🔥 ရေပန်းစားသောအကြောင်းအရာ

မေမေတို့ ကိုယ်ဝန်ဆောင် ၃၃ ပတ်အတွက် သိကောင်းစရာများ

33 ပတ် မြောက်မှာ ကလေးလေး ဘယ်လိုဖွံ့ဖြိုးလာမှာလဲ

33 ပတ် မြောက်ဆိုတော့ နာနတ်သီးအရွယ် ၄၃.၆၈ စင်တီမီတာ ၁.၉ ကီလို ရှိနေပြီနော်။ ဒီလို မွေးခါနီးအပတ်မှာ ကလေးလေးရဲ့ ဦးနှောက်က အာရုံကြောဆဲလ်တွေက သန်းပေါင်းမြောက်များစွာ ဖွံ့ဖြိုးပြီးတော့ သူလေးကို ကြားအောင်၊ ခံစားနိုင်အောင်၊ တစ်ခါတရံမှာ မြင်အောင်ပါ လုပ်ပေးနေပါပြီ။


မျက်လုံးလေးက အလင်းကို တုံ့ပြန်နိုင်ပါပြီ။ အလင်းကို လိုက်ပြီး သူငယ်အိမ်ကလည်း ကျုံ့တာဆန့်တာ လုပ်နိုင်ပါပြီ။ မွေးကင်းစလေးတွေလို သန္ဓေသားတွေက အမြဲတမ်းအိပ်နေတာပါ။ သူတို့က အိပ်မက်တောင် ရှင်းရှင်းလင်းလင်းမက်နိုင်ပါပြီ။ အဆုတ်ကလည်း အပြည့်အ၀ ဖွံ့ဖြိုးပြီးပါပြီ။ အဆီတွေကတော့ အကာအကွယ်ပေးဖို့၊ အနွေးဓာတ်ပေးဖို့ ဆက်ဖြစ်နေမှာပါ။ မမွေးခင်နောက်ဆုံးအပတ်တွေမှာ ကလေးလေးက အလေးချိန် ပိုပိုများလာပါပြီ။


ခန္ဓာကိုယ်နဲ့ အနေအထိုင် အပြောင်းအလဲလေးများ

ကလေးလေးက ဗိုက်ထဲမှာ နေရာပိုယူလာတော့ အရာတော်တော်များများက ပြောင်းလဲလာပါပြီ။ တစ်ခုခုမလုပ်ခင် ကိုယ့်ကိုယ်ကို ကို့ယို့ကားယား ဖြစ်နေတာကိုတွေ့ရမှာပါ။ အိပ်တာနဲ့ ထိုင်ပုံထိုင်နည်းတွေ သက်သောင့်သက်သာဖြစ်အောင် လုပ်ရတာလည်း အလုပ်တစ်ခုဖြစ်နေကြရောပေါ့ မေမေတို့ရေ။


လက်တွေ၊ လက်ကောက်ဝတ်တွေ၊ လက်ချောင်းတွေ နာတာထုံတာလည်း ဖြစ်တတ်ပါတယ်။ တခြားနေရာက တစ်ရှူးတွေလိုမျိုး လက်ကောက်ဝတ်မှာလည်း ပြတစ်ရှူးတွေရှိပါတယ်။ ဒီတစ်ရှူးတွေ ရောင်ရမ်းတာက လက်ကောက်ဝတ်က အရွတ်ဖြတ်တဲ့ အရိုးမြောင်းကို ဝန်ပိစေပါတယ်။ ဒီမြောင်းကို ဖြတ်တဲ့ အကြောကအညှစ်ခံရသလိုဖြစ်ပြီး ထုံတာ၊ ကျင်တာ၊ နာတာ၊ ကိုက်တာ ဖြစ်လာပါတယ်။


လက်ကို ပတ်တီးစည်းတာ၊ အိပ်ရင် လက်ကို ဖိမအိပ်မိစေဖို့ သတိထားပါနော်။ တကယ်လို့ အလုပ်က လက်တွေ အမြဲသုံးနေရရင် မကြာမကြာနားပြီး လက်တွေကို ဆန့်တာလုပ်ပေးဖို့ မမေ့နဲ့နော်။


33 ပတ် မြောက်မှာ သိသင့်သိထိုက်တာလေးတွေ

နို့သီးခေါင်းကနေ အရည်ကြည်တွေ စိမ့်ကျလာတာ စိတ်ပူစရာမဟုတ်ပါဘူး။ ဒါနို့ရည် မဟုတ်သေးပါဘူး။ မွေးပြီး တစ်ရက်၊ နှစ်ရက်နေမှ နို့ထွက်တာပါ။ ဒီအရည်တွေထွက်လာတာ ရင်သားက နို့တိုက်ဖို့ လေ့ကျင့်တာပါ။ ဒီအရည်တွေကို နို့ဦးရည်လို့ခေါ်ပြီး နို့မထွက်ခင် အရင်ထွက်ပါတယ်။

မေမေတို့ ကိုယ်ဝန်ဆောင် ၃၃ ပတ်အတွက် သိကောင်းစရာများ မေမေတို့ ကိုယ်ဝန်ဆောင် ၃၃ ပတ်အတွက် သိကောင်းစရာများ 
နှစ်သက်သည်
မျှဝေမည်။
သိမ်းဆည်းမယ်။
မှတ်ချက်
69

မှတ်ချက် 0ခု

အဖွဲ့ဝင်အသစ်များအတွက်

အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။
သင်စိတ်ဝင်စားတဲ့ ကျန်းမာရေးအကြောင်းအရာများနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသစ်များကို ရှာဖွေလိုက်ပါ။
ကိုယ်ဝန်ရရှိခြင်း
ပထမ သုံးလပတ်
ဒုတိယ သုံးလပတ်
ဖန်ပြွန်သန္ဓေသား
တတိယ သုံးလပတ်
သားဦးမေမေ
စာအုပ်စင်