🔥 ရေပန်းစားသောအကြောင်းအရာ

မီးဖွားပြီးချိန် ဘယ်အချိန်ကစပြီး သားဆက်ခြားမလဲ!

ပထမ ကလေးမွေးပြီးတာ သိပ်မကြာသေးဘူး။ နောက်ထပ်ကိုယ်ဝန်ရသွားတဲ့ အဖြစ်မျိုးတွေ ကြားဖူးမှာပါ။ ပထမကလေးက လက်မလွတ်သေးခင် နောက်ထပ် ကလေးရလာတာက မေမေတို့အတွက်တော့ ဗျာများစရာ ကိစ္စပါပဲ။ တကယ်ကတော့ ကလေးမီးဖွားပြီး သိပ်မကြာခင်မှာ နောက်ထပ် ကိုယ်ဝန်ရရှိတာက ကိုယ်ဝန်ကို ထိထိရောက်ရောက် ဘယ်လို တားရမလဲဆိုတာကို မသိတာကြောင့် ဖြစ်နိုင်ပါတယ်။


နောက်ပြီး ဖြစ်နိုင်တာက ကိုယ်ဝန်ကို တားချင်ပေမယ့် သားဆက်ခြားနည်းတွေက မိခင်နို့ ထွက်ရှိမှုကို ထိခိုက်ပြီး ကလေးကို မိခင်နို့ မလုံလောက်တာမျိုး ဖြစ်စေမှာကို စိုးရိမ်တာရယ်၊ နောက်ဆုံး တစ်ချက်ကတော့ ကိုယ်ဝန်တားချင်ပေမယ့် ဘယ်အချိန်ဆို တားဆေး၊ ထိုးဆေး သောက်လို့ ထိုးလို့ရပြီလဲဆိုတာကို မသိကြတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။


ကလေးမွေးပြီးနောက်ပိုင်း ၄၅ ရက် မရှောင်မိလိုက်တဲ့အခါ ကလေးနို့တိုက်နေရင်တောင် ၊ ရာသီပြန်မလာသေးရင်တောင် နောက်ကိုယ်ဝန်ရသွားတာမျိုး ဖြစ်တတ်ပါတယ်။ ဆေးရုံတွေမှာ ကလေးမွေးတဲ့အခါ ဆေးရုံကဆင်းပြီး ၆ ပတ်အကြာမှာ ကလေး မိခင် ကျန်းမာရေး ပြန်ကြည့်ဖို့ ရက်ချိန်ပြန်ချိန်းလေ့ရှိပါတယ်။ အတူနေတာကို ၄၅ ရက် ရှောင်ဖို့လည်း မှာလိုက်ပါလိမ့်မယ်။ ဒီအချက်လေးတွေကို လိုက်နာပြီး ရက်ချိန်းပြန်ပြတဲ့အခါ သန္ဓေတားတဲ့အကြောင်း ဆွေးနွေးဖို့လိုပါလိမ့်မယ်။


ကလေးမွေးပြီးနောက်ပိုင်း ဘယ်အချိန်မှာ ကိုယ်ဝန်ကို တားသင့်သလဲဆိုတာ ကိုယ်သုံးမယ့် သန္ဓေတားနည်းအပေါ်မှာလည်း မူတည်ပါသေးတယ်။


ကလေးနို့မတိုက်ဘူးဆိုရင် ကြိုက်တဲ့ သန္ဓေတားနည်းကို အသုံးပြုလို့ရပါတယ်။ ဘယ်အချိန်မှာစပြီး အသုံးပြုရမလဲဆိုတာကိုတော့ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။


ကလေးနို့တိုက်နေတယ်ဆိုရင်


- ပရိုဂျက်စတုန်း ဟော်မုန်း တစ်မျိုးတည်းပါတဲ့ တားဆေးသောက်ဆေး

- ကွန်ဒုံး

- သားအိမ်တွင်းထည့် သန္ဓေတားပစ္စည်း

- လက်မောင်းတွင်းထည့် သန္ဓေတား ပစ္စည်းနဲ့

- သားကြောဖြတ်တာ ကြိုက်တဲ့ နည်းကို သုံးလို့ရပါတယ်။

- ကလေးနို့တိုက်ရင်တော့ ဟော်မုန်း နှစ်မျိုးပေါင်းထားတဲ့ တားဆေးသောက်ဆေးတွေကို မွေးပြီး ၆ ပတ်အကြာမှ သောက်သင့်ပါတယ်။ သူတို့က နို့အထွက်နည်းစေတတ်လို့ပါ။


ဒီတော့ အချုပ်ပြောရရင် ကလေးနို့တိုက်နေတယ်၊ ကိုယ်ဝန်ထပ်မရအောင်လည်း တားချင်ဆိုရင် မီးဖွားပြီး ၃ပတ်ကနေ ၆ ပတ်အတွင်း သန္ဓေစတားလို့ရပါပြီ။


#HelloMomandBaby #ShortArticle

နှစ်သက်သည်
မျှဝေမည်။
သိမ်းဆည်းမယ်။
မှတ်ချက်
25

မှတ်ချက် 0ခု

အဖွဲ့ဝင်အသစ်များအတွက်

အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။
သင်စိတ်ဝင်စားတဲ့ ကျန်းမာရေးအကြောင်းအရာများနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသစ်များကို ရှာဖွေလိုက်ပါ။
ကိုယ်ဝန်ရရှိခြင်း
ပထမ သုံးလပတ်
ဒုတိယ သုံးလပတ်
ဖန်ပြွန်သန္ဓေသား
တတိယ သုံးလပတ်
သားဦးမေမေ
စာအုပ်စင်