🔥 ရေပန်းစားသောအကြောင်းအရာ

ကိုယ်ဝန်လအလိုက် ကြုံရနိုင်တဲ့ ကျန်းမာရေး ပြဿနာတွေက ဘာတွေဖြစ်မလဲ!

ကိုယ်ဝန်ဆောင်ချိန်က လေဒီလေးတွေအတွက် စိတ်လှုပ်ရှားစရာကောင်းတဲ့ အခိုက်အတန့် ဖြစ်သလို ကျန်းမာရေးပြဿနာ အမျိုးမျိုးကိုလည်း ရင်ဆိုင်ရနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ သန္ဓေသားလေးကို မိခင်ရဲ့ ခန္ဓာကိုယ်က လက်ခံနိုင်ဖို့ ကိုယ်ခံအားရဲ့ တုံ့ပြန်မှုကို လျှော့ချလိုက်ရတာကြောင့် ကိုယ်ခံအား နည်းပြီး အလွယ်တကူ ဖျားနာနိုင်သလို ကိုယ်ဝန်လအလိုက် တွေ့ကြုံနိုင်တဲ့ ကျန်းမာရေး ပြဿနာဆိုတာကလည်း ရှိပြီးသားပါ။


ဒါကြောင့် အခုတစ်ခေါက်တော့ ကိုယ်ဝန်ဆောင်လေဒီလေးတိုင်း သတိထားနိုင်စေဖို့အတွက် ကိုယ်ဝန်လအလိုက် ဘယ်လို ကျန်းမာရေးပြဿနာတွေ ခံစားရနိုင်လဲဆိုတာကို ပြောပြပေးချင်ပါတယ်။


🔵 ကိုယ်ဝန်ဆောင် ပထမ ၃ လပတ်


- ကိုယ်ဝန်ပျက်ကျတာ

- နေရာမှားပြီး သန္ဓေတည်တာ

- စပျစ်သီး ကိုယ်ဝန်



🔵 ကိုယ်ဝန်ဆောင် ဒုတိယ ၃ လပတ်


- ကိုယ်ဝန်ပျက်ကျတာ

- စောမွေးတာ

- ကိုယ်ဝန်ဆိပ်တက်တာ

- ရေမြွှာရည် စောပေါက်တာ


🔵 ကိုယ်ဝန်ဆောင် တတိယ ၃ လပတ်


- ကိုယ်ဝန်ဆောင်ဆီးချို

- ကိုယ်ဝန်ဆိပ်တက်ခြင်း

- ရေမြွှာရည်စောပေါက်ခြင်း

- လမစေ့ဘဲ မွေးဖွားခြင်း

- အချင်းပြဿနာ

- ကလေးအနေအထား မမှန်တာ

- မွေးဖွားရမယ့်ရက် ကျော်နေတာတွေပါ။


ဒါကြောင့် ကိုယ်ဝန်ဆောင်တွေအနေနဲ့ ကိုယ့်ကျန်းမာရေးကို အမြဲဂရုစိုက်နေရပါမယ်။ ဒီလိုမှ ၉လတာကာလကို ကျန်းကျန်းမာမာ ကျော်ဖြတ်နိုင်ပြီး ၁၀လပြည့်တဲ့အခါ အောင်အောင်မြင်မြင် မွေးဖွားနိုင်မှာပါ။


#HelloMomandBaby #Pregnancy #Momcare #Shortarticle


ကိုယ်ဝန်လအလိုက် ကြုံရနိုင်တဲ့ ကျန်းမာရေး ပြဿနာတွေက ဘာတွေဖြစ်မလဲ!ကိုယ်ဝန်လအလိုက် ကြုံရနိုင်တဲ့ ကျန်းမာရေး ပြဿနာတွေက ဘာတွေဖြစ်မလဲ!
နှစ်သက်သည်
မျှဝေမည်။
သိမ်းဆည်းမယ်။
မှတ်ချက်
11

မှတ်ချက် 0ခု

အဖွဲ့ဝင်အသစ်များအတွက်

အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။
သင်စိတ်ဝင်စားတဲ့ ကျန်းမာရေးအကြောင်းအရာများနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသစ်များကို ရှာဖွေလိုက်ပါ။
ကိုယ်ဝန်ရရှိခြင်း
ပထမ သုံးလပတ်
ဒုတိယ သုံးလပတ်
ဖန်ပြွန်သန္ဓေသား
တတိယ သုံးလပတ်
သားဦးမေမေ
စာအုပ်စင်