ကျောရိုးထုံဆေးဆိုးကျိုးအကြောင်းသိချင်ပါတယ်ဆရာရှင့်
ကျွန်မက ကလေးကို ရိုးရိုးမွေးသင့်လား ခွဲမွေးသင့်လား ဆုံးဖြတ်ချင်လို့ပါဆရာ နေရာဒေသအရ ခေတ်ကာလအရ အားဖြင့် ကျွန်မရှိတဲ့မြို့နယ်လေးမှာရှိတဲ့ဆေးရုံကြီးမှာက အခြေနေအရ မစောင့်ပေးနိုင်တဲ့အခြေနေမှာရှိနေပါတယ် ရိုးရိုးမွေးဖို့အတွက်ပေါဆရာ
အဲ့ဒါနဲ့ တက်လာသမျှမွေးမိခင်တွေကို ခွဲမွေးပေးလိုက်တာက များပါတယ်ရှင့်
ကျွန်မကကျတော့ ဆိုင်ကယ် acc ကြောင့် ခြေထောက်မှာ စတီးချောင်း ထဲ့တာ ထုတ်တာနဲ့ဆိုတော့ ကျောရိုးထုံဆေးက နှစ်ခါထိုးခံဖူးပါပီဆရာ
အဲ့ဒါ ကလေးထပ်ပြီးခွဲမွေးရင် သက်ဦးလဲဖြစ်နေခါကျတော့ နောက်ကလေးအတွက်ပါတွေးရင်းနဲ့ ထုံဆေးများသွားရင် ဘာတွေဖြစ်နိုင်မလဲ သိချင်လို့ပါဆရာရှင့်
စာရှည်သွားတဲ့အတွက်လဲ တောင်းပန်ပါတယ်ရှင့်
ခွဲမွေးမလား၊ ရိုးရိုးမွေးမလားဆိုတာကတော့ ကိုယ်ဝန်ဆောင်နဲ့ ဆရာဝန်နဲ့ ပေါင်းပြီး ဆုံးဖြတ်ရမယ့် ကိစ္စပါ။ မိခင်က ရိုးရိုးမွေးချင်ပေမယ့် တစ်ခါတလေမှာ မိခင်ရဲ့ ကျန်းမာရေး၊ ကလေးရဲ့ ကျန်းမာရေးကြောင့် ခွဲမွေးလိုက်ရတာလည်း ရှိနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဖြစ်ချင်တာနဲ့ ရိုးရိုးမွေးလို့ ရမရဆိုတာကို ဆရာဝန်နဲ့ ပြန်တိုင်ပင်ပါ။