Help Doctor
အရင်လ၁၄ရက်က ဆက်ဆံခဲ့ပီး ဒီလ ၁၇ရက်နေ့ ညနေ ဆီးနဲ့စစ်ကြည့်တော့လဲ မရှိဘူးပြတယ်ဗျ ခါးတိုင်း၁၆ရက်နေ့ဝန်းကျင်ဆိုရာသီလာတယ်ဗျ အခုလကရာသီလဲမလာသေးဘူးဗျ ရင်သားတွေတင်းနေတာ မူးနေတာတွေဖြစ်နေတယ်ဗျ အရင်ကလဲသွေးအားနည်းတာရှိတယ်ဗျ ဆေးတွေပါသွင်းရတယ်ဗျ အဲ့လိုသွေးအားနည်းရင် ရာသီမလာတာလဲဖြစ်တယ်ဗျ ကိုယ်ဝန်ရှိနေနိုင်လားဗျ ဒီလ14,15,16ရက်နေ့တွေတုန်းက အဖြူဖက် ချွဲလိုပျော့ပျော့ကြီးတွေထွက်တယ်ဗျ အဲ့နောက်ပိုင်းမထွက်ဘူးဗျ ဆီးစစ်ကြည့်တာလဲ ခနခနဘဲဗျ ၁ကြောင်းဘဲဗျ ဒီလ၁၀ရက်နေ့တုန်းကလည်း မနက် ဆီးနဲ့ စစ်ကြည့်ခဲ့သေးတယ်ဗျ တစ်ကြောင်းဘဲဗျ ကိုယ်ဝန်ရှိနေနိုင်လားဗျ
မနက်ဆီးနဲ့ စစ်တာ ဘယ်တုန်းကလဲ။ ၁၆ရက်နေ့ နောက်ပိုင်းမှာ မနက်ဆီးနဲ့ မစစ်ရသေးရင် ထပ်စစ်ကြည့်ပါ။
တစ်ကြောင်းပဲဆို ကိုယ်ဝန်မဟုတ်တော့ပါဘူး။
သွေးအားနည်းလွန်းတာကြောင့် မလာတာလည်း ဖြစ်နိုင်ပါတယ်။
သွေးအားနည်းတာကိုလေ မပေါ့ပါနဲ့။ ဆရာဝန်နဲ့ သေချာပြပြီး ကုသပါ။ ဒီကြားထဲမှာ အသား၊ ငါး၊ အသီးအရွက် အစုံစားပါ။ လက်ဖက်ရည်၊ ကော်ဖီ၊ လက်ဖက်သုပ်တွေ ရှောင်ထားပါ။ စားမယ်ဆိုရင်လည်း အစားနဲ့ ၂နာရီလောက် ခွာစားပါ။