🔥 ရေပန်းစားသောအကြောင်းအရာ

ကိုယ်ဝန်ဆောင်မေမေတို့နှင့်ဖောလစ်အက်ဆစ်

ကိုယ်ဝန်ဆောင်တွေ သောက်ကြတဲ့ ဖောလစ်အက်ဆစ်က ရာသီစက်ဝန်းအပေါ် သက်ရောက်မှုတွေရှိနေတာကို သိပြီးပြီလား!


ဖောလစ်အက်ဆစ် ဆိုတာက အမျိုးသမီးလေးတွေကို ကျန်းမာစေမယ့် ဆေးဝါးတစ်မျိုးပေါ့။ ကိုယ်ဝန်ဆောင်ချိန်မှာ မေမေရော ဘေဘီလေးပါ ကျန်းမာစေဖို့ သောက်ပေးရတယ်လို့ သိထားပေမယ့် ဖောလစ်အက်ဆစ် သောက်သုံးမှုက ရာသီစက်ဝန်းအပေါ် ဘယ်လိုသက်ရောက်နေသလဲ ဆိုတာကိုတော့ သိသူနည်းနေနိုင်သေးတာကြောင့် ဒီဆောင်းပါးလေးကနေတဆင့် ဖော်ပြပေးလိုက်ပါတယ်။


လေဒီလေးတွေ အနေနဲ့ ဖောလစ်အက်ဆစ် သောက်သုံးတာက သွေးတိုးရောဂါ ခံစားရနိုင်ခြေ နည်းသလို ဖောလိတ်ချို့တဲ့တာကြောင့် သွေးအားနည်းတာမျိုးမဖြစ်အောင် ကာကွယ်ပေးပါတယ်။ သွေးဆင်းများတာကြောင့် သွေးအားနည်းတာ မဖြစ်စေဖို့လည်း ထောက်ကူပေးပါတယ်။ ဖောလစ်အက်ဆစ် ပုံမှန်သောက်သုံးပေးတာက ရာသီလာချိန်မှာ ပင်ပန်းတာ၊ အားမရှိသလို ခံစားရတာ၊ အသက်ရှူမဝတာတွေကို မဖြစ်အောင် ကာကွယ်ပေးသလို မူးဝေတာမျိုးတွေ မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။


ဖောလစ်အက်ဆစ် မှန်မှန်သောက်သုံးပေးတာက ရာသီသွေးဆင်းရက် မှန်စေဖို့လည်း လုပ်ဆောင်ပေးပါတယ်။ မျိုးဥအိမ်တွေကိုလည်း ကျန်းမာစေဖို့ အားဖြည့်ပေးသလို သန္ဓေအောင်နိုင်စွမ်းလည်း မြင့်စေပါတယ်။ ကိုယ်ဝန်ဆောင်ဖို့ ပြင်ဆင်နေတဲ့ အမျိုးသမီးတွေဆိုရင်လည်း ဖောလစ်အက်စစ်ကို ကြိုသောက်ထားတာက ကလေးမှာ ဦးနှောက်နဲ့ အာရုံကြောချို့ယွင်းချက်တွေ ဖြစ်မလာအောင် ကာကွယ်ပေးပါတယ်။


ဖောလစ်အက်ဆစ်ကို ဆေးပြား အနေနဲ့ ရရှိနိုင်သလို နေ့စဉ် စားသုံးတဲ့ အစားအစာတွေကနေလည်း ရရှိနိုင်ပါတယ်။ ဒါကြောင့် ဆေးမသောက်ချင်ဘူးဆိုရင်တော့ ပန်းဂေါ်ဖီစိမ်း၊ အစိမ်းရင့်ရောင် အသီးအရွက်၊ ပြောင်းဖူး၊ ထောပတ်သီး၊ မုန်လာဥနီ၊ ရုံပတီသီး၊ ပန်းဂေါ်ဖီစတာတွေကို စားပေးလို့ ရပါတယ်။ ရာသီလာချိန်မှာရော ပုံမှန်နေ့ရက်တွေမှာပါ ဖောလစ်အက်ဆစ်ကို သောက်သုံးပေးလို့ ရပါတယ်။

နှစ်သက်သည်
မျှဝေမည်။
သိမ်းဆည်းမယ်။
မှတ်ချက်
10

မှတ်ချက် 0ခု

အဖွဲ့ဝင်အသစ်များအတွက်

အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။
သင်စိတ်ဝင်စားတဲ့ ကျန်းမာရေးအကြောင်းအရာများနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသစ်များကို ရှာဖွေလိုက်ပါ။
ကိုယ်ဝန်ရရှိခြင်း
ပထမ သုံးလပတ်
ဒုတိယ သုံးလပတ်
ဖန်ပြွန်သန္ဓေသား
တတိယ သုံးလပတ်
သားဦးမေမေ
စာအုပ်စင်