🔥 ရေပန်းစားသောအကြောင်းအရာ

ကိုယ်ဝန်ဆောင်ချိန်ပျို့အန်ခြင်း ကောင်းသလား

ဒီမေးခွန်းကအတော်ဖြေရခက်တဲ့မေးခွန်းပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ ပျို့အန်ခြင်းဟာ ကိုယ်ဝန်ရှိနေပြီဆိုတာကို ဖော်ပြနေတဲ့ အတွေ့ရများတဲ့ လက္ခဏာ တစ်ခုပါ။ ကိုယ်ဝန်ဆောင်ကာ ၆ ပတ်လောက်မှာ စတင်ခံစားရပြီး ကိုယ်ဝန်ဆောင်ကာလ ၁၂ ပတ်လောက်မှာ သက်သာသွားနိုင်ပါတယ်။


ဒီလိုပျို့အန်တာက မနက်ခင်းမှာ ပိုပြီး ပြင်းပြင်းထန်ထန် ခံစားရနိုင်သလို တစ်နေ့လုံးမှာလည်း ခံစားရနိုင်ပါတယ်။ လေ့လာချက်တွေ အရကတော့ ကိုယ်ဝန်ဆောင်ချိန်မှာ ပျို့အန်တာက ကိုယ်ဝန်ဆောင်မေမေရဲ့ ခန္ဓာကိုယ်ထဲမှာ ဟော်မုန်းအပြောင်းအလဲတွေ ဖြစ်တာကြောင့်ပါတဲ့။ ကိုယ်ဝန်ဆောင်ချိန်မှာ မေမေရဲ့ ခန္ဓာကိုယ်ကနေ horionic gonadotropin (HCG) ဟော်မုန်းကိုထုတ်ပေးပါတယ်။ ဒီဟော်မုန်းထွက်ရှိမှုကပဲ ပျို့အန်မှုကို ဖြစ်စေတာပါ။


အမြွှာလေးတွေကို ကိုယ်ဝန်ဆောင်ထားရတဲ့ မေမေတွေမှာတော့ ပိုဆိုးနိုင်ပါတယ်။ ကိုယ်ဝန်ဆောင် တစ်ယောက်အတွက်ပျို့အန်တာပုံမှန်ပဲဆိုပေမယ့်နေလို့ထိုင်လို့မကောင်းတာမျိုးဖြစ်စေတဲ့အပြင်ပျို့အန်တာလူကိုပင်ပန်းနွမ်းနယ်စေပါသေးတယ်။


ဒီလို ပျို့အန်တာကို သက်သာစေဖို့အတွက် ဆိုရင်


- အစားကို နည်းနည်းချင်းစီနဲ့ အကြိမ်ရေ များများ စားပေးပါ

- ရေများများ သောက်ပါ

- အစားစားပြီးတိုင်း အာလုပ်ကျင်းပါ

- ပေါ့ပေါ့ပါးပါး ကိုယ်လက်လှုပ်ရှာမှုလေး လုပ်ပါ

- လေကောင်းလေသန့်ရှူပါ

- အိပ်ရေးဝဝ အိပ်စက်ပါ

- ဂျင်း ရေနွေးကြမ်းလေး သောက်ပါ။


ပျို့အန်တာကြောင့် အစားမစားချင်တာမျိုး ဖြစ်ပေမယ့် ထမင်းစားချိန်တိုင်းမှာ အစားအစာတွေကို ဝင်သလောက် စားပေးပါ။ ပျို့အန်တယ်ဆိုတာက ကိုယ်ဝန်ဆောင်ချိန်မှာ ဖြစ်တတ်တယ်ဆိုပေမယ့် ပြင်းထန်မယ်ဆိုရင်တော့ အာဟာရချို့တဲ့တာမျိုး အပါအဝင် အခြား ကျန်းမာရေး ပြဿနာတွေကြောင့် ကလေးကိုပါ ထိခိုက်စေနိုင်တဲ့ အတွက် ဆရာဝန်နဲ့ ဆွေးနွေးပါလို့ အကြံပြုချင်ပါတယ်။


#HelloMomandBaby #ShortArticle


ကိုယ်ဝန်ဆောင်ချိန်ပျို့အန်ခြင်း ကောင်းသလားကိုယ်ဝန်ဆောင်ချိန်ပျို့အန်ခြင်း ကောင်းသလား
နှစ်သက်သည်
မျှဝေမည်။
သိမ်းဆည်းမယ်။
မှတ်ချက်
7

မှတ်ချက် 0ခု

အဖွဲ့ဝင်အသစ်များအတွက်

အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။
သင်စိတ်ဝင်စားတဲ့ ကျန်းမာရေးအကြောင်းအရာများနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသစ်များကို ရှာဖွေလိုက်ပါ။
ကိုယ်ဝန်ရရှိခြင်း
ပထမ သုံးလပတ်
ဒုတိယ သုံးလပတ်
ဖန်ပြွန်သန္ဓေသား
တတိယ သုံးလပတ်
သားဦးမေမေ
စာအုပ်စင်