🔥 ရေပန်းစားသောအကြောင်းအရာ

ကိုယ်ဝ‌န်‌ဆောင်ကာ‌လ (၂၇)အပတ်အတွက် ဘာတွေသိထားရမလဲ

27 ပတ် မြောက်မှာ ကလေးလေး ဘယ်လိုဖွံ့ဖြိုးလာမှာလဲ

27 ပတ် အရွယ်ကလေးလေးက ဂေါ်ဖီပန်းအရွယ်လောက် ရှိပါပြီ။ ကျန်းမာတဲ့ကလေးလေးဆို ၈၆၀ ဂရမ် ၃၆.၅၇ စင်တီမီတာရှိနေပါပြီ။နောက်ဆုံး ၃ လရဲ့ ပထမဆုံးအပတ်ဆိုတော့ မွေးလာမယ့် ကလေးရဲ့ ရုပ်ရည်နဲ့ တူလာပါပြီ။ အဆုတ်၊ အသည်းနဲ့ ကိုယ်ခံအားက ကောင်းကောင်းမဖွံ့ဖြိုးသေးပေမယ့် ဒီချိန်မှာ မွေးလာရင်တော့ ရှင်နိုင်ပါတယ်။ အကြားအာရုံက ဆက်ဖွံ့ဖြိုးနေမှာမို့လို့ မေမေ၊ ဖေဖေတွေရဲ့ အသံကို ကောင်းကောင်းမှတ်မိနေပါပြီ။ နားကိုတော့ ထူထည်းတဲ့ ဖယောင်းလွှာနဲ့ ကာထားတုန်းပါ။ ရေမြွာရည်တွေ မဝင်အောင်လို့ပါ။ ဒီတော့ ကလေးလေးကြားနေတဲ့ အသံတွေက ဗလုံးဗထွေးအသံတွေပါ။


ခန္ဓာကိုယ်နဲ့ အနေအထိုင်အပြောင်းအလဲလေးများ

ကိုယ်ဝန်ရှိချိန်မှာတော့ မေမေတွေရဲ့ ခန္ဓာကိုယ်က ကလေးလေးကို အပြည့်အဝအာဟာရပေးပြီး အကာအကွယ်ပေးထားမှာပါ။ ဒါပေမယ့် မွေးကင်းစလေးကို ဘယ်ကိုဂရုစိုက်ရမလဲဆိုတာကတော့ သင်ယူရဦးမှာပါပဲ။ ဒီတော့ ကလေးမွေးတာနဲ့ ဆိုင်တာတွေသင်ပေးတဲ့ သင်တန်းတွေကို ကိုယ့်အနီးအနားမှာရှိတဲ့ လူမှုရေးစင်တာတွေ၊ ဆေးရုံတွေမှာ သွားတက်နိုင်ပါတယ်။ အဲဒီမှာ ကလေးမွေးရင် အနာသက်သာအောင် ဘယ်လိုလုပ်ရမလဲဆိုတာတွေ သင်ပေးပါတယ်။ မွေးကင်းစလေးတွေနဲ့ပတ်သက်ပြီး ကြုံလာရမယ့် ပြဿနာတွေ၊ နို့တိုက်ရမယ့်နည်းလမ်းတွေ၊ ဖြည့်စွက်အစာ ဘယ်လိုကျွေးရမှာတွေပါ သင်ပေးပါတယ်။ မီးမဖွားခင် ကလေးလေးနဲ့ ပတ်သက်တာမှန်သမျှကို တတ်နိုင်သလောက် သင်ယူလေ့လာထားတာ ကောင်းပါတယ်။ ကိုယ်က အခုမှပထမဆုံးမွေးမှာဆိုရင် ဒီဗဟုသုတတွေက ကိုယ့်ကိုကိုယ် ယုံကြည်မှုပိုရှိစေပါတယ်။


27 ပတ် မြောက်မှာ သိသင့်သိထိုက်တာလေးတွေ

ကိုယ်ဝန်ဆောင်ကာလ အလယ်လောက်ကနေ နောက်ပိုင်းကာလတွေဆို ကလေးလေးက မွေးဖို့အတွက် သင့်တော်တဲ့အနေအထားမှာ ငြိမ်နေပါပြီ။ ဒါပေမယ့်ကလေးလေးရဲ့ ခေါင်းနဲ့ သားအိမ်ရဲ့ အလေးချိန်ကတော့ မေမေတွေရဲ့ ခါးအောက်ပိုင်းက အာရုံကြောမကြီးပေါ်မှာ ငြိမ်ပြီးရှိနေပါတယ်။ ဒီတော့ တင်ပါးနာတာ၊ ယားတာ၊ ကျောကနေ ခြေထောက်အထိကို နာတာတွေ ဖြစ်နိုင်ပါတယ်။ ဒီဝေဒနာတွေ သက်သာအောင် နည်းလမ်းလေးတွေ ပြောပြမယ်နော်။


  • ထိုင်ပါ။ ခြေထောက်တွေကို အနားပေးလိုက်တော့ ခါးတွေ၊ ခြေထောက်တွေနာတာ သက်သာတာပေါ့။ ကိုယ်အတွက် သက်သောင့်သက်သာရှိမယ့် အနေအထားနဲ့ လှဲနေရင်လည်း အဆင်ပြေပါတယ်။
  • နွေးအောင် လုပ်ပါ။ နာတဲ့နေရာကို ရေနွေးအိတ် ကပ်ပေးတာလည်း သက်သာစေပါတယ်။ ရေကြက်သီးနွေးလေးနဲ့ ချိုးတာမျိုးလည်း လုပ်နိုင်ပါတယ်။
  • လေ့ကျင့်ခန်းလုပ်ပါ။ အကြောဆန့်လေ့ကျင့်ခန်းတွေက ဖိအားတွေကို လျော့ကျစေပါတယ်။
  • ရေကူးပါ။ တင်ပါးနာတာအတွက်ဆို ရေကူးတတ်ရင် ရေကူးသင့်ပါတယ်။ ရေကူးတာက အနောက်ဘက်က ကြွက်သားတွေကို ဆန့်ပေးတဲ့အတွက် နာတာသက်သာစေပါတယ်။
ကိုယ်ဝ‌န်‌ဆောင်ကာ‌လ (၂၇)အပတ်အတွက် ဘာတွေသိထားရမလဲကိုယ်ဝ‌န်‌ဆောင်ကာ‌လ (၂၇)အပတ်အတွက် ဘာတွေသိထားရမလဲ
နှစ်သက်သည်
မျှဝေမည်။
သိမ်းဆည်းမယ်။
မှတ်ချက်
93

မှတ်ချက် 0ခု

အဖွဲ့ဝင်အသစ်များအတွက်

အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။
သင်စိတ်ဝင်စားတဲ့ ကျန်းမာရေးအကြောင်းအရာများနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသစ်များကို ရှာဖွေလိုက်ပါ။
ကိုယ်ဝန်ရရှိခြင်း
ပထမ သုံးလပတ်
ဒုတိယ သုံးလပတ်
ဖန်ပြွန်သန္ဓေသား
တတိယ သုံးလပတ်
သားဦးမေမေ
စာအုပ်စင်