Depo-Provera ၃လခံဆေးထိုးပြီးရာသီပုံမှန်လာခြင်း

လွန်ခဲ့တဲ့တစ်လလောက်ကDepo-Proveraထိုးပြီးအတူနေဖြစ်ပါတယ်။ပြီးခဲ့တဲ့တစ်ပတ်ကနောက်ဆုံးအတူနေဖြစ်တာပါ။အခုပုံမှန်ရာသီရက်အတိုင်းရာသီဆက်လာနေပါတယ်။အရင်ထက်တော့သွေးဆင်းတာနည်းပါတယ်။ရာသီမလာခင်တစ်ရက်မှာ မိနစ်ပိုင်းလောက် အဝါရောင်အရည်နည်းနည်း ဆင်းပါတယ်။ပြီးတော့ရပ်သွားပြီး နောက်တစ်ရက်မှသွေးနည်းနည်းစီစဆင်းတာပါ။ဆရာဝန်တွေပြောတာက၃လခံဆေးထိုးပြီးရင်ရာသီမလာဘူးဆိုပြီးအခုကျဘာလို့လာတာလဲဗျ။ကိုယ်ဝန်တွေဘာတွေနဲ့များဆိုင်လား။ဒါမှမဟုတ်ပုံမှန်ရာသီလာတာမျိုးလား။ရာသီလာတာကတော့၃ရက်ရှိပါပြီ။အဝါဆင်းတဲ့နေ့ကရာသီလာမယ့်လက္ခဏာစပြတာပါ။အမျိုးသမီးကလည်းရာသီလာတော့မယ်ဆိုတာခံစားမိတယ်ပြောပါတယ်။ပြီးတော့သွေးစဆင်းတာပါဘဲ။


အဝါရောင်အရည်ကအစ​က်သဘော​လောက်ဘဲထွက်တာပါ။ပြီးတော့အမျိုးသမီးကအခုထိဘာမှထူးခြားတာထပ်မဖြစ်တော့ဘူးပြောပါတယ်။အရင်ရာသီလာနေကျအတိုင်းဘဲခံစားရတယ်ပြောပါတယ်ဗျ။ရာသီပြန်လာနေတယ်ဆိုရင်ကိုယ်ဝန်မရှိဘူးလို့ယူဆလို့ရလားဗျ။အဝါရောင်အရည်ကပိုးကူးစက်တဲ့လက္ခဆိုတာဟုတ်လားဗျ။ထပ်မထွက်ရင်ဘေးကင်းတယ်လို့ယူဆလို့ရလားဗျ။

နှစ်သက်သည်
မျှဝေမည်။
သိမ်းဆည်းမယ်။
မှတ်ချက်
2778
21

မှတ်ချက် 21ခု

မဂ်လာပါ ဆရာ ကျွန်မကအိမ်ထောင်ကျတာ ၂ နှစ်ရှိပြီနော် ၃လခံဆေးကို၄ကြိမ်ထိုးခဲ့ပါတယ်သြဂုတ်လကစပြီးဖြတ်ခဲ့တာပါကလေးယူဖို့အစီအစဥ်ရှိလို့ပါယခုအခါ ၃လခံဆေးဖြတ်ထားတာ ၇ လရှိပါပြီ ခုထိရာသီမလာသေးလို့ပါဘာများဆက်လုပ်ရမလဲရှင့်ဆေးအာနိသင်ကဘယ်အချိန်လောက်မှပြယ်ပြီးရာသီပြန်လာနိုင်မလဲရှင့်ကျေးဇူးပြုပြီးဖြေပေးပါ

လွန်ခဲ့သော 3 ပတ် က
နှစ်သက်သည်
အကြောင်းပြန်မယ်။

ဆရာ ည​နေ၆နာရီ​လောက် တာ​ဆေးထိုးတယ် ည၁၂နာရီတူတူ​နေမိတယ် ကိုယ်၀န်ရနိုင်လားဆရာ

လွန်ခဲ့သော 2 လ က
နှစ်သက်သည်
အကြောင်းပြန်မယ်။
@နှိုင်းမ မှီသာ

ရပါတယ်

လွန်ခဲ့သော တစ်လ က
နှစ်သက်သည်
အကြောင်းပြန်မယ်။
@Dr Htet Htet Zaw Win

ဆီးခနခနစစ်ကြည့်ပ့တယ်ရှင့် ကိုယ်ဝန်မရှိပူးပြနေပါတယ် ရာသီမလာတာကိုစိတ်ပူရလားဆရာရှင့် ပိးရင်အခုသုံးလခံဆေးပြန်ထိုးလို့ရနိုင်လားဆရာရှင့်


လွန်ခဲ့သော တစ်လ က
နှစ်သက်သည်
အကြောင်းပြန်မယ်။
@နှိုင်းမ မှီသာ

အရေးပေါ်တားဆေးတွေက ရာသီမမှန်တာ၊ မလာတာ၊ နောက်ကျတာ၊ ဆင်းချင်သလိုဆင်းတာတွေ ရှိတတ်ပါတယ်။ ကိုယ်ဝန်ကို စိတ်ပူတယ်ဆို အတူနေတာ ၃ပတ်ပြည့်တဲ့အခါ ဒါမှမဟုတ် ပုံမှန်ရာသီလာနေကျရက်ကို ၁ပတ်လောက်ကျော်တဲ့အခါ ဆီးစစ်ကြည့်ပါ။

လွန်ခဲ့သော တစ်လ က
နှစ်သက်သည်
အကြောင်းပြန်မယ်။
@Dr Htet Htet Zaw Win

ဆရာရှင့် ၁၁လပိုင်း၆ရက်နေ့ကပထမဆုံး၃လခံတားဆေးထိုးခဲ့ပါတယ် ၁လပိုင်း၆ရက်ပြန်ချိန်းတယ်ရှင့် ဒါမဲ့၁လပိုင်းထဲပြန်မထိုးဖိ့ခဲ့ပ့ပူး အဲ့ကြားထဲအမျိုးသားအိမ်ပြန်လာလို့၃ခါလောက်နေမိတော့အရေးေပါ်တားဆေး၃ခါေလာက်သောက်ခဲ့မိပ့တယ် အခုထိရာသီမလာတေးလိုု့ရှင့် ဆီးစစ်တော့ကိုယ်ဝန်မရှိပူးဆိုပိးတော့လက္ခဏာပြတယ်ရှင့် ဒါမဲ့အခုထိရာသီမလာတေးလို့ပါ ဘာဖြစ်နိုင်လဲေဖြပေးပါအုန်းဆရာ


လွန်ခဲ့သော တစ်လ က
နှစ်သက်သည်
အကြောင်းပြန်မယ်။
ပြန်လည်ဖြေကြားချက် 1ခုကို ဆက်ကြည့်မယ်။

သုံးလခံတားဆေးထိုးပြီးနှစ်ပတ်အကြာမှာရာသီလာပါတယ်ဆရာ။ရာသီလာနေချိန်အတူနေမိပါတယ်ဆရာ။ ကိုယ်ဝန်ရနိုင်လားဆရာ။

လွန်ခဲ့သော 2 လ က
နှစ်သက်သည်
အကြောင်းပြန်မယ်။
@Mikey kun

မရနိုင်ပါ

လွန်ခဲ့သော 2 လ က
နှစ်သက်သည်
အကြောင်းပြန်မယ်။
1

ဆရာ 3လခံေဆးထိုးပီးတဲ့နောက် ရာသီေသွးေရာသီေသွးနေ့တိုင်းဆင်းတာ ဘာေကြာင့်လဲ ဆရာ ေပြပြာပြောပးလို့ရမလားရှင့်

လွန်ခဲ့သော 4 လ က
နှစ်သက်သည်
အကြောင်းပြန်မယ်။
@Thon Nadi

စထိုးထိုးချင်းဆို ဖြစ်တတ်ပါတယ်

ရက်ရှည်ရင်တော့ နီးစပ်ရာဆေးခန်းမှာ ပြသပါ

လွန်ခဲ့သော 4 လ က
နှစ်သက်သည်
အကြောင်းပြန်မယ်။

တားေဆးထိုးပြီး အကြာ ရာသီလာတယ်ဆရာ ရာသီတာတာပြီးတဲ့အခါ အတူနေလိုက်တယ်ဆရာ အဲ့တာ ကိုယ်ဝန်ရနိင်လား

လွန်ခဲ့သော 5 လ က
နှစ်သက်သည်
အကြောင်းပြန်မယ်။

အဲ့တာဆိုရင်တော့ မရနိုင်ပါ

နောက်ကိုလည်း အတူတူနေလို့ ရပါပြီ

လွန်ခဲ့သော 4 လ က
နှစ်သက်သည်
အကြောင်းပြန်မယ်။
@Dr Htet Htet Zaw Win

Depo ထိုးပီး နှစ်ပတ်အကျာ်မှာ ရာသီေပါ်တာပါ အတူေနမိပါတယ် ကိုယ်ဝန်ရနိုင်လားဆရာ ထိုးပိး ၁၉ရက်ရှိပါပြီ

လွန်ခဲ့သော 4 လ က
နှစ်သက်သည်
အကြောင်းပြန်မယ်။

တားဆေးထိုးပြီး ဘယ်လောက်အကြာမှာ နေတာလဲ

ရာသီကရော ပုံမှန်လာသလိုပဲလား

ဘယ်နရက်ကြာသလဲ

လွန်ခဲ့သော 5 လ က
နှစ်သက်သည်
အကြောင်းပြန်မယ်။

တားဆေးထိုးပီး တစ်လအကြာ အမျိုးသမီးက ရာသီလာနေချိန်

အတူနေမိရင် ကိုယ်ဝန်ရနိုင်ခြေရှိလားဗျ

လွန်ခဲ့သော တစ်နှစ် က
နှစ်သက်သည်
အကြောင်းပြန်မယ်။
@Thae Ko

မရနိုင်ပါ

လွန်ခဲ့သော တစ်နှစ် က
နှစ်သက်သည်
အကြောင်းပြန်မယ်။

Depoထိုးရင် 'အများစု'က ရာသီမလာတာပါ။ ပုံမှန်လာနေတဲ့သူ၊ လာတာနည်းသွားတဲ့သူတွေ၊ ဒီလလာပြီး နောက်လမလာလိုက်ဖြစ်တဲ့သူတွေလည်း ရှိပါတယ်။

မလာကို မလာရဘူး မဟုတ်ပါဘူး။

ရာသီက ပုံမှန်အတိုင်း ဆင်းနေရင် ပြဿနာ မရှိပါ။ အဝါရောင်အရည်ဆင်းတာကတော့ သားဖွားမီးယပ်ဆရာဝန်နဲ့ ပြကြည့်ပါ။

လွန်ခဲ့သော 2 နှစ် က
နှစ်သက်သည်
အကြောင်းပြန်မယ်။
@Dr Htet Htet Zaw Win

ဆရာ ကျွန်ေတာ့မိန်းမက တားဆးထိုးပီး ရာသီလာေရာသီလာနေလို့ ပုံမှနိထက်နည်းနည်းပဲလာတယ် ဗိုက်တအားအောင့်ပီး ဆီးစပ်တလည်းကိုက်နလို့ဆရာ။

ဖြေပေးပါအုန်းဆရာ တားဆးထိုးပီး 6ရက်နေ့ည11.30လောက်အတူနေတယ် ကိုဝန်ရနိုင်လာ ဆရာ။

လွန်ခဲ့သော တစ်နှစ် က
နှစ်သက်သည်
အကြောင်းပြန်မယ်။

Depoထိုးထားရင် ကိုယ်ဝန်မရဘူးလေ။ ကိုယ်ဝန်မလိုချင်လို့ Depoထိုးပြီး သန္ဓေတားထားတာမလား။ Depoကို အချိန်မှန်ထိုးနေရင် ကိုယ်ဝန်မရပါဘူးနော်။

လွန်ခဲ့သော 2 နှစ် က
နှစ်သက်သည်
အကြောင်းပြန်မယ်။
@Dr Htet Htet Zaw Win

ရာသီလာနေတယ်ဆိုတော့ကိုယ်ဝန်မရှိဘူးလို့ယူဆလို့ရပြီလားဗျအတူမနေဖြစ်တာနှစ်ပတ်လောက်ကြာပါပြီ။နောက်ထပ်ထပ်မနေဖြစ်ရင်ကိုယ်ဝန်မရလောက်တော့ဘူးမို့လားဗျ

လွန်ခဲ့သော 2 နှစ် က
နှစ်သက်သည်
အကြောင်းပြန်မယ်။

အဖွဲ့ဝင်အသစ်များအတွက်

အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။
သင်စိတ်ဝင်စားတဲ့ ကျန်းမာရေးအကြောင်းအရာများနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသစ်များကို ရှာဖွေလိုက်ပါ။
ကိုယ်ဝန်ရရှိခြင်း
ပထမ သုံးလပတ်
ဒုတိယ သုံးလပတ်
ဖန်ပြွန်သန္ဓေသား
တတိယ သုံးလပတ်
သားဦးမေမေ
စာအုပ်စင်