ညတိုင်း ပျို့အန်တာ
ကောင်လေးနဲ့ 2023 - February 15 ရက်ကနေ အခု April လ အထိ လတိုင်း အကာအကွယ် စနစ်တကျ အသုံးပြုပြီး အတူတူ လိင်ဆက်ဆံဖြစ်ပါတယ်။
ကွန်ဒုံး ပေါက်ပြဲတာ မျိုးလည်း မရှိပါဘူး။
ဒါပေမယ့် April 10. ကနေ စပြီး April 12 ရက် ည အထိ ညဘက်ရောက်လာရင် ပျို့ပျို့ပြီး အန်ချင်လာပါတယ်။
နေ့ခင်း နားချိန် တွေ အိပ်ရတာလည်း အိပ်သလောက် မဝပါဘူး လူပင်ပန်းသလို ခံစားရပြီး မောပါတယ်
အလုပ်က ညဆိုင်းဆိုတော့ နေ့ခင်း တနေကုန် အိပ်ပါတယ်။
ညဘက်ကြမှ အလုပ်ဆင်းရတာပါ။
အလုပ်မဝင်ခင် ပျို့ပျို့ပြီး အန်ချင်လာပါတယ်။
အဲ့တာ ကိုယ်ဝန် ရှိနေလို့လားဆရာ
ကိုယ်ဝန် ရှိနေရင် ရော ခဏခဏ ပျို့အန်ချင်တာမျိုး ဖြစ်တတ်လား စိုးရိမ်လို့ပါ ဆရာ ဖြေကြားပေးပါအုံး



















ကွန်ဒုံးကို သေချာသုံးရင်တော့ ရနိုင်ခြေ နည်းပါတယ်။ ပျို့အန်တာက တခြားကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ရာသီရောပုံမှန်လာရဲ့လား။