🔥 ရေပန်းစားသောအကြောင်းအရာ

ဘေဘီလေး နဂါးမောက်သီး စားလို့ရလား

လက်ရှိမှာ နဂါးမောက်သီးတွေက အနီရော အဖြူပါ တော်တော်လေး ပေါနေပြီနော်။ ဒီတော့ သစ်သီးစားမယ်ဆိုပြီး နဂါးမောက်သီး စားတာမျိုး ရှိနိုင်သလို နဂါးမောက်သီး ဖျော်သောက်တာမျိုးတွေလည်း ရှိလာနိုင်ပါတယ်။ ဒီတော့ ပေါပေါများများ မြင်တွေ့နေရတဲ့ နဂါးမောက်သီးကို ဘေဘီလေးရော စားလို့ ရမလားဆိုပြီး သိချင်နေပြီလား!


ဘေဘီလေး နဂါးမောက်သီး စားလို့ရလား .... ဆိုတော့ ရပါတယ်။ ဘေဘီလေးက အသက် ၆ လ ပြည့်ပြီ။ Solid Food လည်း စစားပြီ။ ကီဝီသီး၊ ပန်းဝတ်မှုန်တို့နဲ့ ဓာတ်မတည့်တာမျိုးလည်း မရှိဘူးဆိုရင် နဂါးမောက်သီးကို စစားလို့ ရပါပြီ။


တကယ်လို့ ဘေဘီလေးက ဓာတ်မတည့်မှု တစ်မျိုးမျိုး ခံစားရဖူးမယ်ဆိုရင်တော့ မကျွေးချင် ဆရာဝန်နဲ့ အရင် တိုင်ပင်စေချင်ပါတယ်။ ဘေဘီလေးကို နဂါးမောက်သီး ကျွေးပေးတဲ့အခါ အခုလို အကျိုးကျေးဇူးတွေကို ရရှိစေနိုင်ပါတယ်။ ဘယ်လို အကျိုးကျေးဇူးတွေလဲ ဆိုတော့


အရိုးတွေကို သန်မာစေနိုင်တယ် - ကယ်လ်ဆီယမ်နဲ့ ဖော့စဖရပ်ပါဝင်နေတဲ့နဂါးမောက်သီးက ဘေဘီလေးကို အရိုးမပျော့စေဖို့ ကာကွယ်ပေးသလို အရိုးတွေ သန်မာစေဖို့ ထောက်ကူပေးပါတယ်။


ကိုယ်ခံအား ကောင်းစေတယ် - ဗီတာမင် C ပါဝင်နေတဲ့ နဂါးမောက်သီးက ဘေဘီလေးတွေကို ဖျားနာမှု ကင်းစေဖို့ ထောက်ကူပေးသလို ဘေဘီလေးကို သံဓာတ် ပြည့်ပြည့်ဝဝ ရရှိစေပြီး သွေးအားနည်းတာမျိုး မဖြစ်စေဖို့ရော ကြီးထွားမှုကောင်းစေဖို့ရော ထောက်ကူပေးပါတယ်။


အစာခြေစနစ် ကျန်းမာစေတယ် - အမျှင်ဓာတ် ပါဝင်နေတဲ့ နဂါးမောက်သီးက ဘေဘီလေးကို ဝမ်းမချုပ်ဖို့ရော အစာခြေစနစ် ကျန်းမာစေဖို့ပါ ထောက်ကူပေးပါတယ်။


မျက်လုံး ကျန်းမာစေတယ် - ဗီတာမင် A ပါဝင်နေတာကလည်း မျက်လုံး ကျန်းမာစေပါတယ်။ နဂါးမောက်သီးက ဘေဘီလေးရဲ့ အာရုံကြောစနစ် ကျန်းမာစေဖို့ ထောက်ကူပေးပါတယ်။


အသားအရေ ကျန်းမာစေတယ် - ဗီတာမင် C ပါဝင်နေတဲ့ နဂါးမောက်သီးက ဘေဘီလေးကို အရေပြားပြဿနာ ကင်းစေဖို့ ထောက်ကူပေးနိုင်ပါတယ်။


ဒီလောက် အကျိုးကျေးဇူးတွေ များနေမှတော့ ဘေဘီလေးကို နဂါးမောက်သီး ကျွေးလို့ရသလို ကျွေးလည်း ကျွေးသင့်ပါတယ်။ လတ်ဆတ်ပြီး organic ဖြစ်ဖို့တော့ သတိထားဖို့ လိုပါမယ်။


ဘေဘီလေး နဂါးမောက်သီး စားလို့ရလားဘေဘီလေး နဂါးမောက်သီး စားလို့ရလား
နှစ်သက်သည်
မျှဝေမည်။
သိမ်းဆည်းမယ်။
မှတ်ချက်
26

မှတ်ချက် 0ခု

အဖွဲ့ဝင်အသစ်များအတွက်

အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။
သင်စိတ်ဝင်စားတဲ့ ကျန်းမာရေးအကြောင်းအရာများနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသစ်များကို ရှာဖွေလိုက်ပါ။
ကိုယ်ဝန်ရရှိခြင်း
ပထမ သုံးလပတ်
ဒုတိယ သုံးလပတ်
ဖန်ပြွန်သန္ဓေသား
တတိယ သုံးလပတ်
သားဦးမေမေ
စာအုပ်စင်