စားဝင်အိပ်ပျော်တာအရင်ကထက်
Hello ဆရာ ကျတော့်ကောင်မလေးနဲ့ အတူတူ နေပါတယ်။ လိင်ဆက်ဆံပြီး တိုင်း အိပ်လို့ အရမ်းကောင်းပြီး အစားအသောက်တွေလည်း အရမ်းစားလို့ ဝင်နေပါတယ်တဲ့ စားဝင်ပြီး အိပ်ပျော်နေတယ်တဲ့ အရင်ကထက် အဲ့တာ သာမန် ပဲ လားဗျ အတူတူ နေတဲ့ အကြိမ်တိုင်း ကွန်ဒုံး ကို စနစ်တကျ အသုံးပြုပါတယ်ဆရာ ။ အတူတူ နေတဲ့ အချိန် ကြာမြင့်တာနဲ့ရော သက်ဆိုင်လားဗျ ။ တခါ အတူတူ နေတိုင်း ၃နာရီ၄နာရီ ကြာသည်အထိ နေကြပါတယ်။ အဲ့လို စားဝင် အိပ်ပျော်တာ အရင်ကထက် ပိုကောင်းတာက ကိုယ်ဝန် ရှိချင်လို့လား ဖြေပေးပါအုံး ဆရာ။
ကွန်ဒုံးသေချာသုံးတယ်ဆိုရင်တော့ ကိုယ်ဝန်ရနိုင်ခြေ နည်းပါတယ်။ ဖြစ်နိုင်တာက အတူနေပြီးတဲ့အခါ ကိုယ်ထဲမှာ စိတ်ခံစားမှုကောင်းစေတဲ့ ဟော်မုန်းတွေ၊ စိတ်ဖိစီးမှု သက်သာစေတဲ့ ဟော်မုန်းတွေ ထွက်လာတာကြောင့် အိပ်ပျော်စားဝင်တာ ဖြစ်မှာပါ။