🔥 ရေပန်းစားသောအကြောင်းအရာ

ကိုယ်ဝန်ဆောင်ပတ် ၃၂ပတ်အတွက် မေမေတို့ သိကောင်းစရာများ

32 ပတ် မှာ ကလေးလေး ဘယ်လိုဖွံ့ဖြိုးလာမှာလဲ

32 ပတ် အရွယ် ကလေးလေးက သားအိမ်ကို ပိုပြီးနေရာယူလာပါပြီ။ ၁.၇ကီလို ၄၂.၅စင်တီမီတာ လောက်ရှိနေပါပြီ။ အခုချိန် မွေးရင် ရှင်နိုင်ခြေများနေပါပြီ။ သူလေးရဲ့ ကိုယ်ကို နောက်ဆုံး ပြုပြင်မှုတွေ လုပ်ပါတော့မယ်။ မျက်တောင်၊ မျက်ခုံး၊ ဆံပင်တွေ ထင်ရှားလာပါပြီ။ ၆လလောက်ကတည်းက ပေါက်နေတဲ့ မွေးညှင်းတွေက ကျွတ်ကျပြီး မွေးလာတဲ့ အချိန်ကျရင်တော့ ပုခုံးနဲ့ ကျောမှာ နည်းနည်းကျန်ပါတယ်။


ခန္ဓာကိုယ်နဲ့ အနေအထိုင်အပြောင်းအလဲလေးများ

ကလေးဖွံ့ဖြိုးလာတဲ့အခါမှာ လိုက်လျာညီထွေရှိအောင် မိခင်ရဲ့ သွေးပေါင်ချိန်က နဂိုထက် ၄၀-၅၀%ထိ တက်လာပါတယ်။ ဗိုက်မှာ နေရာပြည့်ပြီး ရင်ဘတ်နဲ့ဝမ်းဗိုက် ခွဲထားတဲ့အကန့်ကို သွားဖိတော့ အသက်ရှူခက်ပြီး ရင်ပူရင်ဆာဖြစ်ပါတယ်။ သက်သာအောင်လို့ အိပ်ရင် ခေါင်းအုံးခွ အိပ်တာ၊ အစားကို နည်းနည်းနဲ့အကြိမ်ရေများများ စားပေးကြနော်။


ကိုယ်ဝန်ရင့်လာလေ ခါးအောက်ပိုင်းတွေ နာလာလေပါပဲ။ အရင်ကလတွေတုန်းက မနာဘဲ အခုမှနာလာတာဆို ဆရာဝန်ဆီ ချက်ချင်းသွားပြပါ။ စောမွေးဖို့ဖြစ်နိုင်ချေရှိလို့ပါ။ စောမွေးတာမဟုတ်ဘူးဆိုရင် သားအိမ်ကြီးလာလို့၊ ဟော်မုန်းအပြောင်းအလဲဖြစ်လို့လည်း နာတတ်ပါတယ်။


ပြန့်ကားလာတဲ့ သားအိမ်က ဗဟိုချက်ကို ပြောင်းစေပြီး ဗိုက်ကြွက်သားကို ဆန့်ထားတာကြောင့် အားနည်းစေပါတယ်။ ကိုယ်အနေအထားကိုလည်း ပြောင်းစေပြီး ကျောကို ဆွဲထားသလို ဖြစ်စေပါတယ်။


ဟော်မုန်းအပြောင်းအလဲက အဆစ်တွေကိုလျော့ရဲစေပြီး တင်ပါးဆုံရိုးနဲ့ မြီးညှောင့်ရိုးကို ဆက်ထားတဲ့ အရွတ်ကိုလည်း လျော့ရဲစေပါတယ်။ ဒါက လမ်းလျှောက်တာ၊ ရပ်တာ၊ အကြာကြီးထိုင်တာ၊ အိပ်နေရင်း ဟိုဘက်ဒီဘက်လှိမ့်တာ၊ အကုန်းအကွလုပ်တာတွေ၊ တစ်ခုခု မတဲ့အခါမျိုးတွေဆို ဟန်ချက်မညီတော့ဘဲ နာလာပါတယ်။


32 ပတ် မြောက်မှာ သိသင့်သိထိုက်တာလေးတွေ

အခုချိန်မှာ စောမွေးတာ ဖြစ်နိုင်ပါပြီ။ လက္ခဏာတွေကတော့


  • သားအိမ်ကျုံ့တာ မနာပေမယ့် ဗိုက်ကိုညှစ်ထားသလို ခံစားရတတ်ပါတယ်။
  • ကျုံ့တာနဲ့အတူ ခါးနားတာ၊ တင်ပါးဆုံမှာ၊ ပေါင်မှာ ဖိထားသလို ခံစားရပါတယ်။
  • မိန်းမကိုယ်က ဆင်းတဲ့အရည်မှာ သွေးစတွေ၊ သွေးတွေ ပါလာမယ်။ အရည်ပိုချွဲလာပြီး သွေးတွေပါရောပါလာမယ်။

ကျုံ့တာက တစ်နာရီကို ၆ခါထက် များလာရင်၊ တစ်ခါကျုံ့ရင် ၄၅ စက္ကန့်လောက် အနည်းဆုံးကြာရင် ဗိုက်မနာတာတောင် ဆေးရုံချက်ချင်းသွားတာ ကောင်းပါတယ်။ မိန်းမကိုယ်သွေးဆင်းတာ၊ ဗိုက်အောင့်တာတွေက အရေးကြီးပါတယ်။

နှစ်သက်သည်
မျှဝေမည်။
သိမ်းဆည်းမယ်။
မှတ်ချက်
152

မှတ်ချက် 0ခု

အဖွဲ့ဝင်အသစ်များအတွက်

အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။
သင်စိတ်ဝင်စားတဲ့ ကျန်းမာရေးအကြောင်းအရာများနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသစ်များကို ရှာဖွေလိုက်ပါ။
ကိုယ်ဝန်ရရှိခြင်း
ပထမ သုံးလပတ်
ဒုတိယ သုံးလပတ်
ဖန်ပြွန်သန္ဓေသား
တတိယ သုံးလပတ်
သားဦးမေမေ
စာအုပ်စင်