🔥 ရေပန်းစားသောအကြောင်းအရာ

ယောဂက မေမေတို့အတွက် အိပ်ပျော်အောင် ကူညီပေးပါတယ်

ကိုယ်ဝန်ဆောင်ချိန်မှာ ခံစားရနိုင်တဲ့ နာကျင်ကိုက်ခဲမှုတွေကို သက်သာစေမယ့် နည်းလမ်းကောင်း တစ်ရပ်ကတော့ လေ့ကျင့်ခန်း လုပ်တာပါ။ ဟယ်..ကိုယ်ဝန်ကြီးနဲ့ လေ့ကျင့်ခန်း လုပ်လို့ ဖြစ်ပါ့မလားလို့ စိတ်မပူပါနဲ့နော်။


ကိုယ်ဝန်ကို မထိခိုက်စေမယ့် လေ့ကျင့်ခန်းလေးတွေကို လုပ်ပေးတာက မေမေ့ကို ကိုယ်ဝန်ဆောင်ချိန်မှာ နာကျင်မှု သက်သာစေပြီး ဘေဘီလေးကို ကျန်းကျန်းမာမာ မွေးဖွားစေမှာပါ။ လေ့ကျင့်ခန်း မလုပ်ခင် ဆရာဝန်နဲ့ သေချာ တိုင်ပင်ဖို့တော့ လိုတာပေါ့။

စိတ်လက် အေးချမ်းစေပြီး အကြောတွေ ပြေလျော့စေတဲ့ ယောဂက ကိုယ်ဝန်ဆောင် မေမေတွေ အတွက်လည်း အကျိုးများပါတယ်။ ကိုယ်ဝန်ဆောင် ယောဂဆိုပြီး သီးသန့်ဖွင့်ထားတဲ့ class တွေမှာ တက်ပေးတာက အကောင်းဆုံးပါ။


ကိုယ်ဝန်ဆောင်ချိန်မှာ ယောဂ ကစားပေးတာက ခန္ဓာကိုယ်ကို ကြံ့ခိုင်သန်စွမ်းစေသလို စိတ်ကျန်းမာစေဖို့လည်း အားဖြည့်ပေးပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ ယောဂဆော့ပေးဖို့ တိုက်တွန်းပါရစေနော်...


ယောဂက မေမေတို့အတွက် အိပ်ပျော်အောင် ကူညီပေးပါတယ်ယောဂက မေမေတို့အတွက် အိပ်ပျော်အောင် ကူညီပေးပါတယ်
နှစ်သက်သည်
မျှဝေမည်။
သိမ်းဆည်းမယ်။
မှတ်ချက်
6
2

မှတ်ချက် 2ခု

ကိုယ်၀န်ဆောင်တွကနေ့တိုင်းအန်တတ်လားရှင့်

လွန်ခဲ့သော တစ်နှစ် က
နှစ်သက်သည်
အကြောင်းပြန်မယ်။
@May Nine

လနုချိန်ဆိုရင်တော့ ဖြစ်တတ်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက်တော့ မတူပါ။

လွန်ခဲ့သော တစ်နှစ် က
နှစ်သက်သည်
အကြောင်းပြန်မယ်။

အဖွဲ့ဝင်အသစ်များအတွက်

အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။
သင်စိတ်ဝင်စားတဲ့ ကျန်းမာရေးအကြောင်းအရာများနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသစ်များကို ရှာဖွေလိုက်ပါ။
ကိုယ်ဝန်ရရှိခြင်း
ပထမ သုံးလပတ်
ဒုတိယ သုံးလပတ်
ဖန်ပြွန်သန္ဓေသား
တတိယ သုံးလပတ်
သားဦးမေမေ
စာအုပ်စင်