Please

ဆရာ ကျွန်တော့ကောင်မလေးနဲ့ 20ရက် 5လပိုင်းတုန်းက အတူနေဖြစ်ပါတယ် အတူနေတယ်ဆိုပေမယ့် မိန်းမကိုယ်ထဲ လက်ထည့်တာလောက်ပါဘဲ။ဒါပေမယ့် အတူတူ မနေခင် အာသာဖြေမိပါတယ်။အာသာဖြေပြီး 3နာရီကြာမှ တွေ့တာပါ လက်ကိုလဲ အဝတ်နဲ့ သုတ်ထားပါတယ်။အဲ့တာ အတူတူ မနေခင်က သူက 5.5.2023 ကနေ 7.5.2023 ထိရာသီလာပါတယ်။

အတူတူနေပြီးနောက်ပိုင်းလဲ 31.5.2023ကနေ 2.6.2023

ထိလာပါတယ်။နောက်လလဲ 26.6.2023 ကေန 30.62023ထိ လာပါတယ်။နောက်လလဲ 25.7.2023 ကနေ27.7.2023ထိလာပါတယ်။ အခုလက 22ရက်ဆိုလာရ မှာ မလာသေးလို့ပါ။ သူက 12.7.2023 မှာ ဆိုင်ကယ် အက်စီဒင့် ကြောင့် လက်နဲ့မေးရိုးကျိုးသွားပါတယ်။ လက်ကတော့ စတီးရိုးထည့်ပြီးပေမယ့် မေ့စေ့က မလုပ်ရသေးပါဘူး။ အဲ့တာ ရာသီမလာတာ အက်စီ့ဒင့်ကြောင့်လား။ဒီတိုင်းဘဲ နောက်ကျတာလား။ကိုယ်ဝန်ကြောင့်လား ဆရာ။ နောက်တစ်ပတ်အတွင်းမှ မလာရင် ဘာလုပ်ပေးသင့်လဲ ဆရာ

နှစ်သက်သည်
မျှဝေမည်။
သိမ်းဆည်းမယ်။
မှတ်ချက်
16
2

မှတ်ချက် 2ခု

၇လပိုင်း ရာသီစလာတဲ့ရက်ကနေ ဒီကြားထဲမှာ အတူနေထားတာမျိုး ရှိသလား။ ရှိတယ်ဆို အကာအကွယ်၊ တားဆေး သုံးထားသလား။

အတူနေထားတာ မရှိဘူးဆိုရင် ကိုယ်ဝန်ကြောင့် မဟုတ်နိုင်ပါဘူး။ Physical stress (ဥပမာ ထိခိုက်ဒဏ်ရာရထားတာ)ပဲဖြစ်ဖြစ် Mental stressပဲဖြစ်ဖြစ် ရာသီမလာတာကို ဖြစ်စေနိုင်ပါတယ်။

Stressကြောင့် မလာတာဆိုရင် ဘာမှလုပ်စရာ မလိုပါဘူး။ ဖိစီးမှုတွေ သက်သာသွားရင် သူ့ဘာသာ ပြန်လာပါလိမ့်မယ်။

၂-၃လ ဆက်တိုက်မလာရင်တော့ သားဖွားမီးယပ်ဆရာဝန်နဲ့ ပြသပါ။

လွန်ခဲ့သော တစ်နှစ် က
နှစ်သက်သည်
အကြောင်းပြန်မယ်။

ကိုယ်ဝန်ရတာတော့မဖြစ်နိုင်ပါဘူးဗျ။အာသာ​ဖြထားတဲ့လက်ပေါ်ကသုတ်ပိုးကလည်းအကြာကြီးအသက်မရှင်နိုင်ပါဘူး။တခုခုကြောင့်နောက်ကျတာနေမှာပါ။ဥပမာ-စိတ်ကြောင့်လည်းဖြစ်နိုင်ပါတယ်။စိတ်ဖိစီးမှုတွေရှိရင်လည်းမလာတတ်ပါဘူး။accidentကြောင့်စိတ်လှုပ်ရှားသွားတာလည်းပါမှာပါ။

သိသလောက်ဖြေပေးတာပါဆရာဝန်မဟုတ်ပါ

လွန်ခဲ့သော တစ်နှစ် က
နှစ်သက်သည်
အကြောင်းပြန်မယ်။

အဖွဲ့ဝင်အသစ်များအတွက်

အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။
သင်စိတ်ဝင်စားတဲ့ ကျန်းမာရေးအကြောင်းအရာများနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသစ်များကို ရှာဖွေလိုက်ပါ။
avatar
ကိုယ်ဝန်ရရှိခြင်း
avatar
ပထမ သုံးလပတ်
avatar
ဒုတိယ သုံးလပတ်
avatar
ဖန်ပြွန်သန္ဓေသား
avatar
တတိယ သုံးလပတ်
avatar
သားဦးမေမေ
avatar
စာအုပ်စင်