ကိုယ်ဝန်ရှိနိုင်သးလား
ကျွန်တော့ကောင်မလေးက 12.3လပိုင်းမှာ ရာသီလာပါတယ်။တစ်ခါလာရင် လေးရက်လို့ပြောပါတယ်။ဘယ်နရက်တစ်ကြိမ်လာလဲဆိုတာတော့ မမှတ်ထားမိပါဘူး။22.3လပိုင်းမှာ အတူနေခဲ့တယ်ဆိုပေမယ့် ထိုးသွင်းခြင်းမရှိခဲ့ပါဘူး။ဒါပေမယ့် တစ်ကြိမ် ထောက်မိခဲ့ပါတယ် မအင်ဂါကို။အဲ့တာနဲ့ အဲ့နေ့ကမှာ15မိနစ်ကြာတော့ မအင်ဂါကိုရေဆေးခဲ့ပါတယ်။အဲ့နေက စပြီး အခုချိန်ထိ အတူနေတာမရှိခဲ့ပါဘူး။8ရက်4လပိုင်းမှာ သွေးဆင်းပါတယ်။သူပြေတာကတော့ ပထမကေန နည်းနည်းနဲ့တစ်ဖြည်းဖြည်း ဒုတိယရက်နဲ့တတိယရက်ကအများဆုံးလာပြီး စတုတ္ထရက်ကြတော့ များရာကနေ နည်းနည်းလာပြီး ချုပ်သွားပါတယ်။အဲ့တာ ရာသီလာတာလား သန္ဓေသားတိုးဝင်တာလားဆရာ။ အဲ့ကနေပြီး အတူတူနေခဲ့တဲ့နေ့ကနေရေရင် 4ပတ်ကြာမှာ 20ရက်နေ့မှာ ဆီးစစ်ခဲ့ပါတယ်။တစ်ကြောင်းဘဲပေါ်ပါတယ် ဆီးစစ်တံကို အမျိုးအစားနှစ်မျိုးသုံကြည့်ပါတယ်။ပထမတစ်ခုက နှစ်ရတဲ့ဟာပါ အဲ့တာက မနက်ခင်းကဆီးကိုခွက်သန့်ထဲထည့်ပြီး ညကြမှ စစ်တာမလို့ မသေချာမှာဆိုးလို့ နောက်နေ့တစ်ခါ စစ်ပါတယ်။ပထမတစ်ခုက
သုံးေချာင်းပါ ဆီးစစ်တံ။ဒုတိယတစ်ခုက နှစ်ချောင်းပါ အားလုံးပေါင်းငါးချောင်းနဲ့စစ်ခဲ့ပါတယ်။ဒုတိယနေ့စစ်တဲ့ ဆီးစစ်တံက သူ့ပါတဲ့ခွက်သေးသေးလေထဲ ဆီးသွားနေရင်း တိုင်းရတဲ့ဟာနဲ့ စစ်ခဲ့တာပါ အကုန်လုံးတစ်ကြောင်းဘဲပြပါတယ်။
တာဆေးဘာညာ လုံးဝမလုပ်ထားပါဘူး။ဆီးစစ်တာကိုလေူသေချာစစ်ကြည့်ပါတယ်။ဆီးစစ်တံကို ဝယ်ပြီး 2နာရီကြာမှ စစ်ခဲ့ပါတယ်။
အဲ့တာကိုယ်ဝန်ရှိနိုင်သေးလဗျ
၃လပိုင်း ၁၂ရက်နေ့မှာ လာထားတဲ့သူက ၄လပိုင်း ၈ရက်နေ့မှာ ပြန်လာတာ ရာသီဖြစ်ဖို့ များပါတယ်။ သူပြောပုံအရ သူလာနေကျအတိုင်း ၄ရက်ပဲ လာသွားတာလေ။ ရာသီက စစချင်းမှာ နည်းနည်းပဲဆင်းပြီး နောက်ကျရင်များလာပါတယ်။ ပြီးခါနီးရက်တွေဆို ပြန်နည်းသွားပါတယ်။
ဆီးစစ်ထားတာလည်း မရှိဘူးဆိုတော့ မရှိဖို့ များပါတယ်။