🔥 ရေပန်းစားသောအကြောင်းအရာ

သားသားမီးမီးတို့ ငရုတ်သီး စားလို့ရမလား!

မေမေတို့ရဲ့ ဘေဘီလေးတွေက အသက် ၆ လပြည့်ပြီဆိုရင် မိခင်နို့အပြင် မန်းမန်း စစားလို့ ရပါပြီ။ ဒီလို စားလို့ ရပြီဆိုတဲ့နေရာမှာ လူကြီးစားသလိုတော့ မဟုတ်ဘူးပေါ့။ ထမင်းလေးကို ကြေနေအောင် ကြိတ်ခြေပြီး အရသာဖြည့်သွင်းတာမျိုး မလုပ်ဘဲ ပြင်ဆင် ကျွေးမွေးလို့ ရတာပါ။


ဒီလို ပြင်ဆင်ပေးတဲ့အခါ ကလေးကို အရသာ ရှိစေချင်တယ်ဆိုရင် ကြက်သားကို အရေခွံမပါဘဲ ပြုတ်ထားတဲ့ ပြုတ်ရည်၊ သေချာလေး နူးအိအောင်ပြုတ်ထားပြီး ကြိတ်ခြေထားတဲ့ ရွှေဖရုံသီး၊ မုန်လာဥနီတို့နဲ့ ပြင်ဆင်ပေးလို့ ရပါတယ်။


ဒီလို စားတာကို ၁ နှစ်ကျော်ကာလလောက်အထိ ဆက်ပြီး ပြင်ဆင်ပေးရမှာပါ။ ကလေးက အသက် ၁ နှစ်လောက် ဖြစ်ပြီဆိုရင်တော့ ၆ လကျော်ကထက် အချို့သော သစ်သီးတွေကို စစားလို့ ရပါပြီ။ ဒါပေမယ့် ငရုတ်သီးကိုတော့ စားလို့ မရသေးပါဘူး။


ကလေးက အသက်အားဖြင့် ၆ နှစ်လောက် ရောက်ပြီဆိုမှ သဘာဝအတိုင်း စိုက်ပျိုးထားတဲ့ ငရုတ်သီးစိမ်း၊ ငရုတ်ပွ စတာတွေကို စာလို့ ရမှာပါ။ ၆ နှစ်ကျော်ပြီဆိုမှပဲ လူကြီးတွေ စားသလို ငရုတ်ဆီနဲ့ ချက်ထားတဲ့ ဟင်းတွေကို စားလို့ ရမှာပါ။ အသက် ငယ်သေးတဲ့ အချိန်မှာ ကလေးကို အစပ်တွေ ကျွေးတာ ငရုတ်သီးတောင့်တွေ ကျွေးတာ ငရုတ်ဆီ ပါတာမျိုးတွေ ကျွေးတာကို မလုပ်သင့်ပါဘူး။


ငရုတ်သီးစိမ်းကို စကျွေးချိန်မှာလည်း ဘေဘီလေး စားနေကျ ဟင်းထဲကို နည်းနည်းချင်းစီ ထည့်ပြီး ချက်ကျွေးတာက အကောင်းဆုံးပါ။ ငရုတ်သီးကို အစိမ်းတို့စေတာမျိုး မလုပ်ပါနဲ့။ ဘေဘီလေး ရင်ပူတာ၊ အစာအိမ်နာတာတွေ ခံစားရနိုင်တာကြောင့်ပါ။


ဥပမာ – ပုစွန်ထဲကို ငရုတ်သီးစိမ်း နည်းနည်းလောက် ထည့်ကြော်ပေးတာ၊ အသား (အရေခွံ၊ အဆီ မပါ) ထဲကို နည်းနည်း ထည့်ကြော်ပေးတာ၊ ကြက်ဥမွှေကြော်ထဲကို နည်းနည်း ထည့်ကြော်ပေးတာမျိုး လုပ်ပေးပါ။


ဒီလို လေး ကျွေးပေးတာက ဘေဘီလေးကို ထိခိုက်မှု မဖြစ်စေဘဲ ငရုတ်သီးမှာပါတဲ့ ဗီတာမင် C၊ ဗီတာမင် B6၊ သံဓာတ်၊ ပိုတက်ဆီယမ်၊ အမျှင်ဓာတ်၊ ကာဗိုဟိုက်ဒရိတ်၊ ပရိုတင်းတို့ကို ရရှိစေမှာပါ။ ကိုယ်ခံအားကောင်းစေပြီး ခန္ဓာကိုယ် ကြီးထွားဖွံ့ဖြိုးစေဖို့ အကောင်းဆုံး ထောက်ပံ့ပေးနိုင်မှာပါ။


ဘေဘီလေးကို ငရုတ်သီး စားတတ်အောင် လေ့ကျင့်ပေးတာက ရေရှည်မှာ ဘေဘီလေးကို ကင်ဆာ မဖြစ်အောင် ကာကွယ်ပေးနိုင်သလို အစာခြေစနစ် ကျန်းမာစေပါတယ်။ ရောင်ရမ်းမှုတွေကို သက်သာစေပြီး ကိုယ်အလေးချိန် ထိန်းပေးနိုင်ပါတယ်။ sinus infections နဲ့ နားပိုးဝင်တာမျိုးတွေ မဖြစ်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။


ဘေဘီလေးကို အသက် ၆ နှစ် မကျော်မချင်း ငရုတ်သီးခြောက်၊ ငရုတ်သီးမှုန့်တွေကို မကျွေးတာကတော့ အကောင်းဆုံးပါ။

သားသားမီးမီးတို့ ငရုတ်သီး စားလို့ရမလား!သားသားမီးမီးတို့ ငရုတ်သီး စားလို့ရမလား!
နှစ်သက်သည်
မျှဝေမည်။
သိမ်းဆည်းမယ်။
မှတ်ချက်
7
1

မှတ်ချက် 0ခု

အဖွဲ့ဝင်အသစ်များအတွက်

အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။
သင်စိတ်ဝင်စားတဲ့ ကျန်းမာရေးအကြောင်းအရာများနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသစ်များကို ရှာဖွေလိုက်ပါ။
ကိုယ်ဝန်ရရှိခြင်း
ပထမ သုံးလပတ်
ဒုတိယ သုံးလပတ်
ဖန်ပြွန်သန္ဓေသား
တတိယ သုံးလပတ်
သားဦးမေမေ
စာအုပ်စင်