိုပေမယ့် အန္တရာယ်မရှိတဲ့ အသေးစားထိခိုက်မှုလေးတွေရှိနိုင်ပါတယ်။ အသေးစားထိခိုက်မှုလေးတွေက -


🔹ကာကွယ်ဆေးထိုးထားတဲ့နေရာတစ်ဝိုက် နီမြန်းရောင်ရမ်းတာ

🔹ကာကွယ်ဆေးထိုးပြီးနောက် အဖျားတက်တာမျိုးပါ။


ဒီလက္ခဏာတွေက ရက်အနည်းငယ်ကြာရင် သက်သာသွားနိုင်ပါတယ်။ ကာကွယ်ဆေးထိုးတာကြောင့်ဖြစ်လာတဲ့ အဖျားက ကလေးတွေအတွက် အန္တရာယ်မရှိပါဘူး။ အန္တရာယ်မရှိပေမယ့် အဖျားဖြစ်နေတဲ့အခါ ကလေးက မအီမသာခံစားရတာမျိုးတော့ရှိနိုင်ပါတယ်။ ဒီလိုဖြစ်တဲ့အခါ မိဘတွေအနေနဲ့ စိတ်ပူပြီး ဘာလုပ်ပေးရမှန်းမသိတာမျိုးဖြစ်နိုင်ပါတယ်။


ကာကွယ်ဆေးထိုးပြီးတဲ့အခါ ကလေးကို ဘယ်လိုဂရုစိုက်မလဲ!

ကလေးက ကာကွယ်ဆေးထိုးပြီးတဲ့အခါ ကလေးကနာလို့ငိုတာ၊ အနာရှိန်နဲ့ဖျားတာမျိုးအထိဖြစ်နိုင်ပါတယ်။ ကလေးက ဖျားပြီဆိုရင် အီနေတတ်ပြီး ငိုယိုနေတာ ဖြစ်နိုင်ပါတယ်။


ကလေးရဲ့ ကိုယ်အပူချိန်က ၃၇.၅ ဒီဂရီ စင်တီဂရိတ် အထက် ဆိုရင် ကလေးက ဖျားနေပြီလို့ ဆိုလို့ ရပါတယ်။ အသက် အပိုင်းအခြားအလိုက် ပြောပြရမယ် ဆိုရင်တော့


🔸ကလေးက ၃ လ အောက် ဖြစ်ပြီး ခန္ဓာကိုယ် အပူချိန်က ၃၈ ဒီဂရီ စင်တီဂရိတ် ( ၁၀၁ ဒီဂရီ ဖာရင်ဟိုက်) (သို့မဟုတ်) ၁၀၁ ဒီဂရီ ဖာရင်ဟိုက် အထက် ဖြစ်နေမယ်


🔸ကလေးက ၃ လ ကနေ ၆ လ ကြား အရွယ် ဖြစ်ပြီး အပူချိန်က ၃၉ ဒီဂရီ စင်တီဂရိတ် ( ၁၀၂ ဒီဂရီ ဖာရင်ဟိုက်) (သို့မဟုတ်) ၁၀၂ ဒီဂရီ ဖာရင်ဟိုက် နဲ့ အထက် ဖြစ်နေမယ် ဆိုရင်တော့ ကလေးက ဖျားနေပြီလို့ ပြောလို့ ရပါတယ်။ ကလေးတွေက ဖျားတဲ့ အခါ မအီမသာ ဖြစ်ပြီး ဂျီကျတာ၊ မှိန်းနေတာမျိုးတွေလည်း ရှိနိုင်ပါတယ်။


ကာကွယ်ဆေး ထိုးတာကတော့ မဖြစ်မနေ လုပ်ရမယ့် ကိစ္စပါ။ ဒါပေမယ့် ဆေးထိုး အပြီး ကလေး ဖျားတာ၊ ထိုးထားတဲ့ နေရာ နီရဲပြီး ရောင်နေတာ၊ အီပြီး ငိုနေတာတွေ အတွက် သက်သာစေဖို့ဆိုရင်တော့ ကလေးကို ကာကွယ်ဆေးထိုးပြီးစမှာ -


🔸ကလေးကို ကာကွယ်ဆေး ထိုးပြီးတဲ့အခါ သက်တောင့်သက်သာလေး ထားပေးပါ။

🔸ကလေးကို ချိုသာတဲ့ အသံလေးနဲ့ ချော့မြူ ပြောဆိုပါ။

🔸ကလေးကို လက်ထဲမှာ ချီပြီး ထွေးပိုက် ချော့မြူပေးပါ။

🔸ကလေးကို နို့တိုက်တာ၊ နို့ဘူး တိုက်တာမျိုး လုပ်ပေးပါ။

🔸ကလေး ဆေးထိုးထားတဲ့နေရာကိုရေခဲကပ်ပေးပါ။


ဒီလိုတွေလုပ်ပေးပေမယ့် ကလေးက အနာရှိန်မသက်သာဘဲ ဖျားနာလာမယ်ဆိုရင် ကလေးကို အဖျားပျောက်ဆေး တစ်ခုခု တိုက်ပေးလို့ရပါတယ်။


#HelloMomandBaby #Parenting #BabyCare #ShortArticle

ကာကွယ်ဆေးထိုးပြီးတဲ့အခါ ကလေးကို ဘယ်လိုဂရုစိုက်မလဲ? ကာကွယ်ဆေးထိုးပြီးတဲ့အခါ ကလေးကို ဘယ်လိုဂရုစိုက်မလဲ? 
နှစ်သက်သည်
မျှဝေမည်။
သိမ်းဆည်းမယ်။
မှတ်ချက်
4

မှတ်ချက် 0ခု

အဖွဲ့ဝင်အသစ်များအတွက်

အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။
သင်စိတ်ဝင်စားတဲ့ ကျန်းမာရေးအကြောင်းအရာများနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသစ်များကို ရှာဖွေလိုက်ပါ။
ကိုယ်ဝန်ရရှိခြင်း
ပထမ သုံးလပတ်
ဒုတိယ သုံးလပတ်
ဖန်ပြွန်သန္ဓေသား
တတိယ သုံးလပတ်
သားဦးမေမေ
စာအုပ်စင်